တဲအိမ်တွင်နေထိုင်သည့် မိသားစုဝင်(၄)ဦး ကားတိုက်ခံရ ၁ ဦးသေ၊ ၃ ဦး ဒဏ်ရာရ


အရှိန်မထိန်းနိုင်သောယာဉ်မှ လမ်းဘေးရှိနေအိမ်အားဝင်ရောက်တိုက်မိ၍ နေအိမ်အတွင်းရှိနေသူများ သေဆုံး/ဒဏ်ရာရ

နေပြည်တော်၊ ဧပြီ ၇

၂ဝ၁၅ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့ ည ၁၁ နာရီ ၅ဝ မိနစ်အချိန် ရခိုင်ပြည်နယ်၊ တောင်ကုတ် မြို့နယ်၊ ပတ်လည်ကျေးရွာ၊ ပန်းတောင်း -တောင်ကုတ်ကားလမ်း၊ မိုင်တိုင်အမှတ်(၇၇/၃)တွင် ယာဉ် တစ်စီးမှ တဲအိမ်အား ဝင်ရောက်တိုက်မိကြောင်း သတင်းအရ တောင်ကုတ်မြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။

 စစ်ဆေးချက်အရ တောင်ကုတ်မြို့မှ ပန်းတောင်း ဘက်သို့ ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်နေ သက်ဦးမောင်(၃၄)နှစ် မောင်းနှင်လာသော ၁ခ/**** ယူဒီ(၆)ဘီးယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက်ဘေးရှိတဲအိမ်အား ဝင်ရောက် တိုက်မိခဲ့ကြောင်း သိရှိရသည်။

 ထိုသို့တိုက်မိမှုကြောင့် တဲအိမ်တွင်နေထိုင်သည့် မိသားစုဝင်(၄)ဦးအနက် ဒေါ်ရီရီသန့်(၃၇)နှစ်တွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး ၎င်း၏ခင်ပွန်း ဦးချာလေး(၄၄)နှစ်၊ သမီးဖြစ်သူ မသန္တာလှိုင်(၅)နှစ်နှင့် သားဖြစ်သူ မောင်စိုးထက်အောင်(၁)နှစ်(၆)လ တို့တွင် ဒဏ်ရာများအသီးသီးရရှိခဲ့သဖြင့် တောင်ကုတ်မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ပြီး သက်ဦးမောင်အား တောင်ကုတ်မြို့မရဲစခန်း ယာဉ်(ပ)၁၄/၂ဝ၁၅၊ ပြစ်မှုပုဒ်မ ၃ဝ၄-က/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia
တဲအိမ်တွင်နေထိုင်သည့် မိသားစုဝင်(၄)ဦး ကားတိုက်ခံရ ၁ ဦးသေ၊ ၃ ဦး ဒဏ်ရာရ  တဲအိမ်တွင်နေထိုင်သည့် မိသားစုဝင်(၄)ဦး ကားတိုက်ခံရ ၁ ဦးသေ၊ ၃ ဦး ဒဏ်ရာရ Reviewed by သစ်ထူးလွင် on 21:05 Rating: 5
Powered by Blogger.