နေပူပူအောက်မှာ ဆိုင်ကယ်လေးစီးပြီး ကျမတို့ ဒီးမော့ဆိုမြို့ရဲ့ အထင်ကရ နေရာဖြစ်တဲ့ ရွှေတောင်၊ငွေတောင် ၊ ပတ္တာမြားတောင် အနောက်ဖက်က သဲကျင်းတွေဆီကို ဇန်နဝါရီ လ အစောပိုင်းမှာ သွားရောက်ခဲ့ပါတယ်။
မညီညာတဲ့တောင်တက်လမ်းတလျှောက် မှာ သဲတွေတင်ပြီး ဖုန်တလူးလူးနဲ့ ဆင်းလာတဲ့ကားတွေကို ကြည့်ရင်း စိတ်မသက်မသာ ဖြစ်မိပေမဲ့ သဲတောင်ကို သွားလိုစိတ်ကြောင့်ပဲ ဆက်သွားမိပါတယ်။
သဲတောင် နဲ့နီးလာတော့ သဲကျင်းတွေဆီက စက်သံတွေ ဆူညံနေတာကိုတဖြည်းဖြည်း ကြားရပါတယ်။ သဲကျင်းတွေဆီ ၀င်လာတဲ့ခါမှာတော့ သဲကျင်းပတ်ပတ်လည်မှာ ကျောက်သားထုအားလွန်စက် (ဂန်းစက်)ဖြင့် သဲတူးနေကြတဲ့ အမျိုးသား အယောက် ခြောက်ဆယ် ကျော်တွေနဲ့အတူ အမျိုးသမီးများစွာကိုလည်း မြင်တွေ့ရပါတယ်။
အမျိုးသမီးတွေကလည်း အမျိုးသားတွေနှင့်အတူ ဂန်းစက်ဖြင့် သဲတူးနေကြသူကတူး ဂေါ်ပြားဖြင့် သဲများကို စက် ၊ ကား ၊ ထော်လဂျီပေါ်သို့ သဲတွေတင်နေကြ သူတွေကိုလည်း မြင်တွေ့ရပါတယ်။
သဲတူးလို့ ထောင့်တနေရာမှာ တဲမိုးကာအောက်မှာ နားနေတဲ့ အသက် ၃၅ နှစ်ပတ်ဝန်းကျင်ခန့်ရှိတဲ့ အဒေါ်တစ်ယောက်အနားကို သွားပြီး စကားစပ်ပြောမိပါတယ်။
အဒေါ့်ရဲ့နာမည်ကတော့ ဒေါ်နဲ့နယ်ဦးလို့ ခေါ်ပြီး ဒီးမော့ဆိုမြို့ပေါ် ရူးဖယ်ခူရပ်ကွက်မှာ နေထိုင်သူဖြစ်ပါတယ်။
အဒေါ်နဲ့နယ်ဦးက အခုလို သဲကျင်းတွေထဲမှာ ဖုန်တထောင်းထောင်း နေပူကျဲကျဲနဲ့ အလုပ်လုပ်ပြီး ငွေရှာတာ နှစ်နှစ်ရှိသွားပြီလို့ဆိုပါတယ်။
တနင်္ဂနွေနေ့ကလွဲရင် နေ့စဉ် နေအပူရှိန်အောက်မှာ ပင်ပင်ပန်းပန်းနဲ့ ချွေးတွေက ခြေမအထိ ကျပြီး သဲမှုန့်တွေကို နေ့စဉ် ရှူရှိုက်ရပါတယ်။
ဒေါ်နဲ့နယ်ဦးတစ်ယောက်မှာ နားနေခိုက်မှာတောင် ကျမနဲ့ စကားပြောနေရင်း မောနေတဲ့ဒဏ်ကြောင့် အသံက ကတုန်ကယင် ဖြစ်နေရှာပါတယ်။ အဒေါ်က သဲတောင်ကို မနက် ၇ နာရီကနေစပြီး ည ၅ နာရီအထိ အလုပ်လုပ်ရပါတယ်။
သဲတောင်ကိုတော့ သဲတင်တဲ့ ကားတွေ စက်တွေနဲ့ အကြုံလိုက်လာသလို တခါတလေ အိမ်ကနေ သဲတောင်ထိ ခြေလျှင်နဲ့ မိနစ် ၃၀ ကျော်လောက် လမ်းလျှောက်လာခဲ့ ရပါတယ်။
သဲတူးသမားတွေရဲ့အလုပ်ကတော့ တနေ့တနေ့ သဲကျင်းထဲမှာ ဂန်းစက်တွေနဲ့တူးရသလို သဲလာတင်တဲ့ ကားတို့ စက်တို့ပေါ်မှာ ဂေါ်ပြားတွေနဲ့ဂေါ်တင်ပေးရပါတယ်။
ဒါတွေအားလုံး ဒေါ်နဲ့နယ်ဦးတို့လို အမျိုးသမီးတွေ မိခင်တွေက အမျိုးသားတွေလုပ်နေသလို လုပ်နေကြရတာပါ။
လုပ်အားခအနေနဲ့တော့ တရက်ကို ပုံမှန် ၆၀၀၀ ကျပ်ရပါတယ်။ တစ်ခါတစ်လေ သဲတူးဖို့ ဂန်း စက်ပစ္စည်းချို့ယွင်းသွားတာတို့ စက်ပစ္စည်း ပြန်ဝယ်ထည့်ရတာတို့ကြောင့် ဝင်ငွေက နည်းသွားတယ်လို့ ဆိုပါတယ်။
သဲတောင် သဲကျင်းတွေထဲမှာ သဲတူးတဲ့အလုပ်က နေ့စဉ်အလုပ်ရှိတယ်ဆိုပေမယ့် အလုပ်သမားများတဲ့ နေ့တွေမှာဆိုရင် လုပ်အားခ ၁၅၀၀ ၊ ၂၀၀၀ ကျပ်လောက်သာ ရကြပါတယ်။
ဒေါ်နဲ့နယ်ဦးဟာ ယခင်က သဲမတူးခင် ခင်ပွန်းကသာလျှင် သဲတောင်မှာဘဲ သိတတ်စ အရွယ်ကလေးငယ် ဘဝကတည်းက သဲတောင်မှာ အလုပ်လုပ်ကိုင်ရင်း အသက်မွေးဝမ်းကျောင်း ပြုခဲ့သူဖြစ်တယ်လို့သိရပါတယ်။
ခင်ပွန်းဖြစ်သူက ယခင် သဲတူးရင်း သဲပြိုကျပြီး သဲတွေနဲ့ပိနေခဲ့လို့ လုပ်ဖော်ကိုင်ဖက်တွေက အလျှင်အမြန် ဆယ်ထုတ်ပေးခဲ့ကြတဲ့အတွက် အသက်ရှင်ခဲ့ရတယ်လို့ ဆိုပါတယ်။
သဲပြိုမိခဲ့တဲ့ ဒဏ်ကြောင့် ယခုချိန်ထိ နာမကျန်းဖြစ်နေရပြီး အိမ်မှာနားနေရတယ်လို့ဆိုပါတယ်။ ဒီလိုနဲ့ ဒေါ်နဲ့နယ်ဦးက အိမ်ထောင်ဦးစီးအလုပ်တွေမှန်သမျှ ပုခုံးပြောင်းတာဝန်ထမ်းဆောင်ဖို့ ခင်ပွန်းဖြစ်သူရဲ့ နေရာကို ပြန်လည်အစားထိုး ဦးဆောင်လာ ခဲ့ရတာဖြစ်တာဖြစ်ပါတယ်။
“ အဲဒီ သဲပြိုမိတဲ့ ဒဏ်တွေလဲ သူအခုခံနေရတာလေ သူအဲလိုတူးတူးရင်းနဲ့ သဲပြိုမိတော့ ညှပ်ပြီးမြုပ်သွားတာလေ သူ့အဖေါ်တွေပြန်ဖေါ်တော့ အဲဒီခါး လမ်းလျှောက်လို့ မရတော့ဘူး ” လို့ ဒေါ်နဲ့နယ်ဦးက ပြောပြပါတယ်။
တစ်နေ့လုပ်တစ်နေ့စားရတဲ့ ဘဝကြောင့် ဆေးမကုနိုင်ဘဲ အိမ်တွင် ဆေးဖက်ဝင်အရွက်ပြုတ်ရည် ကိုသာမှီခိုအားထားနေရရှာပါတယ်။
ဒေါ်နဲ့နယ်ဦးမှာ မိသားစု လေးဦးရှိပြီး နာမကျန်းဖြစ်တဲ့ ခင်ပွန်းနဲ့ ယောက္ခမကို လုပ်ကျွေးပြုစုနေရပါတယ်။
သူ့မှာ တဦးတည်းသောသား တူးမောင်ရှိပြီး ဒုတိယတန်း ဒေါတမငယ် အလယ်တန်းကျောင်းမှာ ပညာသင်ကြားနေပါတယ်။
သားလေးတူးမောင်ရဲ့ ပညာရေးကို ဆရာမသဖွယ် ဦးဆောင်လမ်းညွန်ပေးချင်တဲ့ စိတ်ဆန္ဒအပြည့်အဝရှိနေပေမယ့်လို့ စားဝတ်နေရေး အဆင်မပြေတာတွေကြောင့် သူ့ရဲ့သား ပညာရေးကို သေချာ ဦးဆောင်လမ်းညွန် ပေးတာမျိုးမလုပ်ပေးနိုင်တဲ့အတွက် စိတ်မကောင်းဖြစ်နေရတယ်လို့ ပြောပါတယ်။
ကျောင်းမနေခဲ့ရလို့ ပညာမတတ်ခဲ့လို့ အခုလို နေပူရှိန်ပြင်းပြင်းအောက်မှာ ငွေရှာရတဲ့ ဘဝမျိုးကို အဒေါ်ရဲ့သားလေး အမွေမဆက်ခံစေဖို့ သားလေး ပညာတတ်ဖြစ်စေ ချင်တယ်လို့ ပြောပါတယ်။
“ သူ့ကို ဒီလိုမဖြစ်စေချင်ဘူးပေါ့နော် သူ့ကိုတော့ ကိုယ်ကတော့ သဲတူးဆိုလဲ တတ်နိုင်သလောက် ကိုယ်ကတူးနေမှာဘဲ ဘာလို့လဲဆို သူ့ရဲ့ပညာရေးအတွက်ဘဲ ˝ လို့ ဒေါ်နဲ့နယ်ဦး ပြောပါတယ်။
သားတူးမောင် ငယ်ရွယ်စဉ်အချိန်က ကျောပိုးထားပြီး ဈေးရောင်းခဲ့ရတယ်လို့သိရပါတယ်။ အဒေါ်နဲ့နယ်ဦးလိုဘဲ သဲတောင်မှာ အလုပ်လုပ်နေကြတဲ့ အမျိုးသမီးတွေ စုစုပေါင်း အဲဒီသဲ ကျင်း တစ်ကျင်းထဲမှာဘဲကို အယောက် ၃၀ ကျော်လောက်တွေ့ခဲ့ရပါတယ်။
အဲဒီထဲမှာ အမျိုးသမီးအများစုက သားရေးသမီးရေးအတွက် ရုန်းကန်လှုပ်ရှားပြီး ငွေရှာနေကြတဲ့ မိခင်တွေ ဖြစ်ကြပါတယ်။
သဲတူးတဲ့အလုပ်က လွယ်တော့မလွယ်လှပါ ၊ အန္တရာယ်ကလဲ ကိုယ့်ကိုကိုယ် ဝိုင်းထားသလိုလို ဂရုတစိုက်စွာနဲ့ အပေါ်က ကျောက်တုံးကျောက်ခဲတွေ ကျလာတတ်သလို ဂန်းထိုးနေရင်း တန်းလန်း လက်ချော်မည်ဆိုလျှင် ခေါင်းပေါ်တွင် ကျတတ်သည့်အတွက် သတိဝီရိယနဲ့ ဂရုတစိုက် လုပ်နေကြရပါတယ်။
မိုးရာသီအချိန်တော့ မိုးရွာလျှင် ဂန်း နှင့်တူးရသည့်အတွက် ဓာတ်လိုက်တာတို့ ၊ သဲတောင်ပြိုတာတို့ ဖြစ်တတ်တဲ့အတွက် အသက်အန္တာရာယ်စိုးရိမ်ရပါတယ်။
မိုးရွာရင်တော့ တူးထားတဲ့ သဲမှန်သမျှ သဲထဲရေသွန်သလို မိုးနှင့်အတူ သဲတွေကပါသွားတတ်ပါတယ်။
ကျမတို့ ဘေးနားတွင်ရပ်နေတဲ့ သဲကျင်းကော်မတီ ဥက္ကဌ ဦးရန်နိုင်စိုးက “ အသက်အန္တာရယ်ကတော့ သဲကျင်းတိုင်းလိုလိုစိုးရိမ်ရတယ် ။ ကျင်းမြင့်ရင်မြင့်သလိုနက်ရင်နက်သလိုပေါ့ ဟိုးကမ်းပါးပေါ်က ခဲလုံးသေးသေးလေးတွေ လောက်စာလုံးလောက်ဟာမျိုးကျတာကအစ ခြေထောက်ပေါ်ပြုတ်ကျဒါကတော့ပေါက်ပြီးသားပါဘဲ။” လို့ ပြောပြပါတယ်။
အရင်နှစ်တွေကဆိုရင် သဲပြိုကျပြီး အမျိုးသားသုံးဦး သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့လည်း သိရပါတယ်။ လွန်ခဲ့တဲ့ နှစ်တွေကဆိုရင်လည်း ကိုယ်ဝန်ဆောင်မိခင်တစ်ဦး ၊ ကလေးတစ်ဦးလည်း သဲပြိုကျမိတဲ့အတွက် သေဆုံးခဲ့သည့် ဖြစ်ရပ်လည်း ရှိခဲ့ဖူးတယ်လို့ ဦးရန်နိုင်စိုးက ပြောပါတယ်။
သဲတောင်မှာ သဲကျင်းပေါင်း ၃၀ ကျော်ရှိတဲ့အနက် ယခုလို အသက်အန္တာရာယ်ရှိနေတဲ့ အခြေအနေထိ ဖြစ်လာတဲ့ကျင်းတွေကိုတော့ သက်ဆိုင်ရာအစိုးရကနေ ဆက်လက်တူးဖော်ဖို့ခွင့်ကို ပိတ်ပင်တားမြစ်လာတာတို့ အသိပေးတာတို့ရှိတယ်လို့သိရပါတယ်။
သို့ပေမယ့်လို့ သဲကျင်းကော်မတီတွေကနေပြီး သဲတူးသမားတွေ အလုပ်လက်မဲ့ဖြစ်မှာစိုးလို့ အသက်အန္တာရာယ်ကြားကနေပြီး ဆက်လက်လုပ်ကိုင်ခွင့် တောင်းဆိုထားကြပါတယ်။
သဲကျင်းပိုင်ရှင်တွေကိုတော့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးကို အခွန်ငွေ အရင်နှစ်က အခွန်ငွေ နှစ်သိန်းရှစ်သောင်းပေးဆောင်ထားပြီး သဲတောင်သဲကျင်းလုပ်ပိုင်ခွင့် လက်မှတ်ထုတ်ပေးထား တယ်လို့ သိရပါတယ်။
ဒီးမော့ဆိုမြို့မှာရှိတဲ့ သဲတောင်တွေကတော့ ဒေါ်နဲ့နယ်ဦးတို့လို မိသားစုအတွက်သာမက ကယားပြည်နယ်အတွင်းရှိ လူမျိုးစုများအပြင် အခြားသော ပြည်နယ်ရှိ ချင်း၊ ရခိုင်လူမျိုးတွေကလည်း လာရောက် အလုပ်လုပ်ကိုင်နေကြပါတယ်။
ယခု ဒေါ်နဲ့နယ်ဦး အလုပ်လုပ်နေတဲ့ သဲတောင်ကို ကုမ္မဏီတွေက လာပြီးလုပ်ကိုင်ဖို့ မကြာခဏလာရောက်လေ့လာနေကြတဲ့ သူတွေရှိနေတယ်လို့ သိရပါတယ်။
ရှေးလူကြီးတွေဟောကိန်းထုတ်ထားခဲ့တာမမှားပါဘူး။ တချိန်ကျရင် ရွှေတောင်၊ငွေတောင် ၊ ပတ္တာမြားတောင်တွေရဲ့အနားမှာ ၀က်ကြီးတွေမြေလာတူးလိမ့်မယ်လို့ဟောထားခဲ့ပါတယ်။ ၀က်ကောင်ကြီးတွေကို မြေတူးစက်ကြီး(ဒိုစာ)တွေကိုဆိုလိုခြင်းဖြစ်ပါတယ်။
ကုမ္မဏီတွေကနေပြီး စက်တွေ ဒိုစာတွေနဲ့ သဲတောင်ကိုလာဖြိုချသွားပါက ဒေါ်နဲ့နယ်ဦးတို့လို လက်လုပ်လက်စားဘဝသမား ရာနဲ့ချီပြီး အလုပ်လက်မဲ့ဖြစ်သွားနိုင်တဲ့အတွက် အဒေါ်နဲ့အတူ သဲတူးသမားတွေအားလုံးက စိုးရိမ်နေကြရပါတယ်။
“သူတို့ဝင်လာရင်ဒီတောင်တွေခဏလေးနဲ့ ကုန်သွားမှာလေ ဒီလိုမျိုးလက်လုပ်လက်စားတွေက ဘာသွားလုပ်တော့မလဲ ဘာမှလုပ်စရာမရှိတော့ဘူးလေ ၊ ကုမ္မဏီကိုမဝင်ခိုင်စေချင်ဘူး တောင်တွေလည်း ခဏလေးနဲ့ကုန်သွားလိမ့်မယ်။ ”လို့ ဒေါ်နဲ့နယ်ဦးက ပြောပါတယ်။
အခုလို အလုပ်ကြမ်းလုပ်နေရတဲ့အတွက် မကြာခဏ အဒေါ်မှာလည်း ဗိုက်အောက်တာတို့ ၊ ဗိုက်နာတာတို့ ခံစားရတယ်လို့ ဆိုပါတယ်။ သူမကတော့ ငွေအရင်းအနှီးရှိမည်ဆိုလျှင် ဒီအလုပ်ကို မလုပ်တော့ဘဲ စီးပွားရေးတစ်ခုခုလုပ်ဖို့ ဆန္ဒပြုထားပါတယ်။
ဒီလို သဲတောင်တွေ သဲကျင်းတွေထဲ အသက်အန္တာရာယ်များတဲ့ အဒေါ်တို့လို အမျိုးသမီးတွေ သဲတူးသမားတွေရဲ့ ဘဝကိုတော့ သဲကျင်းပိုင်ရှင်တွေကနေပြီး ဘာအသက်အာမခံချက်မှ မရှိပါဘူး။
ဒေါ်နဲ့နယ်ဦးကတော့ သူမလို အသက်အန္တာရာယ်ကြား အလုပ်ကြမ်းမလုပ်ရစေဖို့ သားလေး နဲ့ လူငယ်လူရွယ် ကလေးငယ်တွေအားလုံးကို လွယ်လွယ်ကူကူနဲ့ ပညာသင်ကြားနိုင်ခွင့် ရနိုင်ဖို့ ဆန္ဒပြုသွားပါတယ်။
အိမ်တွင်းရေးအလုပ်တွေတစ်ဖက် သားရေးသမီးရေးအတွက် ပညာရေး ၊ ဝမ်းစာရေး တစ်ဖက်တစ်လမ်း နဲ့ အသက်အန္တာရယ်ရှိလှတဲ့ ယခုလို သဲတောင် သဲကျင်းတွေထဲမှာ အမျိုးသားတွေနဲ့ တန်းတူ ဝင်ငွေရှာနေကြတဲ့ ဒေါ်နဲ့နယ်ဦးလို မိခင်တွေကတော့ အာဃမိခင်တွေပါဘဲ…။
Written by ဟိုစဲနာ
ကန္တရဝတီတိုင်း
http://www.ktimes.org
မညီညာတဲ့တောင်တက်လမ်းတလျှောက် မှာ သဲတွေတင်ပြီး ဖုန်တလူးလူးနဲ့ ဆင်းလာတဲ့ကားတွေကို ကြည့်ရင်း စိတ်မသက်မသာ ဖြစ်မိပေမဲ့ သဲတောင်ကို သွားလိုစိတ်ကြောင့်ပဲ ဆက်သွားမိပါတယ်။
သဲတောင် နဲ့နီးလာတော့ သဲကျင်းတွေဆီက စက်သံတွေ ဆူညံနေတာကိုတဖြည်းဖြည်း ကြားရပါတယ်။ သဲကျင်းတွေဆီ ၀င်လာတဲ့ခါမှာတော့ သဲကျင်းပတ်ပတ်လည်မှာ ကျောက်သားထုအားလွန်စက် (ဂန်းစက်)ဖြင့် သဲတူးနေကြတဲ့ အမျိုးသား အယောက် ခြောက်ဆယ် ကျော်တွေနဲ့အတူ အမျိုးသမီးများစွာကိုလည်း မြင်တွေ့ရပါတယ်။
အမျိုးသားများနှင့် အပြိုင် အလုပ်လုပ်နေရသေ ဒေါ်နဲနယ်ဦး (ဓါတ်ပုံ-ကေတီ) |
သဲတူးလို့ ထောင့်တနေရာမှာ တဲမိုးကာအောက်မှာ နားနေတဲ့ အသက် ၃၅ နှစ်ပတ်ဝန်းကျင်ခန့်ရှိတဲ့ အဒေါ်တစ်ယောက်အနားကို သွားပြီး စကားစပ်ပြောမိပါတယ်။
အဒေါ့်ရဲ့နာမည်ကတော့ ဒေါ်နဲ့နယ်ဦးလို့ ခေါ်ပြီး ဒီးမော့ဆိုမြို့ပေါ် ရူးဖယ်ခူရပ်ကွက်မှာ နေထိုင်သူဖြစ်ပါတယ်။
အဒေါ်နဲ့နယ်ဦးက အခုလို သဲကျင်းတွေထဲမှာ ဖုန်တထောင်းထောင်း နေပူကျဲကျဲနဲ့ အလုပ်လုပ်ပြီး ငွေရှာတာ နှစ်နှစ်ရှိသွားပြီလို့ဆိုပါတယ်။
တနင်္ဂနွေနေ့ကလွဲရင် နေ့စဉ် နေအပူရှိန်အောက်မှာ ပင်ပင်ပန်းပန်းနဲ့ ချွေးတွေက ခြေမအထိ ကျပြီး သဲမှုန့်တွေကို နေ့စဉ် ရှူရှိုက်ရပါတယ်။
ဒေါ်နဲ့နယ်ဦးတစ်ယောက်မှာ နားနေခိုက်မှာတောင် ကျမနဲ့ စကားပြောနေရင်း မောနေတဲ့ဒဏ်ကြောင့် အသံက ကတုန်ကယင် ဖြစ်နေရှာပါတယ်။ အဒေါ်က သဲတောင်ကို မနက် ၇ နာရီကနေစပြီး ည ၅ နာရီအထိ အလုပ်လုပ်ရပါတယ်။
သဲတောင်ကိုတော့ သဲတင်တဲ့ ကားတွေ စက်တွေနဲ့ အကြုံလိုက်လာသလို တခါတလေ အိမ်ကနေ သဲတောင်ထိ ခြေလျှင်နဲ့ မိနစ် ၃၀ ကျော်လောက် လမ်းလျှောက်လာခဲ့ ရပါတယ်။
သဲတူးသမားတွေရဲ့အလုပ်ကတော့ တနေ့တနေ့ သဲကျင်းထဲမှာ ဂန်းစက်တွေနဲ့တူးရသလို သဲလာတင်တဲ့ ကားတို့ စက်တို့ပေါ်မှာ ဂေါ်ပြားတွေနဲ့ဂေါ်တင်ပေးရပါတယ်။
ဒါတွေအားလုံး ဒေါ်နဲ့နယ်ဦးတို့လို အမျိုးသမီးတွေ မိခင်တွေက အမျိုးသားတွေလုပ်နေသလို လုပ်နေကြရတာပါ။
လုပ်အားခအနေနဲ့တော့ တရက်ကို ပုံမှန် ၆၀၀၀ ကျပ်ရပါတယ်။ တစ်ခါတစ်လေ သဲတူးဖို့ ဂန်း စက်ပစ္စည်းချို့ယွင်းသွားတာတို့ စက်ပစ္စည်း ပြန်ဝယ်ထည့်ရတာတို့ကြောင့် ဝင်ငွေက နည်းသွားတယ်လို့ ဆိုပါတယ်။
သဲတောင် သဲကျင်းတွေထဲမှာ သဲတူးတဲ့အလုပ်က နေ့စဉ်အလုပ်ရှိတယ်ဆိုပေမယ့် အလုပ်သမားများတဲ့ နေ့တွေမှာဆိုရင် လုပ်အားခ ၁၅၀၀ ၊ ၂၀၀၀ ကျပ်လောက်သာ ရကြပါတယ်။
ဒေါ်နဲ့နယ်ဦးဟာ ယခင်က သဲမတူးခင် ခင်ပွန်းကသာလျှင် သဲတောင်မှာဘဲ သိတတ်စ အရွယ်ကလေးငယ် ဘဝကတည်းက သဲတောင်မှာ အလုပ်လုပ်ကိုင်ရင်း အသက်မွေးဝမ်းကျောင်း ပြုခဲ့သူဖြစ်တယ်လို့သိရပါတယ်။
ဒေါ်နဲနယ်ဦး |
သဲပြိုမိခဲ့တဲ့ ဒဏ်ကြောင့် ယခုချိန်ထိ နာမကျန်းဖြစ်နေရပြီး အိမ်မှာနားနေရတယ်လို့ဆိုပါတယ်။ ဒီလိုနဲ့ ဒေါ်နဲ့နယ်ဦးက အိမ်ထောင်ဦးစီးအလုပ်တွေမှန်သမျှ ပုခုံးပြောင်းတာဝန်ထမ်းဆောင်ဖို့ ခင်ပွန်းဖြစ်သူရဲ့ နေရာကို ပြန်လည်အစားထိုး ဦးဆောင်လာ ခဲ့ရတာဖြစ်တာဖြစ်ပါတယ်။
“ အဲဒီ သဲပြိုမိတဲ့ ဒဏ်တွေလဲ သူအခုခံနေရတာလေ သူအဲလိုတူးတူးရင်းနဲ့ သဲပြိုမိတော့ ညှပ်ပြီးမြုပ်သွားတာလေ သူ့အဖေါ်တွေပြန်ဖေါ်တော့ အဲဒီခါး လမ်းလျှောက်လို့ မရတော့ဘူး ” လို့ ဒေါ်နဲ့နယ်ဦးက ပြောပြပါတယ်။
တစ်နေ့လုပ်တစ်နေ့စားရတဲ့ ဘဝကြောင့် ဆေးမကုနိုင်ဘဲ အိမ်တွင် ဆေးဖက်ဝင်အရွက်ပြုတ်ရည် ကိုသာမှီခိုအားထားနေရရှာပါတယ်။
ဒေါ်နဲ့နယ်ဦးမှာ မိသားစု လေးဦးရှိပြီး နာမကျန်းဖြစ်တဲ့ ခင်ပွန်းနဲ့ ယောက္ခမကို လုပ်ကျွေးပြုစုနေရပါတယ်။
သူ့မှာ တဦးတည်းသောသား တူးမောင်ရှိပြီး ဒုတိယတန်း ဒေါတမငယ် အလယ်တန်းကျောင်းမှာ ပညာသင်ကြားနေပါတယ်။
သားလေးတူးမောင်ရဲ့ ပညာရေးကို ဆရာမသဖွယ် ဦးဆောင်လမ်းညွန်ပေးချင်တဲ့ စိတ်ဆန္ဒအပြည့်အဝရှိနေပေမယ့်လို့ စားဝတ်နေရေး အဆင်မပြေတာတွေကြောင့် သူ့ရဲ့သား ပညာရေးကို သေချာ ဦးဆောင်လမ်းညွန် ပေးတာမျိုးမလုပ်ပေးနိုင်တဲ့အတွက် စိတ်မကောင်းဖြစ်နေရတယ်လို့ ပြောပါတယ်။
ကျောင်းမနေခဲ့ရလို့ ပညာမတတ်ခဲ့လို့ အခုလို နေပူရှိန်ပြင်းပြင်းအောက်မှာ ငွေရှာရတဲ့ ဘဝမျိုးကို အဒေါ်ရဲ့သားလေး အမွေမဆက်ခံစေဖို့ သားလေး ပညာတတ်ဖြစ်စေ ချင်တယ်လို့ ပြောပါတယ်။
“ သူ့ကို ဒီလိုမဖြစ်စေချင်ဘူးပေါ့နော် သူ့ကိုတော့ ကိုယ်ကတော့ သဲတူးဆိုလဲ တတ်နိုင်သလောက် ကိုယ်ကတူးနေမှာဘဲ ဘာလို့လဲဆို သူ့ရဲ့ပညာရေးအတွက်ဘဲ ˝ လို့ ဒေါ်နဲ့နယ်ဦး ပြောပါတယ်။
သားတူးမောင် ငယ်ရွယ်စဉ်အချိန်က ကျောပိုးထားပြီး ဈေးရောင်းခဲ့ရတယ်လို့သိရပါတယ်။ အဒေါ်နဲ့နယ်ဦးလိုဘဲ သဲတောင်မှာ အလုပ်လုပ်နေကြတဲ့ အမျိုးသမီးတွေ စုစုပေါင်း အဲဒီသဲ ကျင်း တစ်ကျင်းထဲမှာဘဲကို အယောက် ၃၀ ကျော်လောက်တွေ့ခဲ့ရပါတယ်။
အဲဒီထဲမှာ အမျိုးသမီးအများစုက သားရေးသမီးရေးအတွက် ရုန်းကန်လှုပ်ရှားပြီး ငွေရှာနေကြတဲ့ မိခင်တွေ ဖြစ်ကြပါတယ်။
သဲတူးတဲ့အလုပ်က လွယ်တော့မလွယ်လှပါ ၊ အန္တရာယ်ကလဲ ကိုယ့်ကိုကိုယ် ဝိုင်းထားသလိုလို ဂရုတစိုက်စွာနဲ့ အပေါ်က ကျောက်တုံးကျောက်ခဲတွေ ကျလာတတ်သလို ဂန်းထိုးနေရင်း တန်းလန်း လက်ချော်မည်ဆိုလျှင် ခေါင်းပေါ်တွင် ကျတတ်သည့်အတွက် သတိဝီရိယနဲ့ ဂရုတစိုက် လုပ်နေကြရပါတယ်။
မိုးရာသီအချိန်တော့ မိုးရွာလျှင် ဂန်း နှင့်တူးရသည့်အတွက် ဓာတ်လိုက်တာတို့ ၊ သဲတောင်ပြိုတာတို့ ဖြစ်တတ်တဲ့အတွက် အသက်အန္တာရာယ်စိုးရိမ်ရပါတယ်။
မိုးရွာရင်တော့ တူးထားတဲ့ သဲမှန်သမျှ သဲထဲရေသွန်သလို မိုးနှင့်အတူ သဲတွေကပါသွားတတ်ပါတယ်။
ကျမတို့ ဘေးနားတွင်ရပ်နေတဲ့ သဲကျင်းကော်မတီ ဥက္ကဌ ဦးရန်နိုင်စိုးက “ အသက်အန္တာရယ်ကတော့ သဲကျင်းတိုင်းလိုလိုစိုးရိမ်ရတယ် ။ ကျင်းမြင့်ရင်မြင့်သလိုနက်ရင်နက်သလိုပေါ့ ဟိုးကမ်းပါးပေါ်က ခဲလုံးသေးသေးလေးတွေ လောက်စာလုံးလောက်ဟာမျိုးကျတာကအစ ခြေထောက်ပေါ်ပြုတ်ကျဒါကတော့ပေါက်ပြီးသားပါဘဲ။” လို့ ပြောပြပါတယ်။
အရင်နှစ်တွေကဆိုရင် သဲပြိုကျပြီး အမျိုးသားသုံးဦး သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့လည်း သိရပါတယ်။ လွန်ခဲ့တဲ့ နှစ်တွေကဆိုရင်လည်း ကိုယ်ဝန်ဆောင်မိခင်တစ်ဦး ၊ ကလေးတစ်ဦးလည်း သဲပြိုကျမိတဲ့အတွက် သေဆုံးခဲ့သည့် ဖြစ်ရပ်လည်း ရှိခဲ့ဖူးတယ်လို့ ဦးရန်နိုင်စိုးက ပြောပါတယ်။
သဲတောင်မှာ သဲကျင်းပေါင်း ၃၀ ကျော်ရှိတဲ့အနက် ယခုလို အသက်အန္တာရာယ်ရှိနေတဲ့ အခြေအနေထိ ဖြစ်လာတဲ့ကျင်းတွေကိုတော့ သက်ဆိုင်ရာအစိုးရကနေ ဆက်လက်တူးဖော်ဖို့ခွင့်ကို ပိတ်ပင်တားမြစ်လာတာတို့ အသိပေးတာတို့ရှိတယ်လို့သိရပါတယ်။
သို့ပေမယ့်လို့ သဲကျင်းကော်မတီတွေကနေပြီး သဲတူးသမားတွေ အလုပ်လက်မဲ့ဖြစ်မှာစိုးလို့ အသက်အန္တာရာယ်ကြားကနေပြီး ဆက်လက်လုပ်ကိုင်ခွင့် တောင်းဆိုထားကြပါတယ်။
သဲကျင်းပိုင်ရှင်တွေကိုတော့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးကို အခွန်ငွေ အရင်နှစ်က အခွန်ငွေ နှစ်သိန်းရှစ်သောင်းပေးဆောင်ထားပြီး သဲတောင်သဲကျင်းလုပ်ပိုင်ခွင့် လက်မှတ်ထုတ်ပေးထား တယ်လို့ သိရပါတယ်။
ဒီးမော့ဆိုမြို့မှာရှိတဲ့ သဲတောင်တွေကတော့ ဒေါ်နဲ့နယ်ဦးတို့လို မိသားစုအတွက်သာမက ကယားပြည်နယ်အတွင်းရှိ လူမျိုးစုများအပြင် အခြားသော ပြည်နယ်ရှိ ချင်း၊ ရခိုင်လူမျိုးတွေကလည်း လာရောက် အလုပ်လုပ်ကိုင်နေကြပါတယ်။
ယခု ဒေါ်နဲ့နယ်ဦး အလုပ်လုပ်နေတဲ့ သဲတောင်ကို ကုမ္မဏီတွေက လာပြီးလုပ်ကိုင်ဖို့ မကြာခဏလာရောက်လေ့လာနေကြတဲ့ သူတွေရှိနေတယ်လို့ သိရပါတယ်။
ရှေးလူကြီးတွေဟောကိန်းထုတ်ထားခဲ့တာမမှားပါဘူး။ တချိန်ကျရင် ရွှေတောင်၊ငွေတောင် ၊ ပတ္တာမြားတောင်တွေရဲ့အနားမှာ ၀က်ကြီးတွေမြေလာတူးလိမ့်မယ်လို့ဟောထားခဲ့ပါတယ်။ ၀က်ကောင်ကြီးတွေကို မြေတူးစက်ကြီး(ဒိုစာ)တွေကိုဆိုလိုခြင်းဖြစ်ပါတယ်။
ကုမ္မဏီတွေကနေပြီး စက်တွေ ဒိုစာတွေနဲ့ သဲတောင်ကိုလာဖြိုချသွားပါက ဒေါ်နဲ့နယ်ဦးတို့လို လက်လုပ်လက်စားဘဝသမား ရာနဲ့ချီပြီး အလုပ်လက်မဲ့ဖြစ်သွားနိုင်တဲ့အတွက် အဒေါ်နဲ့အတူ သဲတူးသမားတွေအားလုံးက စိုးရိမ်နေကြရပါတယ်။
“သူတို့ဝင်လာရင်ဒီတောင်တွေခဏလေးနဲ့ ကုန်သွားမှာလေ ဒီလိုမျိုးလက်လုပ်လက်စားတွေက ဘာသွားလုပ်တော့မလဲ ဘာမှလုပ်စရာမရှိတော့ဘူးလေ ၊ ကုမ္မဏီကိုမဝင်ခိုင်စေချင်ဘူး တောင်တွေလည်း ခဏလေးနဲ့ကုန်သွားလိမ့်မယ်။ ”လို့ ဒေါ်နဲ့နယ်ဦးက ပြောပါတယ်။
အခုလို အလုပ်ကြမ်းလုပ်နေရတဲ့အတွက် မကြာခဏ အဒေါ်မှာလည်း ဗိုက်အောက်တာတို့ ၊ ဗိုက်နာတာတို့ ခံစားရတယ်လို့ ဆိုပါတယ်။ သူမကတော့ ငွေအရင်းအနှီးရှိမည်ဆိုလျှင် ဒီအလုပ်ကို မလုပ်တော့ဘဲ စီးပွားရေးတစ်ခုခုလုပ်ဖို့ ဆန္ဒပြုထားပါတယ်။
ဒီလို သဲတောင်တွေ သဲကျင်းတွေထဲ အသက်အန္တာရာယ်များတဲ့ အဒေါ်တို့လို အမျိုးသမီးတွေ သဲတူးသမားတွေရဲ့ ဘဝကိုတော့ သဲကျင်းပိုင်ရှင်တွေကနေပြီး ဘာအသက်အာမခံချက်မှ မရှိပါဘူး။
ဒေါ်နဲ့နယ်ဦးကတော့ သူမလို အသက်အန္တာရာယ်ကြား အလုပ်ကြမ်းမလုပ်ရစေဖို့ သားလေး နဲ့ လူငယ်လူရွယ် ကလေးငယ်တွေအားလုံးကို လွယ်လွယ်ကူကူနဲ့ ပညာသင်ကြားနိုင်ခွင့် ရနိုင်ဖို့ ဆန္ဒပြုသွားပါတယ်။
အိမ်တွင်းရေးအလုပ်တွေတစ်ဖက် သားရေးသမီးရေးအတွက် ပညာရေး ၊ ဝမ်းစာရေး တစ်ဖက်တစ်လမ်း နဲ့ အသက်အန္တာရယ်ရှိလှတဲ့ ယခုလို သဲတောင် သဲကျင်းတွေထဲမှာ အမျိုးသားတွေနဲ့ တန်းတူ ဝင်ငွေရှာနေကြတဲ့ ဒေါ်နဲ့နယ်ဦးလို မိခင်တွေကတော့ အာဃမိခင်တွေပါဘဲ…။
Written by ဟိုစဲနာ
ကန္တရဝတီတိုင်း
http://www.ktimes.org
သဲတောင်ကြားက အာဃမိခင်
Reviewed by သစ်ထူးလွင်
on
12:38
Rating: