သင်္ကြန်နီးတိုင်း ထကြွလာသည်


သင်္ကြန်နီးတိုင်း ထကြွလာသည့် စာနာမှုမဲ့ စိတ်ရိုင်းများနှင့်ပတ်သက် ၍သင်္ကြန်ကာလရက်ရှည်ရုံးပိတ် ရက်နီးလေပြီ။ ရန်ကုန်မှ ဇာတိနယ် မြေများသို့ ပြန်ကြမည့်သူများ အဝေးပြေးမော်တော်ယာဉ်လက်မှတ် ဝယ်ယူသည့်အခါ နှစ်စဉ်ကြုံတွေ့ နေရသည့်စိတ်ဒုက္ခများ၊ အခက် အခဲများ ယခုနှစ်လည်းကြားလာရ ပြန်သည်။ စာရေးသူလည်းကိုယ် တိုင်မကြုံတွေ့ရသည့်တိုင် မိသား စုဝင်တစ်ဦး၏ အတွေ့အကြုံကို ကိုယ်ကြုံတွေ့ရသကဲ့သို့ ခံစား လိုက်ရသည်။ အခြေအနေပေါ်စဉ်း စားနိုင်ရန်ဖြစ်ရပ်ကို အကျဉ်းအား ဖြင့်သိစေချင်သည်။

သွားမည့်ခရီး-မင်းဘူး လက် မှတ် ဝယ်သည့်ရက်၊ အချိန်-မတ် ၁၅ရက် မွန်းလွဲ ၂နာရီဝန်းကျင်၊ ခရီးသွားမည့်ရက်-ဧပြီ ၁ဝ ရက် လက်မှတ်ဝယ်သည့်ရက်နှင့် ခရီး သွားမည့်ရက်ကွာချိန်၂၅ရက်၊ မော်တော်ယာဉ်ဂိတ်အမည်- အောင်မင်္ဂလာအဝေးပြေးကားဝင်း၊ လက်မှတ်ပေါ်တွင် ရေးပေးသည့် တန်ဖိုးကျပ် ၉ဝဝဝ၊ လက်မှတ် ရောင်းသူကို အမှန်ပေးရသော ငွေမှာကျပ်၁၅ဝဝဝ၊ လက်မှတ် ရောင်းသူ(အမျိုးသမီး)ပြောစကား -''လက်မှတ်မှာ ၉ဝဝဝ ပဲရေးမှာ ၁၅ဝဝဝ ပေးရမယ်။ ကြိုက်မှ ယူ ပါ''လက်မှတ်ဝယ်သူ ပြောစကား ''ကြားခုံရောတင်ဦးမှာလား'' လက်မှတ်ရောင်းသူပြန်ဖြေစကား ''ပြောလို့မသေးဘူး။ တင်ဖို့တော့ အစီအစဉ်ရှိတယ်''
ဇနီးဖြစ်သူကသင်္ကြန်ပိတ်ရက် အတွင်း မွေးရပ်ဇာတိမင်းဘူးကို ပြန်မည့် ဆွေနီးမျိုးစပ်တစ်ဦးအ တွက် လက်မှတ်သွားဝယ်ပေးချိန် တွင်ကြုံခဲ့ရခြင်းဖြစ်သည်။ သင်္ကြန် ချိန်နီးကပ်လေ ဝယ်ရခက်ခဲလေ ဖြစ်ခဲ့သည့် ယမန်နှစ်များအတွေ့ အကြုံများအရ စောစောစီးစီးသွား ရောက်ဝယ်ယူခဲ့ရာတွင် ဤသို့ကြုံ ခဲ့ရခြင်းဖြစ်သည်။

နှစ်စဉ်နှစ်တိုင်း သည်အချိန် ရောက်လျှင်ကြုံတွေ့နေကျ အဖြစ် အပျက်တစ်ခုဖြစ်သဖြင့် မထူးဆန်း သော်လည်းဖြစ်ပျက်နေသည့်အခြေ အနေကို တာဝန်ရှိသူတစ်စုံတစ် ယောက်၊ အဖွဲ့တစ်ဖွဲ့သို့ ပြောပြ၍ ရင်ဖွင့်ချင်သည့်စိတ်ဖြစ်လာမိသည်။ ထိုအခြေအနေနှင့်တိုက်ဆိုင်စွာ မတ်လ တတိယပတ်လောက်မှစ၍ ဂျာနယ်များ၊သတင်းစာများ၌ အဝေး ပြေးကားလက်မှတ်များ ဈေးနှုန်း ပိုတင်ရောင်းပါက ဖြေရှင်းပေးမည် ဟု သတင်းများကို မကြာခဏ ဖတ်ရခြင်း၊ ရန်ကုန်တိုင်းဒေသကြီး မထသ(ဗဟို)မှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး အဝေးပြေး မော်တော်ယာဉ် ကော်မတီဥက္ကဋ္ဌတို့ ၏ပြောဆိုချက်များကို သတင်းစာ၊ ဂျာနယ်များတွင် ထပ်ခါထပ်ခါ ဖတ်ရှုခဲ့ရခြင်းကြောင့် ၄င်းတို့ထံ အားကိုးတကြီး ပြောပြချင်စိတ်ဖြစ် သွားခဲ့သည်။ ၂၇-၃-၂ဝ၁၅ရက် နေ့လယ်တွင် မိတ်ဆွေတစ်ဦးထံမှ ဖုန်းနံပါတ်ရလာ၍ ရန်ကုန်တိုင်း မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်း သိမ်းရေးကော်မတီ(ဗဟို)မှ ဦးလှ အောင်(ဝ၉-၇၃၂ဝဝ၄၄၄)ဆိုသူကို ဆက်သွယ်ပြောဆိုရာ ၄င်းက အဝေးပြေးလိုင်းနှင့် သက်ဆိုင်သည့် ဦးညွန့်ဝေ(ဝ၉-၅ဝ၁၇၃၇၆)ဆိုသူ ကို ဆက်သွယ်ရန် လမ်းညွှန်ပေး သည်။ စာရေးသူက ဦးညွန့်ဝေ ဆိုသူကို ဖုန်းဆက်သွယ်ရာအဝေး ခရီးကိုကားမောင်းသွားနေကြောင်း ပြောသည်ကိုသာ ကြားလိုက်ရပြီး ဖုန်းအဆက်အသွယ် ပြတ်သွား သည်။ စာရေးသူစိတ်လျော့လိုက် သည်။ ဖုန်းနံပါတ်ပေးခဲ့သည့် ဦးလှအောင်ကို ထိုအခြေအနေနှင့် ပတ်သက်၍ပြောပြရန် ပြန်လည် ဆက်သွယ်သောအခါ ဦးလှအောင် ကစိတ်ရှည်လက်ရှည် ပြန်လည် ပြောပြီး အနီးကပ်တာဝန်ယူဖြေ ရှင်းပေးနိုင်မည့်သူ ဦးမျိုးဝင်း (ဝ၉-၅ဝ၆၅၃၈၆)ဆိုသူ၏ ဖုန်း နံပါတ်ကို ထပ်မံပေးသည်။ ဦးမျိုး ဝင်းဆိုသူကို ထိုည ၇နာရီကျော် လောက်မှ ဆက်သွယ်ခဲ့ပြီးအခြေ အနေကို အသေးစိတ်ပြောပြဖြစ်ခဲ့ သည်။ စာရေးသူအနေဖြင့် မိမိတို့ ပိုပေးလိုက်ရသည့်ငွေ ပြန်အမ်းပေး စေလို၍ မဟုတ်ဘဲ မိမိတို့အပါ အဝင် နယ်ပြန်ခရီးသည်များစွာ နှစ်တိုင်းခံစားနေရသည့်စာနာစိတ်မဲ့ အေးဓားပြတိုက်နေသည့်အခြေအနေ များကို ဖြေရှင်းပေးနိုင်မည့်အဖွဲ့သို့ တာဝန်သိပြည်သူတစ်ဦးအနေဖြင့် အသိပေးခြင်းသာဖြစ်ကြောင်း ပြောကြားခဲ့သည်။

၃-၄-၂ဝ၁၅ရက် နံနက် အိပ်ရာ နိုးနိုးချင်းကြည့်မိသော မြန်မာ့ ရုပ်မြင်သံကြားသတင်းတွင် နေပြည် တော်အခြေစိုက် အဝေးပြေးကား လက်မှတ်များ ဈေးနှုန်းတိုးမြှင့် မရောင်းချနိုင်အောင် ကြီးကြပ် ဆောင်ရွက်နေကြောင်း၊အခြားဒေသ များ၊ နေပြည်တော်သို့ ဝင်ရောက် လာသည့် မော်တော်ယာဉ်များကို စနစ်တကျစစ်ဆေးကွပ်ကဲသွားမည် ဖြစ်ကြောင်း၊ စိစစ်ရေးအဖွဲ့များဖွဲ့၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မော်တော်ယာဉ်လိုင်းများနှင့် အင် တာဗျူးတွင်လည်း ဂျေဂျေအိပ်စပက် လိုင်းမှ တာဝန်ရှိသူတစ်ဦးပြော ကြားရာတွင် လက်မှတ်ဈေးတင် ပြီးရောင်းခြင်းသည် ခရီးသွား ပြည်သူများအတွက်လည်းမကောင်း၊ မော်တော် ယာဉ်လိုင်း(ဂိတ်)လည်း သိက္ခာကျ၊ တာဝန်ရှိအဖွဲ့အစည်း အတွက်လည်း တာဝန်မကျေရာကျ ကြောင်း၊ မကောင်းကြောင်း ပြန် လည်ဖြေသည့် စကားကိုကြား လိုက်ရသည်။

ရန်ကုန် အောင်မင်္ဂလာအဝေး ပြေးကားဝင်းအတွင်းတွင်မူ မတ် လလယ်လောက်မှ ယခုအချိန် အထိ သင်္ကြန်ပိတ်ရက်နယ်ပြန်ခရီး သည်တို့၏ လက်မှတ်ဝယ်ယူရေး အခက်အခဲ၊ စိတ်သောကသံများကို အရပ်ထဲ၊ သတင်းစာ၊ ဂျာနယ်များ မှလည်းကောင်း ယခင်နှစ်များ အတိုင်းကြားနေရဆဲ။ သင်္ကြန် ကာလ ရန်ကုန်မှ ဇာတိမြေပြန်သူ အများစုမှာ တစ်နှစ်ပတ်လုံး ရန်ကုန်မြို့၌ ကိုယ်တိုင်စားဝတ်နေ ရေးနှင့် ဇာတိဒေသမှ မိသားစုများ အတွက် ဝင်ငွေရုန်းကန်ရှာဖွေကြ သူများဖြစ်ပြီး သင်္ကြန်ပိတ်ရက် တစ်ပတ်ဆယ်ရက်ခန့်တွင် စိတ်ရော၊ လူပါ အပန်းဖြေရင်း မိသားစုများ ကို တွေ့ချင်စိတ်ဖြင့်ပြန်ကြခြင်းဖြစ် သည်။ စာနာမှုများရှိစေချင်သည်။ ထိုအခြေအနေများကို စဉ်းစားမိ ရင်း မော်တော်ယာဉ်ဂိတ်များ၏ ခရီးသည်များအပေါ်သဘောထား၊ တာဝန်ရှိအဖွဲ့အစည်းများအပေါ် သဘောထား၊ တာဝန်ရှိအဖွဲ့များက ပြည်သူများ၏ အခက်အခဲကို ရှုမြင် ပုံနှင့်ဖြေရှင်းပုံစသဖြင့် အခြေအနေ အမျိုးမျိုးအပေါ်အတွေးများစွာ ဖြစ်ပေါ်လာခဲ့သည်။ ပြည်သူဗဟိုပြု အုပ်ချုပ်ရေးစနစ်ကို ဦးတည်လျက် ပြည်သူ့များ၏ အခက်အခဲများကို လေ့လာ၍ ဖြည့်ဆည်းပေးနေသော ယခုကဲ့သို့အချိန်အခါမျိုးတွင် ပြည်သူ များ မည်သူတို့ကြောင့်၊ မည်သို့ အခက်အခဲဖြစ်နေသည်၊ မည်သည် တို့က မည်သို့မည်ပုံဖြေရှင်းပေးနေ သည်ကိုလည်း သက်ဆိုင်ရာနယ် မြေဒေသအကြီးအကဲများနှင့် တာဝန် ရှိသူအကြီးအကဲများကို အများပြည် သူတို့ ကိုယ်စားပြောပြလိုသည့် ဆန္ဒ များဖြစ်လာကာ ဤဆောင်းပါးကို ရေးမိခြင်းဖြစ်သည်။ စာရေးသူ ဆက်သွယ်မိသော တာဝန်ရှိသူ များသည်လည်း နည်းလမ်းအမျိုး မျိုးဖြင့် ဖြေရှင်းနေကြလိမ့်မည်ဟု ယုံကြသည်။ဖြေရှင်းရင်းနည်းလမ်း ကောင်းများ ရရှိပါစေဟုလည်း ဆုတောင်းမိသည်။ ပြဿနာ ပြေလည်စေလိုသောစိတ် စေတနာ ဖြင့် စဉ်းစားမိသော စာရေးသူ၏ အကြံပြုချက်အချို့မှာ အောက်ပါ အတိုင်းဖြစ်သည်။

မော်တော်ယာဉ်လိုင်းများနှင့် ညှိနှိုင်း ခြင်း
တာဝန်ရှိသည့်အဖွဲ့သည် အောင် မင်္ဂလာအဝေးပြေးကားဝင်းကို အခြေပြုသည့် ဂိတ်ဖြစ်စေ၊ နယ် ဒေသများမှ ဆိုက်ရောက်သည့် ဂိတ်ဖြစ်စေ ထိုမော်တော်ယာဉ် ဂိတ်များမှ တာဝန်ရှိသူများကို အစည်းအဝေးခေါ်ယူ၍ ညှိနှိုင်း ဆောင်ရွက်ခြင်း၊ အစီအစဉ်များ၊ စည်းကမ်းများ၊ အရေးယူမှုများ၊ ဆောင်ရွက်မှုများနှင့်ပတ်သက်၍ အသိပေးခြင်း၊ ဖြန့်ဝေခြင်း၊ သိရှိ ကြောင်း လက်မှတ်ရေးထိုးစေ ခြင်းတို့ကို ပြုလုပ်ထားသင့်သည်။

အများပြည်သူကို သတင်းပေးခြင်း
အောင်မင်္ဂလာအဝေးပြေးကား ဝန်းကွင်း၏ လူမြင်ကွင်းနေရာများ တွင် ကြော်ငြာဘုတ်ကြီးဖြင့်လည်း ကောင်း၊ မီဒီယာဂျာနယ်၊သတင်း စာများတွင် သတင်းသဘော မဟုတ်ဘဲ ကြေညာချက်အနေဖြင့် ခရီးသည်များအနေဖြင့် သင်္ကြန်ပြန် ကားလက်မှတ်များကို ပွဲစားများ တွင် ဝယ်ယူခြင်းမပြုဘဲ ပင်ရင်း ဂိတ်တွင် ခရီးသည်၏မှတ်ပုံတင် ပြ၍ ဝယ်ယူရေးအကြံပြုရန်နှင့် လက်မှတ်ဈေးနှုန်းပိုပေးရပါက တိုင်ကြားနိုင်သည့် အဖွဲ့၊ လိပ်စာ၊ တာဝန်ရှိသူများ၊ ဖုန်းနံပါတ်များ ကို ထည့်သွင်းရေးသားကြေညာ ထားသင့်သည်။

ပံ့ပိုးမှုအကူအညီရယူခြင်း
တိုင်ကြားမှုဖြေရှင်းရာတွင် လိုအပ်ပါက အထောက်အကူများ ရရှိရေးအတွက် သက်ဆိုင်ရာနယ် မြေ၊ ဒေသဆိုင်ရာအာဏာပိုင်များ၊ ဆက်စပ်အဖွဲ့အစည်းများနှင့် ကြို တင်ချိတ်ဆက်မှုများ စီစဉ်ထား သင့်သည်။
တာဝန်ယူဖြေရှင်းပေးသည့်အဖွဲ့ လုပ်ဆောင်သင့်သည့်အချက်များ လိုက်ပါစီးနင်းမည့် ခရီးသည် မှတ်ပုံတင်ပြနိုင်မှ (သို့မဟုတ်) မှတ်ပုံတင်နံပါတ်ပြောနိုင်မှသာ လက်မှတ်ရောင်းရန်နှင့် မှတ်ပုံတင် နံပါတ်ကို လက်မှတ်ရောင်းမှတ် တမ်း သို့မဟုတှ်နအေငညါ စူညေ တွင်တစ်ပြိုင်နက်မဖြစ်မနေရေးမှတ် ရန်အတွက် ဂိတ်များသို့ ညွှန်ကြား ထားခြင်း။ အကယ်၍ ခရီးသည် အပြောင်းအလဲဖြစ်ပါက မူလဝယ် ယူသည့်ခရီးသည်က ဂိတ်သို့ အကြောင်းကြားပေး၍ စီးနင်းမည့် ခရီးသည်၏ မှတ်ပုံတင်နံပါတ် ပြန်လည်ပေးရန်အတွက် ခရီးသည် များကို ကြိုတင်ပြောထားရန် ဂိတ် များသို့ ညွှန်ကြားထားခြင်း၊ တိုင် ကြားလာသူ၏စိတ်ဆန္ဒပေါ်မူတည် ၍ ကူညီပေးခြင်း။(ပိုငွေလိုချင်ပါက ပြန်အမ်းပေးနိုင်ရန်စီစဉ်ပေးခြင်း၊ ငွေမလိုချင်ဘဲ အရေးယူပေးရန်သာ သို့မဟုတ် အသိပေးတိုင်ကြားရုံ သာဖြစ်ပါက အရေးယူမှုအစီ အစဉ်ကို ရှင်းလင်းပြောပြခြင်း)
တိုင်ကြားခံရသည့် ဂိတ်ကို ခေါ်ယူအသိပေးခြင်း၊ မှတ်တမ်း တင်ထားခြင်း၊ ညှိနှိုင်းဖြေရှင်းပေး ခြင်း၊ တိုင်ကြားသူ စိတ်အနှောင့် အယှက်နှင့်ဘေးအန္တရာယ်မဖြစ်စေ ရေး ဂိတ်ကို တာဝန်ယူစေခြင်း၊
တိုင်ကြားမှုတွင်ဈေးနှုန်းလက်မှတ် ကို ဂိတ်မှဝယ်ယူခဲ့ခြင်းလော၊ပွဲစား ထံမှ ဝယ်ယူခဲ့ခြင်းလောဆိုသည် များနှင့်ပတ်သက်၍ ခရီးသည်နှင့် လက်မှတ်ကောင်တာအကြား မရှင်း မလင်းဖြစ်သည့်အခါ လက်မှတ် ရောင်းမှတ်တမ်း သို့မဟုတ် Seating plan စာရွက်တွင် မှတ်ထား သည့် မှတ်ပုံတင်နှင့် တိုက်ဆိုင် စစ်ဆေး၍ ဖြေရှင်းပေးခြင်း။

မှတ်တမ်းများထားရှိခြင်း
တိုင်ကြားမှုများကို ပြုစုမှတ် တမ်းပြုထားရှိခြင်း၊(တိုင်ကြားသူ၊ တိုင်ကြားခံရသည့်ဂိတ်၊ ဖြေရှင်း ပုံ၊ တိုင်ကြားသူကိုစိတ်အနှောင့် အယှက်နှင့် ဘေးအန္တရာယ်ပေး ခြင်းမပြုရန် ဝန်ခံကတိစသဖြင့်)
မော်တော်ယဉ်ဂိတ်အသီးသီး၏ သင်္ကြန်ပြန်လက်မှတ်စတင်ရောင်း ချမည့်အချိန်နှင့် နောက်ဆုံးရက်၊ အရောင်းပိတ်ချိန်၊ မော်တော်ယာဉ် စီးရေ သတင်းအချက်အလက် များ၊ ဖြစ်နိုင်လျှင် နေ့စဉ်လက်မှတ် ရောင်းချသည့် အခြေအနေ။ အနီး ကပ် ထပ်တိုးမော်တော်ယဉ်ရှိပါ က ထပ်တိုးသည့် အစီးရေ။

မှတ်တမ်းများကိုစိစစ်သုံးသပ်ခြင်း နှင့် အရေးယူဆောင်ရွက်ခြင်း
သင်္ကြန်ကာလအလွန်တွင် တိုင်ကြားမှုမှတ်တမ်းများအပေါ် စိစစ်သုံးသပ်မှုများပြုလုပ်၍ ရရှိ လာသော အခြေအနေများကို ဆက်စပ်မှုရှိသော အဖွဲ့များ၊ ဌာန များ၊ မော်တော်ယာဉ်ဂိတ်များသို့ ဖိတ်ကြား၊ အသိပေးမှုပြုလုပ်သင့် သည်။

တိုင်ကြားခံရမှုအရေအတွက်၊ ဖြေရှင်းမှုအခြေအနေများပေါ်မူတည် ၍ ဒဏ်ကြေးအနည်းအများမှစ၍ ကြီးမားသောပြစ်ဒဏ်ပေး၊ အရေး ယူမှုများကို သက်ဆိုင်ရာဌာနများ၊ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များနှင့် တင်ပြ၍အရေးယူမှုပြုသင့်သည်။

အရေးယူဆောင်ရွက်ပြီးပါက အရေးယူမှုအခြေအနေကို အဝေး ပြေးဝင်းအတွင်းမြင်သာသောနေရာ တွင်ကြေညာခြင်း၊ မီဒီယာများမှ တစ်ဆင့်ကြေညာခြင်းတို့ပြုလုပ် ပေးသင့်သည်။

(စာကြွင်း။ဆောင်းပါးထဲတွင် စာရေးသူဆက်သွယ်မိသည့် တာဝန် ရှိသူအချို့ကို ၄င်းတို့၏အမည်နှင့် ဖုန်းနံပါတ်ကိုပါ ယှဉ်တွဲရေးသား ဖော်ပြရခြင်းမှာ အခက်အခဲကြုံ တွေ့ရသော ခရီးသည်များအတွက် တိုင်ကြားလိုသည့်အခါ အထောက် အကူ ဖြစ်စေရန်ရည်ရွယ်လျက် ဖော်ပြခြင်းဖြစ်ကြောင်းနှင့် ဤ ဆောင်းပါးသည် ဈေးနှုန်းမှန်ကန် စွာရောင်းချသည့် သိက္ခာရှိသည့် မော်တော်ယာဉ်လိုင်းများကို မရည် ရွယ်ပါကြောင်း)

ပြည့်ဝန်ထမ်းမှတ်တမ်းရှင်
The Union Daily
http://uniondaily.net
သင်္ကြန်နီးတိုင်း ထကြွလာသည်  သင်္ကြန်နီးတိုင်း ထကြွလာသည် Reviewed by သစ်ထူးလွင် on 17:32 Rating: 5
Powered by Blogger.