ဆိုင်ကယ်ချင်းကပ်လျက် အမျိုးသမီးထံမှ ငွေကျပ် ၄၃၅ သိန်းကို လုယူထွက်ပြေး


မန္တလေး ၊ ၁၀-၄-၂၀၁၅

မန္တလေး အောင်မြေသာစံ မြို့နယ်အတွင်း ဘဏ်က ငွေထုတ်လာသူ အမျိုးသမီးထံမှ ဆိုင်ကယ်စီး လူနှစ်ဦးက ဆိုင်ကယ်ချင်း ကပ်လျက် ငွေကျပ် ၄၃၅ သိန်းပါ ငွေထုပ်ကို လုယူ ထွက်ပြေးမှု ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ဧပြီ ၈ ရက် နံနက် ၁ဝ နာရီ ၄၅ မိနစ်က မန္တလေး အောင်မြေသာစံ မြို့နယ် ၁၉x၂ဝ လမ်းကြား၊ ၈ဝx၈၁ လမ်းကြား၊ ပုလဲငွေရောင် ရပ်ကွက်နေ ဒေါ်လှလှသိန်း သည် သူငယ်ချင်း ဖြစ်သူ မမင်းမင်း နှင့်အတူ ၂၆ လမ်းနှင့် ၈၃ လမ်းထောင့်ရှိ မြန်မာ့စီးပွားရေး ဘဏ်(၁)မှ ငွေကျပ် ၄၃၅ သိန်းကို ထုတ်ယူ၍ ကြွပ်ကြွပ်အိတ် အနက်ရောင်ဖြင့် ထည့်လျက် မမင်းမင်း က ဆိုင်ကယ် မောင်းနှင်ပြီး ဒေါ်လှလှသိန်း က ငွေထုပ်ကိုင်ကာ နောက်ထိုင် လိုက်ပါလာရာ ၈၂ လမ်း၊ ၂ဝx၂၂ လမ်းကြား အရောက်တွင် နောက်မှ နံပါတ်မပါ ၁၂၅ ရုပ်ဆိုး အနီရောင် ဆိုင်ကယ်ဖြင့် လိုက်ပါလာသည့် နေကာမျက်မှန် တပ်ထားသော အသက် ၃ဝ နှစ်ခန့် လူနှစ်ဦး အနက်နောက်မှ လိုက်ပါ လာသူက ငွေထုပ်ကို ရုတ်တရက် လုယူရာ ဒေါ်လှလှသိန်း က ပြန်လည်ဆွဲထား သဖြင့် ထပ်မံ၍ ဆောင့်ဆွဲရာ ဒေါ်လှလှသိန်း မှာ ဆိုင်ကယ်ပေါ်က ပြုတ်ကျပြီး ငွေထုပ် လုယူသူများမှာ ငွေထုပ်နှင့် အတူ ဆက်လက် မောင်းနှင် ထွက်ပြေးသွား သဖြင့် ဒေါ်လှလှသိန်း ကတိုင်တန်း၍ မြို့မရဲစခန်း (အောင်မြေသာစံ) က (ပ)၈ဝ/၂ဝ၁၅၊ ပြစ်မှု ပုဒ်မ ၃၈၂ အရ အမှုဖွင့်ပြီး တရားခံ ဖော်ထုတ် ဖမ်းဆီးရမိရေး ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

PyiChitThar
http://www.pyichitthar.com
ဆိုင်ကယ်ချင်းကပ်လျက် အမျိုးသမီးထံမှ ငွေကျပ် ၄၃၅ သိန်းကို လုယူထွက်ပြေး  ဆိုင်ကယ်ချင်းကပ်လျက် အမျိုးသမီးထံမှ ငွေကျပ် ၄၃၅ သိန်းကို လုယူထွက်ပြေး Reviewed by သစ်ထူးလွင် on 12:11 Rating: 5
Powered by Blogger.