တရုတ် ဓါတုစက်ရုံ မီးလောင်မှု ဖြစ်ပွား


တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း Fujian ပြည်နယ်ရှိ ဓါတုစက်ရုံတခုမှာ ပေါက်ကွဲမှု ဖြစ်ပွားရာက မီးလောင်ကျွမ်းမှု အကြီးအကျယ် ဖြစ်ပွားခဲ့ပါတယ်။

Zhangzhou မြို့က paraxylene (PX ) ထုတ်လုပ်တဲ့စက်ရုံမှာ တနင်္လာနေ့ ညနေပိုင်းက ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး မီးလောင်မှုကြောင့် လူ ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆင်ဟွာသတင်းက ဆိုပါတယ်။

Paraxylene ဆိုတာဟာ မီးလောင်လွယ်တဲ့ ဓာတုပစ္စည်းတမျိုးဖြစ်ပြီး ပေါ်လီအက်စတာ အ၀တ်အထည်တွေ နဲ့ ပလတ်စတစ်ပစ္စည်းတွေ ထုတ်လုပ်ရာမှာ သုံးစွဲတာ ဖြစ်ပါတယ်။
ဒီစက်ရုံကို တရုတ်နိုင်ငံမှာ အကြီးမားဆုံး(PX ) ထုတ်လုပ်တဲ့ Dragon Aromatics က ဦးစီးလုပ်ကိုင်နေတာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာ PX စက်ရုံ တည်ဆောက်တာနဲ့ ပတ်သက်ပြီး ဒေသခံတွေအကြား ကန့်ကွက်မှုတွေ ဖြစ်ပေါ်ခဲ့ပြီး ပြီးခဲ့တဲ့နှစ်က ဂွမ်ဒေါင်းပြည်နယ်မှာ ဆန္ဒပြပွဲတွေ အကြီးအကျယ် ဖြစ်ပွားခဲ့ပါတယ်။

ဒေသခံတွေက လူတွေကို အန္တရာယ် ဖြစ်စေတဲ့ ဒီဓာတုပစ္စည်းထုတ်လုပ်တဲ့ စက်ရုံတွေက ထွက်တဲ့ အညစ်အကြေးတွေကို စိုးရိမ် ကြောက်လန့်ကြတာ ဖြစ်ပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese
တရုတ် ဓါတုစက်ရုံ မီးလောင်မှု ဖြစ်ပွား  တရုတ် ဓါတုစက်ရုံ မီးလောင်မှု ဖြစ်ပွား Reviewed by သစ်ထူးလွင် on 18:09 Rating: 5
Powered by Blogger.