အပစ်ရပ် မူကြမ်း လက်မှတ်ရေးထိုးပြီး တပတ်ကြာ တိုက်ပွဲများ ဖြစ်နေပွါးနေဆဲ


 ဧပြီလ ၈ ရက် ၂၀၁၅

 သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ပန်ဆန်းရွာနှင့် ဟူးကွက်ကျေးရွာ အကြားတွင် မြန်မာ အစိုးရ တပ်မတော်နှင့် တအာန်းတပ်မတော်(TNLA)တို့ တိုက်ပွဲ ဖြစ်ပွား ခဲ့သည်။

07/04/2015 ရက်နံနက် 06;45 နာရီက မြန်မာအစိုးရတပ်မတော် တပ်မ(77) လက်အောက်ခံ တပ်သား အင်အား 100 ဝန်းကျင်နှင့် တအာန်းဒေသ တပ်မဟာ 2 တပ်ရင်း 987 စစ်သည်အင်အား 20 ကျော်တို့ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“တိုက်ပွဲက နံနက် 6 နာရီ 45 မိနစ် စဖြစ်တယ်။ နာရီဝက်လောက်တိုက်ပွဲဖြစ်ပြီးအစိုးရဘက်က 2 ယောက် ဒဏ်ရာရပြီးတော့ 2 ယောက်သေတယ် ။ကျနော်တို့တအာန်းဘက်က ထိခိုက်မှုမရှိပါဘူး ။ တိုက်ပွဲဖြစ်တဲ့နေရာက ကျနော်တို့နယ်မြေထဲမှာလေ” ဟု တအာန်းပြန်ကြားရေးနှင့်သတင်းဌာန ဗိုလ်မှူးကြီး တာ့အိုက်ကျော် ကသျှမ်းသံတော်ဆင့်အား ပြောပြသည်။

ပြီးခဲ့သည့် မတ်ခ်ျလကလည်း အစိုးရစစ်ကြောင်းသည် ကျောက်မဲဘက်တွင်လှုပ်ရှားရန်ဟုဆိုကာ ကျောက်ဖြူရွာသား ၁၀ ကျော် ပေါ်တာထမ်း ဖမ်းခေါ်ခဲ့ ကြောင်း ဒေသခံများကပြောသည်။

ဗိုလ်မှူးတာ့အိုက်ကျော်က “ အစိုးရစစ်တပ်ဘက်မှ အင်အားတွေထပ်တိုး၊ တိုင်းရင်းသားနယ်ထဲကို အားဖြည့်နေရင်တော့ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးဖို့ ခက်ပါလိမ့်မယ်။ နိုင်ငံ ရေး ဆွေးနွေးပွဲ အမြန်ဆုံးဖြစ်စေချင်ရင်တော့ တိုင်းရင်းသားနယ်မြေကနေ အစိုးရတပ် အမြန်ဆုံးဆုတ်ခွါ ပေးဖို့လိုပါတယ်” ဟုပြောသည်။

၂၀၁၅ နှစ်ဦးပိုင်းတွင်ပင် အစိုးရတပ်မတော်နှင့် တအာန်းတပ်မတော်တို့ တိုက်ပွဲပေါင်း(80)ကျော် ဖြစ်ပွါးခဲ့ပြီးဖြစ်ကြောင်း တအာန်းတပ်မတော်ဘက်ကဆိုပါသည်။

တအောင်းတပ်မတော်(TNLA) သည် NCCT ၏ အဖွဲ့ဝင်တစ်ဖွဲ့ဖြစ်ပြီး သျှမ်းပြည်မြောက်ပိုင်းတွင် လှုပ်ရှားပါသည်။ အစိုးရနှင့် အပစ်ရပ် ငြိမ်းချမ်းရေးလက်မှတ် မရေးထိုးရသေး သော အဖွဲ့ဖြစ် ပါသည်။

သျှမ်းသံတော်ဆင့် (ဖွေးနွမ်)
https://www.facebook.com/Panglong.burmese
အပစ်ရပ် မူကြမ်း လက်မှတ်ရေးထိုးပြီး တပတ်ကြာ တိုက်ပွဲများ ဖြစ်နေပွါးနေဆဲ  အပစ်ရပ် မူကြမ်း လက်မှတ်ရေးထိုးပြီး တပတ်ကြာ တိုက်ပွဲများ ဖြစ်နေပွါးနေဆဲ Reviewed by သစ်ထူးလွင် on 22:24 Rating: 5
Powered by Blogger.