တရုတ် ဓာတုစက်ရုံ မီးလောင်မှု၊ လူ တစ်သောင်းကျော် စွန့်ခွာရ



 တရုတ်နိုင်ငံ တောင်ပိုင်း၊ ဖူးကျင့် ပြည်နယ်က ဓာတု စက်ရုံမှာ တနင်္လာနေ့က စတင် လောင်ကျွမ်းခဲ့တဲ့ ပမာဏ ကြီးမားတဲ့ မီးလောင်ကျွမ်းမှုတွေကို အခုချိန်အထိ ငြှိမ်းသတ်နိုင်ခြင်း မရှိသေးဘဲ အနီးပတ်ဝန်း ကျင်က လူပေါင်း တစ်သောင်း လေးထောင်ကျော် နေရပ် စွန့်ခွာခဲ့ကြရတယ်လို့ တရုတ် သတင်းဌာနက ပြောပါတယ်။

ကျန်ကျိုး မြို့မှာ ရှိတဲ့ အဲဒီ ဓာတုစက်ရုံမှာ မီးသတ်သမား ၈၀၀ လောက်က မီးသတ်ကား စင်းရေ ၁၇၀ နဲ့အတူ ကြိုးစား ငြှိမ်းသတ်နေဆဲ ဖြစ်ပါတယ်။

ဆီယိုစိမ့်မှုကြောင့် တနင်္လာနေ့က စတင်ခဲ့တဲ့ မီးဟာ အနီးအနားက ဆီလှောင်ကန်တွေကို ကူးစက်ခဲ့ပြီး ၃ ကြိမ် ဆက်တိုက် လောင်ကျွမ်းနေခဲ့တာ ဖြစ်ပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese
တရုတ် ဓာတုစက်ရုံ မီးလောင်မှု၊ လူ တစ်သောင်းကျော် စွန့်ခွာရ  တရုတ် ဓာတုစက်ရုံ မီးလောင်မှု၊ လူ တစ်သောင်းကျော် စွန့်ခွာရ Reviewed by သစ်ထူးလွင် on 02:35 Rating: 5
Powered by Blogger.