ကမ္ဘာ့ယဉ်ကျေးမှု ရှေးဟောင်း အမွေအနှစ်များ ရာသီဥတု ဖောက်ပြန်မှုနှင့် အကြမ်းဖက်သမား တို့၏ ဖျက်ဆီးခြင်းခံနေရ


ဂျီနီဗာ ၊ ၇-၄-၂၀၁၅

ISIS စစ်သွေးကြွ များက ကမ္ဘာ့ရှေးဟောင်း အမွေအနှစ် များကို ဖျက်ဆီး နေခြင်းကို လက်တွေ့ မြင်နေရ သော်လည်း လူသားတို့၏ မျက်စိဖြင့် မမြင်ရဘဲ ရာသီဥတု ပြောင်းလဲမှုက ဖျက်ဆီး နေသည်ကို သိရှိသူ နည်းပါးနေသည်။

ယမန်နှစ်က ယူနက်စကို အဖွဲ့မှ ကမ္ဘာ့ ယဉ်ကျေးမှု ရှေးဟောင်း အမွေအနှစ် များကို ရာသီဥတု ဖောက်ပြန် မှုကြောင့် ဖျက်ဆီးခံရမည့် အန္တရာယ်မှ ကာကွယ်နည်း လမ်းညွှန် စာစောင် ထုတ်ဝေခဲ့သည်။

အဆိုပါ စာစောင်တွင် သြစတြေးလျ နိုင်ငံမှ ကမ္ဘာကျော် သန္တာ ကျောက်တန်းကြီး၊ စပိန်နိုင်ငံ မှ Donana Wetland နှင့် အမေဇုန်မှ အမြဲစိမ်း သစ်တောတို့ ပျက်စီး သွားနိုင်ဖွယ် များကို ရှင်းလင်း တင်ပြထားပြီး ပတ်ဝန်းကျင်၏ ဂေဟစနစ် ဆက်လက် ရှင်သန်ရေး သည် သက်ဆိုင်ရာ အစိုးရများတွင် တာဝန်ရှိ နေသည်ဟု မှတ်ချက် ပေးထားကြောင်း ယူနက်စကိုမှ သိပ္ပံပညာရှင် များက ဒေသခံ အစိုးရများကို အရေးယူ ဆောင်ရွက် ကြရန် တိုက်တွန်း ထားကြောင်း သိရသည်။

ကမ္ဘာ့ ရှေးဟောင်း အမွေအနှစ် များသည် ရာသီဥတုကြောင့် ပျက်စီးလျက် ရှိရာ မကြာသေးမီက ပစိဖိတ် သမုဒ္ဒရာရှိ Vanutu ကျွန်းနိုင်ငံတွင် ဆိုက်ကလုန်း မုန်တိုင်း ဝင်ရောက် တိုက်ခတ် သွားရာ ၄င်းနိုင်ငံ၏ ကမ္ဘာ့ ယဉ်ကျေးမှု အမွေအနှစ်များ ဖျက်ဆီးခြင်း ခံလိုက်ရသည်။ ထို့ပြင် ရှေးဟောင်း အမွေအနှစ် များသည် ISIS စစ်သွေးကြွ တို့၏ ဖျက်ဆီးမှု ကိုလည်း ခံနေရပြီး အီရတ်နိုင်ငံ မိုဆူးမြို့ရှိ ပြတိုက်ကြီး တွင်းမှ ရှေးဟောင်း ယဉ်ကျေးမှု ပစ္စည်းများ၊ ရုပ်တုများကို ISIS စစ်သွေးကြွ များက ဘူဒိုဇာများဖြင့် ထိုးကော် ဖျက်ဆီး နေကြပုံကို ရုပ်သံ ရိုက်ကူးပြီး ကမ္ဘာ တစ်လွှားသို့ မကြာသေးမီက ထုတ်လွှင့် ပြသခဲ့သည်။ ၄င်းနောက် ရက်သတ္တပတ် အကြာတွင် ကမ္ဘာ့ ယဉ်ကျေးမှု အမွေအနှစ် ဒေသအဖြစ် သတ်မှတ် ထားသော Nimrud မြို့ရှိ ရှေးဟောင်း အဆောက်အအုံ များကို ဘူဒိုဇာ များဖြင့် ထိုးကော် ဖျက်ဆီးခံရပုံ ကိုလည်း ပြသခဲ့သည်။

ဘီစီ ၁၃ ရာစုမှ ရှေးဟောင်း မြို့တော်ကြီး Nimrud သည် အက်ဆီးရီးယန်း အင်ပါယာ ၏ ဒုတိယ မြို့တော် ဖြစ်ခဲ့ကြောင်း သိရသည်။

PyiChitThar
http://www.pyichitthar.com
ကမ္ဘာ့ယဉ်ကျေးမှု ရှေးဟောင်း အမွေအနှစ်များ ရာသီဥတု ဖောက်ပြန်မှုနှင့် အကြမ်းဖက်သမား တို့၏ ဖျက်ဆီးခြင်းခံနေရ  ကမ္ဘာ့ယဉ်ကျေးမှု ရှေးဟောင်း အမွေအနှစ်များ ရာသီဥတု ဖောက်ပြန်မှုနှင့် အကြမ်းဖက်သမား တို့၏ ဖျက်ဆီးခြင်းခံနေရ Reviewed by သစ်ထူးလွင် on 17:46 Rating: 5
Powered by Blogger.