၁၀ ဘတ်ကြေး ဖဲကစားသည့် ထိုင်းအဘွားအို ၄ ဦး ဖမ်းဆီးခံရ


ထိုင်းနိုင်ငံ မြောက်ပိုင်း ဖိကျစ်ခရိုင်မှာ ၁၀ ဘတ်ကြေး ဖဲကစားတဲ့ အဘွားအို ၄ ဦး ဖမ်းဆီးခံရတယ်လို့ ဖိကျစ်ထူဒေးသတင်းမှာ ဖော်ပြပါတယ်။

နယ်မြေထဲမှာ လူစုလူဝေးနဲ့ ဖဲဝိုင်းထောင်ကြောင်း သတင်းပေးချက်အရ ဖိကျစ်ခရိုင် ဆတ်လိတ်မြို့မ ရဲစခန်း တာဝန်ကျရဲတပ်ဖွဲ့ဝင် ၁၀ ဦးဟာ ဧပြီလ ၉ ရက် နေ့ခင်းပိုင်းမှာ သတင်းရထားတဲ့ သရက်ခြံတစ်ခုထဲ ချဉ်းနင်းဝင်ရောက်ပြီး ဖဲသမားတွေကို ၀င်ဖမ်းခဲ့တာလို့ ဆိုပါတယ်။

သူတို့ဟာ ဖဲသမားတွေ ထွက်မပြေးနိုင်အောင် ခြံထဲကို တိတ်တဆိတ်ဝင်ရောက်ပြီး ဆယ်မီတာလောက် အကွာမှ အချက်ပေးသံပြုခဲ့တဲ့အတွက် လူရောသက်သေခံပစ္စည်းပါ အားလုံးဖမ်းမိတယ်လို့ သတင်းမှာ ရေးပါတယ်။.

ဆက်လက်စစ်ဆေးချက်အရ ဖဲသမား ၄ ဦးရှိပြီး  ၄ ဦးပေါင်း အသက် ၃၀၀ ကျော်တဲ့ လူအိုသက်သေခံ ကတ်ပြားကိုင်ဆောင်သူ အဘွားကြီးတွေဖြစ်ကာ ဖဲ ၁၁၉ ချပ် ၊ စားပွဲခင်းတစ်ထည် နဲ့ လောင်းကစားငွေ ဆယ်ဘတ်တို့ကို သက်သေခံပစ္စည်းအဖြစ် ဖမ်းမိတယ်လို့ ဆိုပါတယ်။

ရဲတပ်ဖွဲ့က သူတို့ ၄ ဦးကို ရဲစခန်းခေါ်ဆောင်သွားပြီး သက်ဆိုင်ရာ သားသမီးမြေးမြစ်တွေက သူတို့ ကိုယ်ပိုင်အသုံးအဆောင် ကွမ်းအစ်၊ ရှူဆေး စသဖြင့် ယူဆောင်ကာ လာရောက်ကြည့်ရှုပြီး အာမခံ ကိုယ်စီနဲ့ အိမ်ပြန်ခေါ်သွားတယ်လို့ဆိုပါတယ်။

ဖဲကစားသူ အဘွားအို ၄ ဦးရဲ့ အမှုကို မနက်ဖြန်  ဖိကျစ်တရားရုံးမှာ စီရင်ဖို့  ချိန်းဆိုထားကြောင်း ဖိကျစ်သတင်းမှာ ဖော်ပြပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no
၁၀ ဘတ်ကြေး ဖဲကစားသည့် ထိုင်းအဘွားအို ၄ ဦး ဖမ်းဆီးခံရ  ၁၀ ဘတ်ကြေး ဖဲကစားသည့် ထိုင်းအဘွားအို ၄ ဦး ဖမ်းဆီးခံရ Reviewed by သစ်ထူးလွင် on 19:14 Rating: 5
Powered by Blogger.