ဗကသကျောင်းသူကို နေအိမ်မှ ဖမ်းဆီး အင်းစိန်ထောင်ပို့ဆောင်





ငြိမ်းချမ်းစွာ ဆန္ဒပြသဖြင့် ဖမ်းဝရမ်း ထုတ်ခံထားရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) ကျောင်းသူ မရတနာစုပိုခိုင် ခေါ် မပိုပိုကို ကမာရွတ်ရဲ စခန်းက နေအိမ်မှာ လာရောက် ဖမ်းဆီးသွားပါတယ်။

အသက် ၁၉ အရွယ် တတိယနှစ်တက္ကသိုလ်ကျောင်းသူ မပိုပိုကို  ဧပြီလ ၈ ရက်နေ့ညနေ ၄ နာရီလောက်မှာ ကမာရွတ်ရဲစခန်း တာဝန်ရှိသူတွေက သူမနေအိမ်ကနေ ခေါ်သွားခဲ့ပြီး စခန်းမှာ ချုပ်နှောင်ထားတာလို့ မပိုပိုရဲ့ အစ်မ မအိပုံက ဒီဗွီဘီကို ပြောပါတယ်။

မပိုပိုဟာ ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်နေ့ လှည်းတန်းကျောင်းသားဆန္ဒပြမှုမှာ ပါဝင်ခဲ့တာကြောင့်  ဆန့်ကျင်တဲ့အစုအဝေး၊ရုံးရင်းးဆန်ခတ်မှုမှာပါဝင်ကျူးလွန်ခြင်းပုဒ်မ တွေအပြင် နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(ခ) တို့နဲ့ အမှုဖွင့်ခံထားရသူပါ။

ဧပြီလ ၉ရက်နေ့မှာ မပိုပိုကို ကမာရွတ်ရဲစခန်းကနေ ကမာရွတ်တရားရုံးမှာ  အချုပ်သားတရားခံအဖြစ် ရုံးထုတ် ရက်ချိန်းယူပြီး အင်းစိန် အကျဉ်းထောင်ကိုပို့ဆောင်လိုက်ပြီဖြစ်ပါတယ်။

ဧပြီလ၁၀ရက်နေ့မှာ မပိုပိုနဲ့အတူ အမှုတွဲကျောင်းသား ကိုဝင်းကျော်မှူးတို့ နှစ်ဦးကို  အင်းစိန်အကျဉ်းထောင်ကနေ ကမာရွတ်တရားရုံးမှာ ရုံးထုတ်စစ်ဆေးဖို့ရှိပါတယ်။

ဓာတ်ပုံ – ကောင်းထက်ကျော်
  By ဒီဗွီဘီ
http://burmese.dvb.no

ဗကသကျောင်းသူကို နေအိမ်မှ ဖမ်းဆီး အင်းစိန်ထောင်ပို့ဆောင်  ဗကသကျောင်းသူကို နေအိမ်မှ ဖမ်းဆီး အင်းစိန်ထောင်ပို့ဆောင် Reviewed by သစ်ထူးလွင် on 18:56 Rating: 5
Powered by Blogger.