လှိုင်းကြီး၍ နစ်မြုပ်သော ကင်းမွန်မီးထွန်းလှေမှ ရေလုပ်သား ခုနစ်ဦးကို ရေတပ်စစ်ရေယာဉ်ကယ်ဆယ်


မြိတ် ဧပြီ ၈

မြိတ်ခရိုင် ကျွန်းစုမြို့နယ် အတွင်းရှိ မော်တုံးကြီးကျွန်းနှင့် သမီးလှ ကျွန်းအကြားရှိ ရေပြင်၌ ယမန်နေ့ ညနေ ၃ နာရီခွဲ၌ လှိုင်း ကြီး၍ နစ်မြုပ်သွားသော ကင်းမွန် မီးထွန်းလှေ(ကင်းမွန်ဖမ်းလှေ)မှ ရေလုပ်သား ခုနစ်ဦးစလုံးကို ပင်လယ်ပြင် ကင်းလှည့်လုံခြုံ ရေး တာဝန်ထမ်းဆောင်နေသော စစ်ရေယာဉ်ရန်နိုင်(၅၁ဝ)မှတာဝန်ခံ အရာရှိ ဗိုလ်ကြီးသက်ထွဋ်အောင် ဦးစီးသော တပ်ဖွဲ့ဝင်များက အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ ကြောင်းသိရသည်။

''စက်လှေ နစ်မြုပ်နေတာကို ဒေသခံလှေတစ်စင်းကလာရောက် သတင်းပို့လို့ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်ဖို့အတွက်ကျွန်တော်တို့ လှေနစ်မြုပ်တဲ့နေရာကိုချက်ချင်း သွားခဲ့ပါတယ်။ ညနေ ၅ နာရီထိုး ချိန်လောက်မှာကျွန်တော်တို့ရောက် ရှိတဲ့အချိန် နစ်မြုပ်တဲ့စက်လှေတွေ တော့မတွေ့ရတော့ဘူး။
လှေသားတွေပဲ ပလတ်စတစ် ပုံးတစ်ပုံးကို နှစ်ယောက်လောက် ဖက်ပြီးပင်လယ်ပြင်ထဲမှာ ကူးနေ တာတွေ့ရပါတယ်။ လှေသား အားလုံးခုနစ်ယောက်ကို အသက် ဆုံးရှုံးမှုမရှိဘဲကယ်တင်နိုင်ခဲ့ပါ တယ်။ ညပိုင်းအချိန် မြုပ်ရင်တော့ အသက်ရှင်လျက် ကယ်ဆယ်နိုင် ဖို့လွယ်ကူမှာမဟုတ်တော့ဘူး''ဟု တာဝန်ခံအရာရှိ ဗိုလ်ကြီးသက်ထွဋ် အောင်ကရှင်းပြသည်။

နစ်မြုပ်သွားသော ကင်းမွန်မီး ထွန်းလှေမှာ မြိတ်မြို့ ရေပုန်းနယ် မြေ ငြိမ်းချမ်းရေးရပ်ကွက် (၇) လမ်းနေ ဦးတင်အောင်ပိုင်ဆိုင် သော လှေဖြစ်ပြီး အလျား ၅၄ ပေ၊ အနံ ၉ ပေ၊ ရေစူး ၄ ပေ (သစ်သားကိုယ်ထည်) ဖြစ်သည်။

''ကျွန်တော်တို့ လှေမြုပ်တဲ့ အချိန်ပလတ်စတစ်ပုံးတွေ တစ်လုံး နှစ်ယောက်နှုန်းနဲ့ဖက်ပြီး ပင်လယ် ပြင်ထဲမှာ တစ်နာရီ နီးပါးလောက် ကူးခတ်နေရပါတယ်။ ငါတော့ အသက်မရှင်နိုင်တော့ဘူးဆိုပြီး တော်တော်ကိုကြောက်ခဲ့ပါတယ်။ လာရောက်ကယ်တင်တဲ့ ရေတပ် ဗိုလ်ကြီးနဲ့ ရဲဘော်တွေကို ကျေးဇူး တင်ပါတယ်။ သူတို့ပေးတဲ့ အသက်ပဲရှိတော့တယ်''ဟုကျောင်း ပိတ်ရက်အတွင်း ဖခင်ပိုင်ဆိုင် သော လှေ၌လိုက်ပါခဲ့သူ အသက် (၁၇)နှစ် အရွယ်ရှိ နိုင်နိုင်ထွန်းက ပြောသည်။

ကိုရဲ(မြိတ်)
The Union Daily
http://uniondaily.net
လှိုင်းကြီး၍ နစ်မြုပ်သော ကင်းမွန်မီးထွန်းလှေမှ ရေလုပ်သား ခုနစ်ဦးကို ရေတပ်စစ်ရေယာဉ်ကယ်ဆယ်  လှိုင်းကြီး၍ နစ်မြုပ်သော ကင်းမွန်မီးထွန်းလှေမှ ရေလုပ်သား ခုနစ်ဦးကို ရေတပ်စစ်ရေယာဉ်ကယ်ဆယ် Reviewed by သစ်ထူးလွင် on 12:46 Rating: 5
Powered by Blogger.