မြဝတီမြို့တွင် ကာမနှိုးဆွဆေးများ ဖမ်းဆီးရမိ


နေပြည်တော်၊ ဧပြီ ၇

၂ဝ၁၅ ခုနှစ်၊ ဧပြီလ ၆ ရက်နေ့ ညနေ ၃ နာရီ ၁၅ မိနစ်အချိန် ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြဝတီခရိုင်ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့ပေါ်ရပ်ကွက် အသီးသီးမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် သတင်းအရ မြဝတီမြို့၊ အမှတ်(၁)ရပ်ကွက်၊ ဆီးဂဲဂိတ်တွင် စောင့်ဆိုင်းနေစဉ် စက္ကူဂျပ်ဖာတစ်ပုံးအား ထမ်းလာသည့် မသင်္ကာဖွယ်သူတစ်ဦးအား စစ်ဆေးခဲ့သည်။

 စစ်ဆေးချက်အရ မြဝတီမြို့၊ အမှတ်(၂)ရပ်ကွက်နေ မောင်လင်းထိန်(ခ)ကောင်လေး(ခ) အဒူရဟေး(၃၈)နှစ်ဖြစ်ပြီး ၎င်းထမ်းလာသည့် စက္ကူဂျပ်ဖာအတွင်းမှ Mastigra 100၊ Coquettish Widdow၊ Xtra Force 100၊ MAX MAN III၊ MAX MAN IV၊ MAX MAN II၊ MAX MAN၊ Sholonyin Lotion၊ Dr. X 100၊ Caverta တံဆိပ်အသီးသီးပါ ကာမနှိုးဆွဆေးများ၊ Lonely Girls နှင့် Black Widow တံဆိပ်ပါ ကာမနှိုးဆွဆေးရည်ပုလင်းများ၊ Penis Entargar ကာမဆိုင်ရာ ဆက်စပ်ပစ္စည်းများ၊ တံဆိပ်မပါ ပန်းရောင် ကာမဆိုင်ရာဆက်စပ်ပစ္စည်း များအား ဖမ်းဆီးရမိခဲ့သောကြောင့် လင်းထိန်(ခ)ကောင်လေး(ခ)အဒူရဟေးအား မြဝတီမြို့မရဲစခန်း(ပ) ၄၅/၂ဝ၁၅၊ အမျိုးသားဆေးဝါးဥပဒေပုဒ်မ ၁၈ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရှိရသည်။

ဆက်လက်၍ ယင်းနေ့ ညနေ ၅ နာရီခွဲအချိန် အဆိုပါပူးပေါင်းအဖွဲ့သည် မြဝတီမြို့၊ အမှတ်(၄) ရပ်ကွက်၊ ဘုရင့်နောင်ဈေးအတွင်း (က)ရုံရှိ ဆိုင်ခန်းအမှတ်(၃)သို့ ဝင်ရောက်ရှာဖွေရာ ၎င်းဆေးဆိုင်ပိုင်ရှင် ဖြစ်သူ အမှတ်(၁)ရပ်ကွက်နေ ခင်မောင်ဌေး(ခ)ယူစွပ်(၃ဝ)နှစ်အား Shlo Nyi၊ Hot Rose၊ MAX MAN ၊ MAX MAN II၊ Dr. X 100၊ Mastigra 100၊ POSH၊ Biotin၊ MAX. XXX၊ Great Penis၊ Crown 3000၊ Miss Me၊ Mr. Bean၊ Super Man၊ VIP Men Energy၊ Huge Speed၊ 007-Viagra၊ Three Precious Whips၊ Wenick တံဆိပ်အသီးသီးပါ ကာမနှိုးဆွဆေးများ၊ Black Night နှင့် Love Kiss တံဆိပ်ပါ ကာမလိမ်းဆေးဆီများ၊ Penis Entargar နှင့် 8Exjoys တံဆိပ်များပါ ကာမဆက်စပ်ပစ္စည်း ကိရိယာများနှင့်အတူ ဖမ်းဆီးရမိခဲ့သောကြောင့် ခင်မောင်ဌေး(ခ)ယူစွပ်အား မြဝတီမြို့မရဲစခန်း (ပ)၄၆/၂ဝ၁၅၊ အမျိုးသားဆေးဝါးဥပဒေပုဒ်မ ၁၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia
မြဝတီမြို့တွင် ကာမနှိုးဆွဆေးများ ဖမ်းဆီးရမိ  မြဝတီမြို့တွင် ကာမနှိုးဆွဆေးများ ဖမ်းဆီးရမိ Reviewed by သစ်ထူးလွင် on 20:22 Rating: 5
Powered by Blogger.