နိုင်ငံရေး မငြိမ်မှုနဲ့ ဆီဈေးကျတာက မြန်မာ စီးပွားရေးကို ထိခိုက်နိုင်

ရေနံထုတ်လုပ်မှုလုပ်ငန်း (Credit: ABC)

 မြန်မာနိုင်ငံရဲ့ ​နိုင်ငံရေး ​အခြေအနေနဲ့ ​လောင်စာဆီ ​ဈေးနှုန်း ​ကျဆင်းမှုတွေကြောင့် ​မြန်မာနိုင်ငံမှာ ​ရေနံလုပ်ကွက် ​လေလံတင်တာတွေ ​ခေတ္တ ​ရပ်နားထားဖို့ ​အစိုးရက ​စဉ်းစားနေပါတယ်။

မြန်မာနိုင်ငံ ​စွမ်းအင် ​ဝန်ကြီး ​ဦးဇေယျာအောင် ​ရဲ့အဆိုအရ ​မြန်မာနိုင်ငံမှာ  ​ကျင်းပမယ့် ​ရွေးကောက်ပွဲနဲ့ ​ဆက်စပ်ပြီး ​ဖြစ်ပေါ်နေတဲ့ ​နိုင်ငံရေး ​မရေရာမှုတွေနဲ့ ​ဆီဈေးနှုန်း ​ကျဆင်းမှုတွေကြောင့် ​ဒီနှစ်မှာ ​ရေနံလုပ်ကွက် ​လေလံတင်တာတွေ ​မလုပ်ဖို့ ​စီစဉ်ထားတဲ့အကြောင်း ​Channel ​News ​Asia ​သတင်းကို ​ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ ​ပြုပြင်ပြောင်းလဲရေးတွေဟာ ​ထင်သလို ​ဖြစ်မလာတဲ့အတွက် ​ရွေးကောက်ပွဲမှာ ​သပိတ်မှောက်နိုင်တယ်လို့ ​ဒေါ်အောင်ဆန်းစုကြည်က ​ပြောခဲ့တဲ့အတွက်လည်း ​စီးပွားရေး ​လောကမှာ ​သတိထားမှုတွေ ​ဖြစ်ပေါ်နေတာ ​ဖြစ်ပါတယ်။

အဲဒီလို ​အခြေအနေကြောင့် ​တိုက်ရိုက် ​နိုင်ငံခြား ​ရင်းနှီးမြုပ်နှံမှု ​ကဏ္ဍ ​ကျဆင်းပြီး ​နိုင်ငံရဲ့ ​ဝင်ငွေကိုပါ ​ထိခိုက်နိုင်တယ်လို့ ​ဆိုပါတယ်။

အခုလောလောဆယ် ​ရေနံဈေး ​ကျဆင်းမှုတွေကြောင့် ​မြန်မာနိုင်ငံမှာ ​ရင်းနှီးမြုပ်နှံမှု ​လုပ်နေတဲ့ ​ကမ်းလွန်ရေနံစီမံကိန်း ​၄ ​ခု ​အကြီးအကျယ် ​ထိခိုက်နစ်နာနေရတယ်လို့လည်း ​ဝန်ကြီး ​ဦးဇေယျာအောင် ​က ​ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ​ရေနံနဲ့ ​သဘာဝ ​ဓာတ်ငွေ့လုပ်ငန်းဟာ ​နှစ်စဉ် ​ဒေါ်လာ ​၃.၆ ​ဘီလီယံ ​ရရှိစေပြီး ​တိုက်ရိုက် ​နိုင်ငံခြား ​ရင်းနှီးမြုပ်နှံမှု ​ကဏ္ဍက ​ရရှိတဲ့ ​ဝင်ငွေရဲ့ ​၄၅% ​ကို ​ရရှိစေတာ ​ဖြစ်တယ်လို့လည်း ​ဖော်ပြထားပါတယ်။

ကမ္ဘာ့ဘဏ်ကတော့ ​မြန်မာနိုင်ငံရဲ့ ​စီးပွားရေး ​ဖွံ့ဖြိုးမှုဟာ ​၈.၅ ​% ​ရှိနေပြီး ​အရင်နှစ်ကနဲ့ ​အတူတူပဲ ​ရှိနေလိမ့်မယ်လို့ ​ခန့်မှန်းထားပါတယ်။

ဧပြီလ ​၁၃ ​ရက်နေ့မှာ ​ထုတ်ပြန်တဲ့ ​ကမ္ဘာ့ဘဏ်ရဲ့ ​အရှေ့အာရှ ​စီးပွားရေးအစီရင်ခံစာမှာ ​မြန်မာနိုင်ငံမှာရင်းနှီးမြုပ်နှံမှုတွေ ​များလာတာကြောင့် ​စီးပွားရေးက ​၈.၅% ​တိုးလာတာ ​ဖြစ်တယ်လို့ ​ဖော်ပြထားပါတယ်။

အခုလို ​တိုးတက်မှုတွေ ​ရှိပေမယ့်လည်း ​နိုင်ငံတော် ​အသုံးစရိတ်ကို ​လက်ရှိအတိုင်း ​တိုးမြှင့်သွးမယ်ဆိုရင် ​စီးပွားရေးမှာ ​ထိခိုက်မှုတွေ ​ဖြစ်လာနိုင်တယ်လို့လည်း ​ပါရှိပါတယ်။

ဒါ့အပြင် ​လောင်စာဆီ ​ဈေးကျဆင်းတာက ​တဖြေးဖြေး  ​မြန်မာ ​စီးပွားရေးကို ​ထိခိုက်နိုင်တယ်လို့လည်း ​ဖော်ပြထားပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
နိုင်ငံရေး မငြိမ်မှုနဲ့ ဆီဈေးကျတာက မြန်မာ စီးပွားရေးကို ထိခိုက်နိုင်  နိုင်ငံရေး မငြိမ်မှုနဲ့ ဆီဈေးကျတာက မြန်မာ စီးပွားရေးကို ထိခိုက်နိုင် Reviewed by သစ်ထူးလွင် on 20:21 Rating: 5
Powered by Blogger.