ရုရှားသင်္ဘောက အသက်ရှင်တဲ့ သူတွေ မြန်မာပြည်ပြန် ဖို့ စောင့်စားနေ

 နစ်မြုပ်သွားတဲ့ ရုရှားငါးဖမ်းသဘောင်္ Dalniy Vostok Russian trawler ပုံ။ photo: Russian Emergency situations ministry

 နစ်မြုပ်သွားတဲ့ ရုရှားငါးဖမ်း သင်္ဘောက မြန်မာ အလုပ်သမား ၄၂ ဦးအနက် ၁၆ ဦးသေဆုံးကြောင်း အတည်ပြုနိုင်ပြီး ၄ ဦးက ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ သိရပါတယ်။

အသက်ရှင်ကျန်ရစ်တဲ့ မြန်မာနိုင်ငံသား ၂၂ ယောက်ဟာ ရုရှားနိုင်ငံအရှေ့ဖက် Sakhalin မြို့က ပစိဖိတ်ပလာ ဇာဟော်တယ်မှာ ကျန်းကျန်းမာမာရောက်ရှိနေကြပြီး ၊ မြန်မာနိုင်ငံပြန်ခွင့်ရဖို့ နိုင်ငံကူးလက်မှတ်တွေ စောင့် ဆိုင်းနေရတယ်လို့ သိရပါတယ်။

အဲဒီသင်္ဘောသားတွေထဲက မုံရွာမြို့သား ကိုမျိုးဇော်ဝင်းက သူတို့သင်္ဘောဟာ အလျှင်အမြန်နှစ်မြုပ်သွားခဲ့တာဖြစ်ပြီး သူကတော့ ကံကောင်းထောက်မစွာ လွတ်မြောက်ခဲ့တာဖြစ်တယ်လို့ RFA ကို ပြောပြပါတယ်။

"တိုက်တန်းနစ်သဘောင်္လိုပဲပေါ့၊ အအေးကလည်း အဲ့လိုပဲ ရေခဲရေထဲမှာဆိုတော့၊ ခုဟာက ကယ်ဆယ်ရေးကလည်းမြန်ပါတယ်၊ သင်္ဘော ၂၁ စီး၊ မိနစ်ပိုင်းအတွင်းမှာကယ်ပါတယ်၊ ဒါပေမဲ့ အအေးဒဏ်ကိုမခံနိုင်လို့ တော်တော်များများသေတာ၊ ကျနော်တို့က Safety ပစ္စည်းစုံသွားတာပေါ့၊ အသက်ကယ်ဖောင်ပေါ်မှာ ရောက်သွားတာပါတာပေါ့၊ တချို့သိပ်လောတဲ့သူတွေက သဘောင်္ဘောင်နဲ့ ရိုက်မိတဲ့သူတွေကရိုက်မိ၊ ခုန်ချတဲ့သူတွေကချ၊ လူကလည်းစုလို့မရဘူးဗျ အဲ့အချိန်က၊ သင်္ဘောစောင်းလို့ Main Enginee ထိုးရပ်လို့ ပြေးတက်ပြီး ကောက်ဆွဲပြီးဆင်းရတာဆိုတော့ ကိုယ့်သဘောနဲ့ကိုယ်လုပ်ရတာဆိုတော့"

အဲဒီ့မြန်မာအလုပ်သမားတွေဟာ နိုင်ငံခြားသင်္ဘောသားအဖြစ်အလုပ်လုပ်ဖို့ ရန်ကုန်အခြေစိုက်ကုမ္ပဏီတွေကို အကျိုးဆောင်ခပေးပြီးသွားကြတာဖြစ်ပေမယ့်၊ အခုလို ငါးဖမ်းတဲ့အလုပ်လုပ်ရမယ်လို့ သိထားကြတာမဟုတ်ဘူးလို့ဆိုပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံရေကြောင်းပို့ဆောင်ရေးဦးစီးဌါနက အဲဒီရုရှားငါးဖမ်းသင်္ဘောကိုပို့လိုက်တဲ့ ရန်ကုန်အခြေစိုက်ကုမ္ပဏီ ၅ ခုကို သတ်မှတ်ထားတဲ့စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ မဆောင်ရွက်တဲ့အတွက် သင်္ဘောသားတင်ပို့ခွင့်လိုင်စင်တွေ ရပ်ဆိုင်းလိုက်တယ်လို့ သိရပါတယ်။

အဲဒီ့ကုမ္ပဏီတွေကတော့ Sea Rider, Asia Wave, Top Chance, Light Oasis နဲ့ Star Global တို့ဖြစ်ပါတယ်။

ရုရှားအလုပ်သမားဝန်ကြီးဌာနက သေဆုံးသူတွေအတွက်တစ်ဦးကို အမေရိကန်ဒေါ်လာ ၁ သောင်း ၇ ထောင်ကျော်နဲ့ညီမျှတဲ့ ရုရှားရူဘယ်ငွေ ၁ သန်းစီထောက်ပံ့မယ်လို့ ပြောဆိုထားပါတယ်။

RFA Burmese
http://www.rfa.org/burmese
ရုရှားသင်္ဘောက အသက်ရှင်တဲ့ သူတွေ မြန်မာပြည်ပြန် ဖို့ စောင့်စားနေ  ရုရှားသင်္ဘောက အသက်ရှင်တဲ့ သူတွေ မြန်မာပြည်ပြန် ဖို့ စောင့်စားနေ Reviewed by သစ်ထူးလွင် on 16:39 Rating: 5
Powered by Blogger.