နှုတ်ခမ်းနီမလေးများ၏ အသည်းစွဲ ဂျက်စတင်းဗီဗာကို အာဂျင်တီးနားက ဖမ်းဝရမ်းထုတ်


အာဂျင်တီးနား တရားရုံးတခုက နှုတ်ခမ်းနီမလေးတေတွ အသည်းစွဲ ပေါ့ပ်ကြယ်ပွင့် ဂျက်စတင်းဗီဗာကို ဖမ်းဆီးဖို့ ဧပြီ ၁၀ ရက်နေ့က ၀ရမ်းထုတ်လိုက်ပါတယ်။

ဒါကြောင့် ကနေဒါ အဆိုတော်ဟာ အာဂျင်တီးနား မြေပေါ်ကို ခြေချရင် အဖမ်းခံရမှာ ဖြစ်ပါတယ်။

၂၀၁၃ ခုနှစ်က ဘူနော့စ် အဲ့ရစ်မြို့က နိုက်ကလပ်တခုမှာ နယ်ခံ သတင်းထောက်တဦးကို ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံရတာပါ။

တရားရုံးရဲ့ အတွင်းရေးမှူး ဆိုးဒတ် နီတိုးကလည်း ဂျက်စတင်းဗီဗာရဲ့ ဖမ်းဝရမ်းကိစ္စကို အတည်ပြုပါတယ်။ ဗီဗာနဲ့ အတူ သူရဲ့ ကိုယ်ရံတော် တဦးလည်း ဖမ်းဝရမ်း ထုတ်တဲ့အထဲမှာ ပါဝင်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းကလည်း အဲဒီ အမှုနဲ့ပတ်သက်လို့ အစစ်ဆေးခံဖို့ တခြားတရားရုံးတခုက အမိန့်ထုတ်ပြန်ခဲ့ပါတယ်။

အသက် ၂၁ နှစ်အရွယ် အဆိုတော်က ဂျက်စတင်း ဗီဗာဟာ  နိုင်ငံအတော်များများမှာ အခုလို အမှုတွေ အမြောက်အမြား ရှိပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no
နှုတ်ခမ်းနီမလေးများ၏ အသည်းစွဲ ဂျက်စတင်းဗီဗာကို အာဂျင်တီးနားက ဖမ်းဝရမ်းထုတ်  နှုတ်ခမ်းနီမလေးများ၏ အသည်းစွဲ ဂျက်စတင်းဗီဗာကို အာဂျင်တီးနားက ဖမ်းဝရမ်းထုတ် Reviewed by သစ်ထူးလွင် on 12:32 Rating: 5
Powered by Blogger.