မြေမြှူပ်မိုင်း ရှင်းချင်ပေမယ့် ရှင်းခွင့်မရ

စစ်အစိုးရတပ်များ ထောင်ထားသော မြေမြုပ်မိုင်းများကို ပြန်လည် တူးဖော်ပြီးနောက်တွေ့ရစဉ်။ (Photo: Courtesy of Free Burma Rangers)
ပြည်တွင်းစစ်ကြောင့် တိုင်းရင်းသားဒေသတွေမှာ အနှံ့အပြားရှိနေတဲ့ မြေမြှူပ်မိုင်းတွေ ရှင်းလင်းရေးကို အစိုးရအနေနဲ့ တရားဝင်ခွင့်ပြုသင့်တယ်လို့ မြန် မာမြေမြှူပ်မိုင်းရှင်းလင်းရေး ရှေ့ဆောင်အဖွဲ့ က ပြော ပါတယ်။

ကချင်၊ ကယား၊ ကရင်၊ ရှမ်း ၊ မွန်ပြည်နယ်တွေနဲ့ ပဲခူးတိုင်းအရှေ့ခြမ်းဒေသတွေက လူဦးရေ ငါးသန်း ၀န်းကျင်အတွက် မြေမြှူပ်မိုင်းတွေဟာ အလွန် အန္တရာယ် ကြီးမားနေပါတယ်။

Peace Myanmar Aid Foundation အဖွဲ့ ဥက္ကဌ ဦးသန့်ဇင်က တချို့မြေမြှူပ်မိုင်းတွေ ပေါက်ကွဲခဲ့ ပြီးဖြစ်ပေမဲ့၊ မပေါက်ကွဲသေးတဲ့ မိုင်းတွေ အများအပြား ရှိနေပါသေးတယ်၊ အစိုးရဆီက ခွင့်ပြုချက်မရဘဲ၊ အဲဒီ မိုင်းတွေ ရှင်းလို့မရပါဘူး၊ မိုင်းတွေရှင်းခွင့် ရဖို့ စောင့်စားနေကြတဲ့ မြေမြှူပ်မိုင်းရှင်းအဖွဲ့ ၇ ဖွဲ့ရှိနေ ပါတယ် လို့ ပြောပါတယ်။

ရန်ကုန်မြို့ ကန်တော်ကြီး ပဲလေ့စ် ဟိုတယ်မှာ ကျင်းပခဲ့တဲ့ ၁၀ ကြိမ်မြောက် နိုင်ငံတကာ မိုင်းအန္တရာယ်ကင်း ရှင်းရေး နှစ်ပတ်လည်နေ့ အခမ်းအနားမှာ ပြောကြားခဲ့တာပါ။

အဲဒီပွဲမှာ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ ၀န်ကြီးချုပ် ဦးမြင့်ဆွေက အခုအချိန်မှာ ထာဝရငြိမ်းချမ်းရေးအတွက် တစ်နိုင်ငံ လုံးအပစ်အခတ်ရပ်စဲရေး သဘောတူခဲ့ကြပြီမို့ မိုင်း ရှင်းလင်းရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်တော့မှာဖြစ်ကြောင်း ပြော ကြားခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ မြေမြှူပ်မိုင်း အန္တရာယ်ကြီးမားတဲ့ နိုင်ငံတွေစာရင်းမှာ ထိပ်ဆုံးနားက ပါဝင်နေပေမယ့် နိုင်ငံတကာအသိ အမှတ်ပြု မိုင်းရှင်းအဖွဲ့တွေအနေနဲ့ တရားဝင် မိုင်းရှင်းခွင့်မရသေးပါဘူး။ ဒါ့ပြင် မြန်မာနိုင်ငံတွင်းမှာ ရှိနေတဲ့ မြေမြှုပ်မိုင်း အရေအတွက်ကိုလည်း အတိအကျမသိရဘဲဖြစ်နေပါတယ်။

RFA Burmese
http://www.rfa.org/burmese
မြေမြှူပ်မိုင်း ရှင်းချင်ပေမယ့် ရှင်းခွင့်မရ   မြေမြှူပ်မိုင်း ရှင်းချင်ပေမယ့် ရှင်းခွင့်မရ Reviewed by သစ်ထူးလွင် on 12:11 Rating: 5
Powered by Blogger.