မိုင်တိုင်အမှတ်(၁၅/၄-၅)ကြားတွင် ''ဂ''ကွေ့ချိုးကွေ့စဉ် ယာဉ်တိုက်မှုဖြစ်


လမ်းလယ်ကျွန်းလမ်းဖြတ်အား ''ဂ''ကွေ့ချိုးကွေ့စဉ် ယာဉ်တိုက်မှုဖြစ်

နေပြည်တော်၊ ဧပြီ ၉

၂ဝ၁၅ ခုနှစ်၊ ဧပြီလ ၆ ရက်နေ့ နေ့လယ် ၂ နာရီ ၄၅ မိနစ်အချိန် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၁၅/၄-၅)ကြားတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်းသတင်းအရ အမှတ်(၃)လမ်းဆုံအမြန်လမ်းမကြီးရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့် အမြန်လမ်း မီးသတ်တပ်ဖွဲ့မှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။

 စစ်ဆေးချက်အရ နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ (၁၄)ရပ်ကွက်နေ သက်နိုင်(၄၃)နှစ်မောင်းနှင်လာသော 8J/**** လိုက်ထရပ်အဖြူရောင်ယာဉ်မှာ လမ်း၏ယာဘက် ယာဉ်ကြောအတိုင်းမောင်းနှင်လာပြီး လမ်းလယ်ကျွန်းလမ်းဖြတ်အား ''ဂ''ကွေ့ ချိုးကွေ့စဉ် နောက်မှ လမ်း၏ ဝဲဘက်ယာဉ်ကြောအတိုင်း ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်၊ (၄၉)လမ်းနေ ဦးအောင်နိုင်ဌေး (၅၅)နှစ်မောင်းနှင်လာသည့် 3J/**** ကရောင်းအနက်ရောင်ယာဉ်၏ခေါင်းပိုင်းယာဘက်ခြမ်းအား ဝင်ရောက်တိုက်မိခဲ့ကြောင်း သိရှိရသည်။

ထိုသို့တိုက်မိမှုကြောင့် 3J/**** ကရောင်းယာဉ်ပေါ်တွင် လိုက်ပါလာသူ(၄)ဦးအနက် ပုဇွန်တောင်မြို့နယ်၊ (၄၉)လမ်းနေ ဒေါ်မြင့်မြင့်ရီ(၅၁)နှစ်နှင့် မောင်မြတ်ကောင်းပိုင် (၁၅)နှစ်တို့ ၂ ဦးတွင် ဒဏ်ရာများအသီးသီးရရှိခဲ့သဖြင့် လှည်းကူးပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင် ပေးခဲ့ပြီး သက်နိုင်အား အမှတ်(၃)လမ်းဆုံအမြန်လမ်းမကြီးရဲစခန်း ယာဉ်(ပ)၁ဝ/၂ဝ၁၅၊ ပြစ်မှုပုဒ်မ ၃၃ရ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia
မိုင်တိုင်အမှတ်(၁၅/၄-၅)ကြားတွင် ''ဂ''ကွေ့ချိုးကွေ့စဉ် ယာဉ်တိုက်မှုဖြစ်  မိုင်တိုင်အမှတ်(၁၅/၄-၅)ကြားတွင်  ''ဂ''ကွေ့ချိုးကွေ့စဉ် ယာဉ်တိုက်မှုဖြစ် Reviewed by သစ်ထူးလွင် on 19:23 Rating: 5
Powered by Blogger.