ဝင်းစိန်ဆရာတော်ကြီး ပျံလွန်တော်မှု


ဓါတ်ပုံ - ၀င်းစိန်တောရ (facebook) 
ဧပြီ (၂၆)၊ ရန်ကုန်

ကမ္ဘာ့အကြီးဆုံး လျောင်းတောင်မှု ရုပ်ပွားတော်ကြီးကို တည်ထားခဲ့သော မွန်ပြည်နယ် မုဒုံမြို့နယ် ကျောက်တလုံးကျေးရွာ အုပ်စုရှိဝင်းစိန်တောရကျောင်း၏ ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တကေသရ ဆရာတော်သည် သက်တော် ၉၄ နှစ်တွင် ဧပြီလ (၂၆)ရက်နေ့ မွန်းလွဲ (၁)နာရီအချိန်ခန့်က
အာရှတော်ဝင် ဆေးရုံတွင်ပျံလွန်တော်မှုခဲ့ကြောင်း ဆရာတော်၏ တပည့်များက Oriental news သို့ပြောသည်။

ပျံလွန်တော်မှုသွားသော ဆရာတော်၏ ရုပ်ကလပ်အား ဧပြီ (၂၆)ရက်နေ့ ညနေ ၄ နာရီခန့်အချိန်တွင် အာရှတော်ဝင်ဆေးရုံမှ မွန်ပြည်နယ်ရှိ ကျောင်းဆောင်သို့ကားဖြင့် ပြန်လည်ပင့်ဆောင်လာပြီ ဖြစ်ကြောင်း၎င်း တို့ကပြောသည်။

ဝင်းစိန်ဆရာတော်ကြီးသည် အတောင် ၄၀၀ ခန့်ရှိသည့် လျောင်းတော်မှု ရုပ်ပွားတော်ကြီးကို တည်ထားခဲ့ကာ ထင်ရှားကျော်ကြားသော ဆရာတော်တစ်ပါးဖြစ်ပြီး ထိုင်းနိုင်ငံဘုရင်မှလည်း ဆရာတော်အား လှူဖွယ်များဖြင့် ပူဇော်လေ့ရှိကြောင်း၊ ယခုကဲ့သို့ ဆရာတော် ပျံလွန်တော်မှုသွားခြင်းကြောင့် ၎င်း၏ တပည့်တကာ တကာမများအနေဖြင့် အလွန်ဝမ်းနည်းနေကြောင်း ၎င်းတို့က ဆက်၍ ပြောကြားသည်။

မှူးအိမ်ဇော် ( Oriental News)
https://www.facebook.com/orientalnewsmyanmar
ဝင်းစိန်ဆရာတော်ကြီး ပျံလွန်တော်မှု   ၀င်းစိန်ဆရာတော်ကြီး ပျံလွန်တော်မှု Reviewed by သစ်ထူးလွင် on 20:05 Rating: 5
Powered by Blogger.