သင်္ကြန်သံချပ်ထိုးချသူများ |
သင်္ကြန်မှာ ပျော်ဖို့ ပြင်နေတဲ့ မနဒီဇင်က ဒီနှစ်သင်္ကြန်ဟာ ခါတိုင်းနှစ်တွေထက်စာရင် ကုန်ကျမှု များလွန်းတယ်လို့ ဆိုပါတယ်။
ကမ္ဘာအေးဘုရားလမ်းမှာ ပုံမှန် သိန်း ၃၀ဝ ကုန်ကျမယ့် မဏ္ဍပ်က အခု သိန်း ၆၀ဝ လောက် ကုန်ကျကြောင်း၊ စည်ပင်ကို ပေးရတဲ့ သိန်း ၁၀ဝ ကလည်း တက်လာတဲ့ ဈေးနှုန်းဖြစ်ကြောင်း မနဒီဇင်က ပြောပါတယ်။
မဏ္ဍဍပ်တွေမှာ လက်မှတ်ဈေးနှုန်းကလည်း အရင်က ၃၅၀ဝ၀ တန်ဟာ အခု ၅၅၀ဝ၀ လောက် ပေးရတယ်လို့ သူက ဆိုပါတယ်။
ချန်နယ်ဖိုက် ရေကစားမဏ္ဍပ်က စီစဉ်ဆောင်ရွက်သူ ကိုသစ်မင်းဆွေကတော့ ရေလာကစားသူတွေအတွက် ဝန်ဆောင်မှုတွေကိုတော့ ကောင်းကောင်းပေးထားတယ်လို့ ပြောပါတယ်။
ဒီလို ဝန်ဆောင်မှုတွေအပြင် မဏ္ဍဍပ်တွေမှာ အရက်ဆိုင်နဲ့ စားသောက်ဆိုင်တွေနဲ့ တွဲပြီး ဖွင့်ထားတာပါ။
မဏ္ဍဍပ်ပိုင်ရှင်တွေကတော့ ရေကစားတဲ့လူငယ်တွေအကြား မူးယစ် သောက်စား ရမ်းကားတာမျိုးတွေ မရှိဖို့ အထူးဂရုပြု ဆောင်ရွက်ပေးမှာ ဖြစ်တယ်လို့ ပြောပါတယ်။
BBC Burmese
http://www.bbc.co.uk/burmese
သင်္ကြန်မဏ္ဍပ်ပါမစ် ကျပ်လို့ လက်မှတ်ဈေးတက်
Reviewed by သစ်ထူးလွင်
on
00:46
Rating: