ထိုင်းသင်္ကြန်ကာလ ၅ ရက်အတွင်း လူ ၂၅၁ ဦး သေဆုံး

ဓာတ်ပုံ - thairath

၂၀၁၄ ခုနှစ် ထိုင်းသင်္ကြန်ကာလ မတော်တဆထိခိုက်မှုအထူးသတိထားရမယ့် သတ်မှတ်ကာလရဲ့ ၅ ရက်မြောက်မှာ သေဆုံးသူ ၂၅၁ ဦးရှိတယ်လို့ ထိုင်းသနေးရှင်းသတင်းမှာ ဖော်ပြပါတယ်။

ထိုင်းသင်္ကြန်တွင်း မတော်တဆထိခိုက်မှု ကာကွယ်လျှော့ချရေးဗဟိုအဖွဲ့ အတိုင်ပင်ခံ ဗိုလ်မှူးကြီး ဒမ်းရုန်း ဆိမခကျွမ်းဘွန်းက ဧပြီလ ၁၄ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

သင်္ကြန်ကာလ အထူးသတိထားရမယ့် ရက်တွေအဖြစ် ဧပြီ ၉ ရက်ကနေ ၁၃ ရက်အတွင်း မတော်တဆထိခိုက်မှုစုစုပေါင်း ၂၄၀၆ ကြိမ် ဖြစ်ပွားခဲ့ပြီး ၂၅၁ ဦး သေဆုံးကာ ၂၅၃၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဗိုလ်မှူးကြီး ဒမ်းရုန်းက ကြေညာပါတယ်။

အဲဒီထဲမှာ ဧပြီလ ၁၃ ရက် တနေ့တည်းတင် သေဆုံးသူ ၆၀ ဦး၊ မတော်တဆထိခိုက်မှုပေါင်း ၆၇၁ ကြိမ် နဲ့ ထိခိုက်ဒဏ်ရာရသူပေါင်း ၇၂၄ ဦးရှိတယ်လို့ ဆိုပါတယ်။

မတော်တဆထိခိုက်မှုဖြစ်ပွားရတဲ့ အကြောင်းရင်းတွေမှာ အရက်မူးလို့ ဖြစ်တာက ၄၄ ဒဿသမ ၆ ရာခိုင်နှုန်း၊ သတ်မှတ်ထားတဲ့အရှိန်ထက် ကျော်လွန်အောင်ယာဉ်မောင်းတာက ၂၄ ဒသမ ၄၄ ရာခိုင်နှုန်း ရှိပါတယ်။

မတော်တဆဖြစ်တဲ့ ယာဉ်အမျိုးအစားတွေမှာ မော်တော်ဆိုင်ကယ်စီးတာက ၈၁ ဒသမ ၈၃ ရာခိုင်နှုန်း၊ ဆိုင်ကယ်စီးဦးထုတ်မဆောင်းတာက ၂၉ ဒသမ ၄၆ ရာနှုန်း လို့ ကြေငြာထားပါတယ်။

မတော်တဆထိခိုက်မှု အဖြစ်များဆုံး ခရိုင်ကတော့ နခွန်းရာ့ခ်ျဆီမားဖြစ်ပြီးသေဆုံးသူ လုံးဝ မရှိတဲ့ခရိုင်၊ ဒဏ်ရာရသူလုံးဝမရှိတဲ့ခရိုင်ကတော့ ဆမွတ်ပရကန်ခရိုင်ဖြစ်တယ်လို့ ဧပြီ ၁၄ ရက်နေ့ မနက်က မတော်တဆထိခိုက်မှု ကာကွယ်လျှော့ချရေးဗဟို အဖွဲ့ချုပ်ရုံးမှာ ပြောကြား သွားပါတယ်။

 By ဒီဗွီဘီ
http://burmese.dvb.no
ထိုင်းသင်္ကြန်ကာလ ၅ ရက်အတွင်း လူ ၂၅၁ ဦး သေဆုံး  ထိုင်းသင်္ကြန်ကာလ ၅ ရက်အတွင်း လူ ၂၅၁ ဦး သေဆုံး Reviewed by သစ်ထူးလွင် on 18:11 Rating: 5
Powered by Blogger.