ပုံစာ - ထောင်ဒဏ် ၂ နှစ်ချမှတ်ခံရသည့် အီရတ်နိုင်ငံသား Mr Amer Qasinyahy (၄၁) နှစ် ။ ဓာတ်ပုံ - မြ၀တီမြို့ မရဲစခန်း။ |
ကရင်ပြည်နယ် မြ၀တီမြို့ ကို အထောက်အား မပါဘဲ ၀င်ရောက်လာတဲ့ အီရတ်နိုင်ငံသား Mr Amer Qasinyahy (၄၁) နှစ်ကို မြန်မာနိုင်ငံ အတွင်း တရားမ၀င် ၀င်ရောက်လာတဲ့ အတွက် မြ၀တီမြို့နယ်တရားရုံးကနေ ဒီနေ့မှာဘဲ ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မြ၀တီမြို့ထဲကို ၀င်ရောက်လာပြီး တည်းခိုခန်းတခုမှာ တည်းခိုနေစဉ် ဖမ်းဆီးခံရတာဖြစ်တယ်လို့သိရပါတယ်။
ဒီနေ့မှာ အီရတ်နိုငံသားကို ထောင်ဒဏ် ၂ နှစ်ချမှတ်လိုက်တာ မှန်ကန်တဲ့ အကြောင်း ဒီနေ့တရားခွင်ကို တက်ရောက်ခဲ့တဲ့ အရာရှိတဦးက ကရင်အမျိုးသား (မီဒီယာ) ကို အတည်ပြု ပြောဆိုပါတယ်။
မြ၀တီမြို့မှာ အရင်နှစ်တွေကလည်း အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန် နိုင်ငံကလူတွေ အထောက်အထားမဲ့ ခိုးဝင်လာတာကို ဖမ်းဆီးပြီးတော့ မြ၀တီမြို့ နယ် တရားရုံးကနေ ထောင်ဒဏ်ချမှတ်ခဲ့တာတွေ ရှိခဲ့ပါတယ်။
သတင်း - ကရင်အမျိုးသား - (မီဒီယာ)
ပုံစာ - ထောင်ဒဏ် ၂ နှစ်ချမှတ်ခံရသည့် အီရတ်နိုင်ငံသား Mr Amer Qasinyahy (၄၁) နှစ် ။ ဓာတ်ပုံ - မြ၀တီမြို့ မရဲစခန်း။
https://www.facebook.com
မြ၀တီမြို့သို့ အထောက်အထားမဲ့ ၀င်ရောက်လာသည့် အီရတ်နိုင်ငံသား ထောင်ဒဏ် ၂ နှစ်ချမှတ်ခံရ
Reviewed by သစ်ထူးလွင်
on
05:56
Rating: