ကင်ညာ တက္ကသိုလ်ကို အယ်လ်ရှာဘတ်တွေ စီးနင်း

ကျောင်းသား ၅၀ဝ ကျော် ပျောက်ဆုံးနေဆဲ။ 
ကင်ညာနိုင်ငံ အရှေ့ မြောက်ပိုင်း၊ ဂါရစ်ဆာ Garissa မြို့က တက္ကသိုလ်ကျောင်း တစ်ကျောင်းကို အယ်လ်ရှာဘတ် လက်နက်ကိုင်တွေ ဝင်ရောက် တိုက်ခိုက် စီးနင်း ထားရာမှာ အနည်းဆုံး လူ ၁၅ ဦး သေဆုံးခဲ့ပြီး ကျောင်းသားတွေကို ဓားစာခံ အဖြစ် ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

လုံခြုံရေး တပ်ဖွဲ့တွေနဲ့ အပြန်အလှန် ပစ်ခတ်မှုတွေ ရှိနေပြီး လူ ၆၀ ကျော်လည်း ဒဏ်ရာရခဲ့ပါတယ်။

အစိုးရ ဝန်ကြီးတစ်ယောက်ရဲ့ အဆိုအရ ကျောင်းသား စုစုပေါင်း ၅၀၀ ကျော်ကို ပြန်မတွေ့ရသေးကြောင်း သိရပါတယ်။

အဲဒီ တက္ကသိုလ်မှာ မွတ်ဆလင် မဟုတ်သူတွေ အလွန် များနေတာကြောင့် အခုလို ပစ်မှတ်ထား တိုက်ခိုက်တာ ဖြစ်တယ်လို့ အယ်ခိုင်ဒါနဲ့ ဆက်စပ်တဲ့ အဲဒီ အယ်လ်ရှာဘတ် စစ်သွေးကြွ အဖွဲ့က ပြောပါတယ်။

ဓားစာခံ ကျောင်းသားတွေထဲက မွတ်ဆလင်တွေကို ပြန်လွှတ် ပေးနေပြီး ခရစ်ယာန်တွေကိုတော့ ဆက်လက် ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

အခု တိုက်ခိုက်မှုကို မျက်နှာဖုံးစွပ် လက်နက်ကိုင် ၅ ဦးက ပြုလုပ်ခဲ့တာ ဖြစ်ပြီး တစ်ဦးကိုတော့ ပစ်သတ်နိုင်ခဲ့တယ်လို့ ကင်ညာ ပြည်ထဲရေး ဝန်ကြီးက ပြောပါတယ်။

BBC Burmese
http://www.bbc.co.uk/burmese
ကင်ညာ တက္ကသိုလ်ကို အယ်လ်ရှာဘတ်တွေ စီးနင်း  ကင်ညာ တက္ကသိုလ်ကို အယ်လ်ရှာဘတ်တွေ စီးနင်း Reviewed by သစ်ထူးလွင် on 19:17 Rating: 5
Powered by Blogger.