ဧရာဝတီတံတားမှ လျှပ်စစ်မီးကြိုးခိုးသူများ ဖမ်းမိ


မကွေး ဧပြီ ၇

မကွေးခရိုင် အင်ဂျင်နီယာမှူးနှင့် အင်ဂျင်နီယာ (လျှပ်စစ်)အဖွဲ့သည် ဧရာဝတီတံတား(မလွန်)၏ မီးမလင်း သောနေရာများအားစစ်ဆေးရာ တံတား၏ RP-1 Panael မှ UVF Steran ရထားချဉ်းကပ်တံတားသို့ တပ်ဆင်ထား သည့် ၁၆ မီလီမီတာကေဘယ်လ်လျှပ်စစ်မီးကြိုး လေး ချောင်း၊ ပေ ၈၄ဝဝ၊ ၁ဝ မီလီမီတာ၊ ကေဘယ်လ်လျှပ်စစ် မီးကြိုးလေးချောင်း၊ ပေ (၈၄ဝဝ)၊ ၄ မီလီမီတာကေဘယ်လ် လျှပ်စစ်မီးကြိုးနှစ်ချောင်း၊ ပေ ၂၁ဝဝ စုစုပေါင်း လျှပ်စစ် မီးကြိုး ပေ ၁၈၉ဝဝ၊ ကာလတန်ဖိုးငွေကျပ်သိန်း၂၄ဝ ကျော်ခန့် ပျောက်ဆုံးနေသဖြင့် ကေဘယ်လ်လျှပ်စစ်မီးကြိုး များ ခိုးယူသူများကို ဖော်ထုတ်အရေးယူပေးပါရန် ၂၃-၉-၂ဝ၁၄ ရက်က တိုင်ကြားထားခဲ့ကြောင်း သိရသည်။

မကွေးခရိုင်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက မကွေးမြို့မ ရဲစခန်းတွင် ပြစ်မှုကျူးလွန်သူဝေဠုကို စစ်ဆေးခဲ့ရာ လွန်ခဲ့ သော ရှစ်လခန့်က မကွေးမြို့နယ်ပဌနဂိုလ် ကျေးရွာအုပ်စု ရွာသစ်ကျေးရွာနေ ချမ်းငြိမ်းကို ဆာလာအိတ်များနှင့်အတူ မင်းလှမြို့မှ ရန်ကုန်သို့သွားရန် လိုက်ပို့ပေးခဲ့ကြောင်း၊ ဆာလာအိတ်များအတွင်း ကေဘယ်လ်ကြိုးများပါကြောင်း၊ ရန်ကုန်သို့ ဝင်းနိုင်ဦး၊ဝင်းမြိုင်၊ စိုးအောင်တို့က သွားရောက် ရောင်းချမည်ဖြစ်ကြောင်း ထွက်ဆိုချက်အရ သိရသည်။

လွန်ခဲ့သော ရှစ်လခန့်က ဧရာဝတီတံတား(မလွန်)တွင် သွယ်တန်းထားသော ကေဘယ်လ်ကြိုးများကိုချမ်းငြိမ်း နှင့် ဝင်းမြိုင်တို့နှစ်ဦးနှင့်အတူ ဝင်းနိုင်ဦးနှင့် စိုးအောင်တို့က ပူးပေါင်း၍ သုံးကြိမ်တိုင်တိုင် ခိုးယူခဲ့ကြောင်း၊ ကေဘယ်လ် ကြိုးများကို အခွံခွာ၍ အခွံများကို ရွာသစ်ချောင်းအတွင်း သို့ ပစ်ချခဲ့ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာ မြို့နယ် ရွှေပြည်သာဈေးအတွင်းရှိ ဒန်၊ သတ္တုများရောင်းချ သည့် ဆိုင်တစ်ဆိုင်သို့ သုံးကြိမ်တိုင်တိုင် သွားရောက် ရောင်းချခဲ့ကြောင်း သိရသည်။

ဝင်းနိုင်ဦးအား မင်းလှမြို့မရဲစခန်းက ရဲစခန်း၌ ဖမ်းဆီးရမိထားပြီး ပြစ်မှုကျူးလွန်သူစိုးအောင်သည် ရန်ကုန်သို့ရောက်ရှိနေသဖြင့် စိုးအောင်ကို ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိပြီး သက်သေခံကေဘယ်လ်ကြိုးများ ကို ခိုးယူပြီးနောက် အပေါ်ကာဘာများကို ဧရာဝတီ တံတား(မလွန်) မီးရထားလမ်းအောက် လွှင့်ပစ်ခဲ့သဖြင့် သက်သေများနှင့် အတူရှာဖွေရာ ဧရာဝတီတံတား(မလွန်) မီးရထားလမ်းအောက်တိုင်အမှတ် RY-6 အနီး ဆူးချုံ အတွင်းမှ ပျောက်ဆုံးကေဘယ်လ်ကြိုးများ၏ အခွံအပိုင်း အစများကို သိမ်းဆည်းရရှိခဲ့ကြောင်းနှင့် ပြစ်မှုကျူးလွန်သူ ဝင်းမြိုင်နေအိမ်မှ ကေဘယ်လ်ကြိုးနန်းအခွံခွာရာတွင် အသုံးပြုသော ပလာယာတစ်ချောင်းကို ဧပြီ ၃ ရက်က သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

သက်သေခံကေဘယ်လ်ကြိုးမျာကို ရွှေပြည်သာ ဈေး အတွင်းရှိ ဒန်၊ သတ္တုများရောင်းချသည့်ဆိုင်သို့ သွားရောက် သိမ်းဆည်းရန်နှင့် ပြစ်မှုကျူးလွန်သူများကို ဥပဒေ နှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ညီညီမောင်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ဧရာဝတီတံတားမှ လျှပ်စစ်မီးကြိုးခိုးသူများ ဖမ်းမိ  ဧရာဝတီတံတားမှ လျှပ်စစ်မီးကြိုးခိုးသူများ ဖမ်းမိ Reviewed by သစ်ထူးလွင် on 05:02 Rating: 5
Powered by Blogger.