ဝန်ကြီး ဦးအောင်မင်း ဂျပန် ဝန်ကြီးချုပ်နဲ့ တွေ့ဆုံ |
အခု ခရီးစဉ် အတွင်း ဧပြီလ ၁၄ ရက်နေ့က ဂျပန်ဝန်ကြီးချုပ် မစ္စတာရှင်ဆိုအာဘေးနဲ့ တွေ့ဆုံပြီး မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဂျပန် အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေ၊ လွှတ်တော် အမတ်တွေနဲ့လည်း တွေ့ဆုံပြီး မြန်မာနိုင်ငံရဲ့ လက်ရှိ အနေအထားတွေကို ရှင်းလင်း ပြောပြခဲ့တယ်လို့ ဆိုပါတယ်။
ဂျပန် အစိုးရဘက်က မြန်မာနိုင်ငံအတွင်း ပဋိပက္ခ ဖြစ်ရာ ဒေသတွေမှာ ဖွံ့ဖြိုးရေး အကူအညီ ဒေါ်လာ ၈၃ သန်း ပေးဖို့ မနှစ်က ပေးခဲ့တဲ့ ကတိအတိုင်း ဆက်ပေးမယ်လို့ ဦးအောင်မင်းနဲ့ အဖွဲ့ ဂျပန်ရောက်စဉ် ပြောခဲ့ပါတယ်။
ဂျပန်ရောက် မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားသူများ အဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဆွေကတော့ မြန်မာနိုင်ငံမှာ ဂျပန်က ရင်းနှီး မြှုပ်နှံမှုတွေ လုပ်ဖို့ စိတ်ဝင်စားပေမယ့် လက်တွေ့ လာရောက် လုပ်ဆောင်တာ မရှိသေးတဲ့ အတွက် မြန်မာ အစိုးရဘက်က နှစ်နိုင်ငံ နီးကပ်တဲ့ ဆက်ဆံရေး လိုလားပုံရတယ်လို့ သူက ပြောပါတယ်။
မကြာသေးခင်က ဂျပန် နိုင်ငံခြားရေးဌာန အရှေ့တောင်အာရှ ဆိုင်ရာ တာဝန်ရှိသူနဲ့ သွားတွေ့ပြီး လာမယ့် ရွေးကောက်ပွဲမှာ ပွင့်လင်းမြင်သာမှု ရှိရေး၊ လူသား အထောက်အကူပြု အကူအညီတွေ ပေးတဲ့အခါ ဒေသတွင်းမှာ လုပ်ဆောင်နေတဲ့ NGO တွေကနေ တိုက်ရိုက် ပေးဖို့ စတာတွေကို တိုက်တွန်းခဲ့တယ်လို့ ဦးသန်းဆွေက ပြောပါတယ်။
BBC Burmese
http://www.bbc.co.uk/burmese
ဂျပန်က မြန်မာကို အကူအညီ ဆက်ပေးမယ်
Reviewed by သစ်ထူးလွင်
on
22:55
Rating: