တရုတ် မြို့တော်ဝန်ဟောင်း လာဘ်စားမှုနဲ့ ထောင်ကျ


 တရုတ်နိုင်ငံ Nanjing မြို့တော်ဝန်ဟောင်း Ji Jianye ကို လာဘ်စားမှုနဲ့ ထောင် ၁၅ နှစ် ချမှတ်လိုက်ပါတယ်။

၁၉၉၉ ခုနှစ်နဲ့ ၂၀၁၃ ခုနှစ်အတွင်း ငွေပေါင်း ဒေါ်လာ ၁.၉ သန်း လာဘ်ငွေအဖြစ် လက်ခံရယူခဲ့တဲ့အတွက် Yanti တရားရုံးက ပြစ်ဒဏ်ချမှတ်လိုက်တာ ဖြစ်ပါတယ်။

မစ္စတာ Ji ဟာ သမ္မတ ရှီကျင်ပင်း လက်ထက် အဂတိလိုက်စားမှု နှိမ်နင်းမှုတွေထဲမှာ လောလောဆယ် အရေးယူ ထောင်ချခံရမယ့် ထိပ်တန်း အရာရှိတဦးဖြစ်ပါတယ်။

သူဟာ အပြစ်ကို ၀န်ခံတဲ့အတွက် သက်ညှာစွာ ပြစ်ဒဏ် ချမှတ်လိုက်တာ ဖြစ်တယ်လို့လည်း တရားရုံးက ကြေညာချက်ထုတ်ပါတယ်။

မစ္စတာ Ji ဟာ လူဦးရေ ၇ သန်းလောက်ရှိတဲ့ Nanjing မြို့မှာ ဆောက်လုပ်ရေးနဲ့ ပြန်လည်မွမ်းမံရေး လုပ်ငန်းတွေကို အများအပြား လုပ်ဆောင်တဲ့အတွက် Bulldozer လို့ ခေါ်ဝေါ်ခြင်း ခံရသူ ဖြစ်ပြီး ၂၀၁၀ ခုနှစ်မှာ တန်ခိုးအာဏာကြီးမားတဲ့ မြို့တော်ဝန်တယောက်ဖြစ်ခဲ့တယ်လို့ ယူဆကြပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကလည်း တရုတ်နိုင်ငံရဲ့ လုံခြုံရေးအရာရှိချုပ်ဟောင်း Zhou Yongkang ကို လာဘ်စားမှု၊ အာဏာအလွဲသုံးစားလုပ်မှု နဲ့ နိုင်ငံတော်လုံခြုံရေး ပေါက်ကြားမှု စတာတွေနဲ့ တရုတ်အစိုးရက စွဲချက်တင်ထားပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese
တရုတ် မြို့တော်ဝန်ဟောင်း လာဘ်စားမှုနဲ့ ထောင်ကျ  တရုတ် မြို့တော်ဝန်ဟောင်း လာဘ်စားမှုနဲ့ ထောင်ကျ Reviewed by သစ်ထူးလွင် on 18:08 Rating: 5
Powered by Blogger.