အကြမ်းဖက်မှုကို နှိမ်နင်းတုန်း မထင်မှတ်ပဲ ဒတ်ခ်ျ တစ်ဦးကို ကယ်တင်နိုင်

အကြမ်းဖက် အဖွဲ့က ဖမ်းဆီးထားတဲ့ ဒတ်ခ်ျလူမျိုး Sjaak Rijke ကို ပြင်သစ် အထူးတပ်ဖွဲ့က ကယ်ထုတ်လာပြီးနောက် တွေ့ရစဉ် (Credit: AFP)
 အနောက်အာဖရိကရှိ ​မာလီနိုင်ငံက ​Al-Qaeda ​အဖွဲ့နဲ့ ​ဆက်စပ်မှုရှိတဲ့ ​အကြမ်းဖက်အဖွဲ့ကို ​ပြင်သစ် ​အထူးတပ်ဖွဲ့က  ​ဝင်ရောက် ​နှိမ်နင်းတုန်း ​အမှတ်မထင် ​ဒတ်ခ်ျ ​လူမျိုး ​တစ်ဦးကို ​ကယ်ဆယ်နိုင်ခဲ့ပါတယ်။

ဒတ်ခ်ျလူမျိုး ​အသက် ​၅၄ ​နှစ်အရွယ် ​Sjaak ​Rijke ​ဟာ ​မာလီနိုင်ငံက ​အစ္စလာမ်မစ် ​စစ်သွေးကြွအဖွဲ့ရဲ့ ​လက်ထဲမှာ ​သုံးနှစ်ကြာ ​ဖမ်းဆီးခံထားရသူ ​ဖြစ်ပါတယ်။

ပြင်သစ်အထူးတပ်ဖွဲ့ဟာ ​ပြင်သစ်ကိုလိုနီနယ်ဖြစ်ခဲ့တဲ့ ​မာလီနိုင်ငံမှာ ​Al ​Qaeda ​in ​the ​Islamic ​Maghreb ​( ​AQIM) ​ဆိုတဲ့ ​အဖွဲ့ကို ​နှိမ်နင်းမှုလုပ်တုန်း ​ဘယ်နေရာမှာ ​ဘယ်အဖွဲ့က ​ဖမ်းဆီးထား ​မှန်းတောင် ​မသိရတဲ့ ​ဒတ်ခ်ျလူမျိုး ​တစ်ဦးကို ​ကယ်ဆယ်နိုင်ခဲ့တာပါ။

အဲဒီလူဟာ ​၂၀၁၁ ​ခုနှစ် ​နိုဝင်ဘာလတုန်းက ​မိသားစုနဲ့အတူ ​မာလီနိုင်ငံကို ​အလည်အပတ် ​သွားတုန်း ​ဖမ်းဆီးခံရတာ ​ဖြစ်ပါတယ်။

သူဟာ ​နယ်သာလန်နိုင်ငံမှာ ​ရထား ​မောင်းသမားအဖြစ် ​အလုပ်လုပ်ခဲ့သူ ​ဖြစ်ပါတယ်။

သူနဲ့အတူ ​ဆွီဒင်နဲ့ ​တောင်အာဖရိက ​နိုင်ငံသားတို့ပါ ​ဖမ်းဆီးခံခဲ့ရပေမယ့် ​ကျန်နှစ်ယောက်ရဲ့ ​ကံကြမ္မာကိုတော့ ​မသိရသေးဘူးလို့ ​ဘာဘရာ ​မီလာက ​သတင်းပေးပို့ထားပါတယ်။

သုံးနှစ်ကြာ ​ဖမ်းဆီးထိန်းသိမ်းခံရပေမယ့်လည်း ​အဲဒီ ​ဒတ်ခ်ျ ​လူမျိုးရဲ့ ​ကျန်းမာရေးအခြေအနေက ​ကောင်းမွန်နေတယ်လို့ ​သိရပါတယ်။

ပြင်သစ် ​အထူးတပ်ရဲ့ ​နှိမ်နင်းမှုအတွင်း ​စစ်သွေးကြွ ​နှစ်ဦး ​သေဆုံးခဲ့ရသလို ​တချို့ကိုလည်း ​ဖမ်းမိထားတယ်လို့ ​ဆိုပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
အကြမ်းဖက်မှုကို နှိမ်နင်းတုန်း မထင်မှတ်ပဲ ဒတ်ခ်ျ တစ်ဦးကို ကယ်တင်နိုင်  အကြမ်းဖက်မှုကို နှိမ်နင်းတုန်း မထင်မှတ်ပဲ ဒတ်ခ်ျ တစ်ဦးကို ကယ်တင်နိုင် Reviewed by သစ်ထူးလွင် on 10:21 Rating: 5
Powered by Blogger.