အမျိုးသမီးတစ်ယောက်က ဗုံးဖောက်ဖို့ ကြိုးစားခဲ့တာကို နှိမ်နင်းဖို့ ရဲတွေ အသင့်အနေအထား ယူကြစဉ် (Credit: AFP) |
အဲဒီ အမျိုးသမီးဟာ ဗုံးတွေနဲ့ သေနတ် တစ်လက်ကို ကိုင်ဆောင်ထားတုန်း ပစ်သတ်ခံရတာဖြစ်ပြီး သူနဲ့အတူ အကြမ်းဖက်မှု လုပ်ဖို့ ကြိုးစားခဲ့တဲ့ အမျိုးသား တစ်ယောက်ကတော့ ထွက်ပြေးခဲ့တယ်လို့ ဆိုပါတယ်။
မကြာသေးခင်တုန်းကပဲ ရှေ့နေတစ်ဦး ပြန်ပေးခံရမှုအတွင်း ပစ်သတ်ခံရပြီးတဲ့နောက် အခုလို အကြမ်းဖက်မှုလုပ်ဖို့ ကြိုးစားမှုတွေ ထပ်မံ ထွက်ပေါ်လာတာပါ။
ရှေ့နေ Selim Kiraz ဟာ နိုင်ငံရေးနဲ့ ဆက်နွယ်ပြီး သေဆုံးခဲ့ရတဲ့ ဆယ်ကျော်သက်အရွယ် ဆန္ဒပြသူ တစ်ဦးရဲ့ အမှုကို လိုက်စုံစမ်းတုန်း ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။
အဲဒီရှေ့နေဟာ ပြန်ပေးဆွဲခံရတုန်းမှာပဲ သေနတ်နဲ့ ပစ်သတ်ခံရတာ ဖြစ်ပြီး မနေ့တုန်းကပဲ သဂြိုလ်ခဲ့ကြပါတယ်။
မနေ့တုန်းကပဲ ရဲစခန်းကို ဗုံးဖောက်ခွဲဖို့ ကြိုးစားတဲ့ အမျိုးသမီးကြောင့် ရဲတစ်ယောက် အနည်းငယ် ဒဏ်ရာရရှိသွားတယ်လို့လည်း သိရပါတယ်။
ဒီလို အကြမ်းဖက်မှုတွေ ဖြစ်ပေါ်ပြီးနောက် အစွန်းရောက်သူလို့ ယူဆရသူ ကျောင်းသား ၂၂ ယောက်ကို တူရကီက ထိန်းသိမ်းလိုက်ပြီ ဖြစ်ပါတယ်။
အဲဒီ ကျောင်းသားတွေဟာ ဘယ်ဘက်ယိမ်းတဲ့ မားစ်ဝါဒီ ပါတီအဖွဲ့နဲ့ အဆက်အသွယ်ရှိသူတွေ ဖြစ်တယ်လို့ သိရပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
ရဲဌာနချုပ်မှာ ဗုံးခွဲဖို့ ကြိုးစားသူကို တူရကီ ပစ်သတ်
Reviewed by သစ်ထူးလွင်
on
09:53
Rating: