လစ်ဗျားမဟာမိတ်တပ်များ စစ်သွေးကြွများအား လေကြောင်းမှတိုက်ခိုက်ချေမှုန်း


 ထရီပိုလီ ဧပြီ ၂၅

 လစ်ဗျား အရုဏ်ဦး (ဖာအာ လစ်ဗျား) မဟာမိတ်တပ်များက ဆာတေးမြို့မြောက်ပိုင်း အိုင်အက်စ်၊ အိုင်အယ်လ်တက်ဖရီ စစ်သွေးကြွအုပ်စု၏ စခန်းများကို လေကြောင်း မှ တိုက်ခိုက်ခဲ့သည်။

ဖာအာလစ်ဗျား လေယာဉ်တစ်စင်း သည် ကြာသပတေးနေ့ ညနေပိုင်း က အိုင်အက်စ်၊ အိုင်အယ်လ်လစ်ဗျား အဖွဲ့ခွဲဝင်များနေထိုင်ရာ နေရာ များကို လေကြောင်းမှ တိုက်ခိုက် ခဲ့ကြောင်း ဒေသဆိုင်ရာ ပြောရေး ဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ တိုက်ခိုက်မှုသည် မြို့တော် ထရီပိုလီအရှေ့ဘက် မိုင် ၂၈ဝ အကွာဆာတေးမြို့ရှိ အိုင် အက်စ်၊ အိုင်အယ်လ် အခြေစိုက် စခန်းအပါအဝင် နေရာအချို့ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း ၎င်းက ထပ်လောင်းပြော ကြားသည်။

တစ်ဆက်တည်းမှာပင် အဆိုပါ စစ်သွေးကြွ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ဗုဒ္ဓဟူးနေ့မှစတင်ကာ နှစ်ဖက်စလုံး တိုက်ပွဲကြီးဖြစ်ပွားခဲ့ ကြောင်း ကြေညာလိုက်သည်။

လစ်ဗျားနိုင်ငံအတွင်း တက်ဖရီ စစ်သွေးကြွများ ရှိနေခြင်းကြောင့် အခြေအနေ ပို၍ရှုပ်ထွေးလာ လျက်ရှိသည်ဟုဆိုသည်။

 တက်ဖရီ စစ်သွေးကြွများသည် ဖေဖော်ဝါရီလ အတွင်းက ဆာတေးမြို့ကိုတိုက်ခိုက် သိမ်းပိုက် ထိန်းချုပ်ထားသည်။

 မီဆရာတာမြို့ မြောက်ပိုင်းတွင် အခြေစိုက်သည့် လစ်ဗျားအရုဏ်ဦး တပ်များက ၂ဝ၁၄ ခုနှစ်သြဂုတ်မှ စတင်ကာ ထရီပိုလီမြို့ကို သိမ်းပိုက် ခဲ့သည်။

လစ်ဗျားနိုင်ငံသည် ၂ဝ၁၁ ခုနှစ် က ကဒါဖီကို ဖြုတ်ချပြီးကတည်းက မငြိမ်မသက်မှုများ ဖြစ်ပွားလျက် ရှိသည်။

(ပရက်စ်တီဗွီ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
လစ်ဗျားမဟာမိတ်တပ်များ စစ်သွေးကြွများအား လေကြောင်းမှတိုက်ခိုက်ချေမှုန်း  လစ်ဗျားမဟာမိတ်တပ်များ စစ်သွေးကြွများအား လေကြောင်းမှတိုက်ခိုက်ချေမှုန်း Reviewed by သစ်ထူးလွင် on 04:18 Rating: 5
Powered by Blogger.