ဘုရားကျောင်းကန် နှင့် မသင့်လျော်သော စီးပွားရှာမှုများရှိနေ


မကွေး ၊ ၇-၄-၂၀၁၅

မကွေးမြို့၏ တောင်ဘက်၌ ကင်းရွာ ၊ ကျောက်ကုန်းရွာ နှင့်အုတ်ဖို ရွာတို့သည် သုံးပွင့်ဆိုင် ရှိကာ ထိုနေရာ တစ်ဝိုက်တွင် ကုန်းဘောင်ခေတ် က တည်ခဲ့သော ရှေးဟောင်း အမွေအနှစ် စေတီပုထိုး ကျောင်းကန် ဘုရားများ ရှိရာ သာသနာ့ နယ်မြေ ဖြစ်ကြောင်း သိရသည်။

ကင်းရွာ ပြာသာဒ်ကျောင်းကြီး သည်နှစ်ပေါင်း ၁ဝဝ ကျော် သက်တမ်းရှိပြီး ရှေးဟောင်း သစ်ထွင်း ပန်းပုလက်ရာ များလည်း ယနေ့တိုင် ရှိနေသေးသည်။ ပြာသာဒ်ကျောင်း ကြီးနှင့် ကပ်လျက် ကင်းရွာ အနောက်ကျောင်းနှင့် မိုးကုတ် ဝိပဿနာ တရားစခန်းလည်း ရှိသည်။ ထို့ပြင် ရှေးဟောင်းစေတီ ပုထိုးများ ဖြစ်သည့်ရန်အောင်မြင်အဓိဋ္ဌာန် စေတီများ၊ ရွှေမော်ဓော စေတီ၊ မြကြေးမုံ စေတီ၊ ရွှေကြေးမုံ စေတီ၊ ဘိုးဘိုးကြီး စေတီ နှင့် ဆုတောင်းပြည့် စေတီများ ရှိနေသော်လည်း စီးပွားရေးသမား များက ၄င်းနေရာ မှာပင် ချစ်သူ စုံတွဲများ အတွက် တဲငယ်များ ထားရှိပေးသည့် အပြင် အရက်ဘီယာ များပါ ရောင်းချ ပေးနေကြာင်း သိရသည်။

'' ဒီလောက် ကြည်ညိုဖွယ် ကောင်းတဲ့နေရာ၊ အေးချမ်းတဲ့ နေရာမှာ ထန်းရည်၊ အရက်ဘီယာ တွေရောင်း၊ ချစ်သူစုံတွဲတွေ အတွက် လုံးချင်းတဲ (ပုံ) တွေ ဖန်တီးပေးပြီး စီးပွားရှာစား နေတာကတော့ ဘာသာရေးနဲ့ ဆန့်ကျင်ဘက် ဖြစ်နေပါတယ်။ မြန်မာတို့ရဲ့ အမျိုးဂုဏ်၊ ဇာတိဂုဏ် ကို ညှိုးနွမ်း စေတဲ့အပြင် တန်ဖိုးမဖြတ် နိုင်တဲ့ ရှေးဟောင်း အမွေအနှစ်တွေ၊ ယဉ်ကျေးမှုတွေ နှမြောစရာ ကောင်းပါတယ်။ ဒီလူတွေ၊ ဒီဆိုင်တွေနဲ့ဒီနေရာက ရွှေ့ပြောင်းပေးပြီး သာသနာ့ နယ်မြေမှာ သာသနာတော် သန့်ရှင်းရေး ဆောင်ရွက်ပေး စေချင်ပါတယ်။ ပြီးတော့ ဒီကိစ္စဟာ တိုင်းဒေသကြီး ရဲ့ ပုံရိပ်ကိုလဲ ထိခိုက် စေပါတယ်'' ဟု နယ်ဝေးမှ လာသော ဘုရားဖူး ပြည်သူတစ်ဦး က ပြောပြ၍ သိရသည်။

PyiChitThar
http://www.pyichitthar.com
ဘုရားကျောင်းကန် နှင့် မသင့်လျော်သော စီးပွားရှာမှုများရှိနေ  ဘုရားကျောင်းကန် နှင့် မသင့်လျော်သော စီးပွားရှာမှုများရှိနေ Reviewed by သစ်ထူးလွင် on 17:44 Rating: 5
Powered by Blogger.