လေယာဉ်ဘီးအိမ် အတွင်း ခိုး၍စီးနင်းလိုက်ပါလာသူ အမျိုးသားတစ်ဦး အသက်ရှင်


ဂျကာတာ ၊ ၁၀-၄-၂၀၁၅

အင်ဒိုနီးရှား နိုင်ငံမှ အမျိုးသား တစ်ဦးသည် ယခု ရက်သတ္တပတ် အတွင်း လေထုဖိအား နည်းပါးပြီး သုည ဒီဂရီအောက် အပူချိန်၌ ပင်လယ်ရေ မျက်နှာပြင် အထက် ကောင်းကင်ယံ တွင် နှစ်နာရီကြာ ပျံသန်းနေသော လေယာဉ်၏ ဘီးအိမ်အတွင်း အသက်ရှင်လျက် လိုက်ပါ လာခဲ့ကြောင်း သိရသည်။

ဆူမားတြားကျွန်းမှ မြောက်ဘက်သို့ ပျံသန်း မောင်းနှင်သော ဂါရူဒါ အင်ဒိုနီးရှား ပြည်တွင်း လေကြောင်းလိုင်းမှ အဆိုပါ လေယာဉ်သည် ဧပြီ ၇ ရက်က ဂျကာတာမြို့ရှိ လေဆိပ်၌ ဆင်းသက် ပြီးနောက် မကြာမီ အသက် ၂၁ နှစ်အရွယ် မာရီယိုစတီဗင် အမ်ဘာရီတာ သည် လေယာဉ်ကွင်းရှိ လေယာဉ်ပြေး လမ်းအနီး ယိမ်းထိုး လျှောက်သွား နေသည်ကို လေဆိပ် အာဏာပိုင် များက တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

၎င်းသည် လေယာဉ်ကွင်း အနီးရှိ အမြင့် ၂ ဒသမ ၅ မီတာ ရှိသော စည်းရိုးကို ဖြတ်ကျော်၍ လေယာဉ်၏ နောက်ဘီးအိမ် အတွင်းသို့ ဝင်ရောက်ကာ လေယာဉ်ခိုးစီး ခဲ့ခြင်း ဖြစ်ကြောင်း မီဒီယာများက ပြောကြား ခဲ့သည်ဟု သိရသည်။

PyiChitThar
http://www.pyichitthar.com
လေယာဉ်ဘီးအိမ် အတွင်း ခိုး၍စီးနင်းလိုက်ပါလာသူ အမျိုးသားတစ်ဦး အသက်ရှင်  လေယာဉ်ဘီးအိမ် အတွင်း ခိုး၍စီးနင်းလိုက်ပါလာသူ အမျိုးသားတစ်ဦး အသက်ရှင် Reviewed by သစ်ထူးလွင် on 12:09 Rating: 5
Powered by Blogger.