အင်ဒိုတွင် ကျွန်ပြုခံ ထိုင်းများကို ထိုင်းလေတပ်သွားကယ်

ဓာတ်ပုံ - Air Force
အင်ဒိုနီးရှားမှာ ကျွန်ပြုခိုင်းစေခံရပြီး ထွက်ပြေးလာတဲ့ ထိုင်းငါးဖမ်းသမား ၈၆ ဦးကို ကယ်တင်ဖို့ ထိုင်းနိုင်ငံ လေတပ်က စီ-၁၃၀ သယ်ဆောင်ရေးလေယာဉ်ဟာ ဧပြီ ၈ရက် ဘန်ကောက်ကနေ ထွက်ခွာသွားပါတယ်။

တော်ဝင်လေတပ်က ပြောခွင့်ရက လေယာဉ်မောင်းသမား ဆရာဝန် သူနာပြု ၂၂ ဦး ပါဝင်တဲ့ လေယာဉ်ဟာ ဒုံမောင်းလေဆိပ်ကနေထွက်သွားတယ်လို့ ပြောပါတယ်။

အင်ဒိုနီးရှား အမ်ဘွန်ကို ၈ နာရီရောက်မှာ ဖြစ်သလို အဲဒီမှာ တညနေပြီး ဧပြီ ၉ ရက်နေ့မှာ ထိုင်းအလုပ်သမားတွေကို တင်ဆောင်ကာ ဘန်ကောက်ကို ပြန်လာမှာ ဖြစ်ပါတယ်။

ကျွန်ပြုခံရတယ်ဆိုတဲ့ သတင်းတွေ ထွက်လာပြီးတဲ့နောက် ထိုင်းလူမှုရေး လုပ်သားတွေက ငါးဖမ်းသမားတွေကို ကယ်ဆယ်ဖို့ ကြိုးစားခဲ့ပါတယ်။

မြန်မာ လာအို ကမ္ဘောဒီးယား နိုင်ငံသားတွေကလည်း ထိုင်းအာဏာပိုင်တွေထံကနေ အကူအညီတောင်းခံခဲ့ပါတယ်။

ထိုင်းအရာရှိတွေက ထိုင်းအလုပ်သမား ၁၁၂ ဦးရဲ့ ဂူတွေကို အမ်ဘွန်နဲ့ဘန်ဂျီနားကျွန်းတွေမှာ တွေ့ရှိခဲ့ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no
အင်ဒိုတွင် ကျွန်ပြုခံ ထိုင်းများကို ထိုင်းလေတပ်သွားကယ်  အင်ဒိုတွင် ကျွန်ပြုခံ ထိုင်းများကို ထိုင်းလေတပ်သွားကယ် Reviewed by သစ်ထူးလွင် on 18:57 Rating: 5
Powered by Blogger.