ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် မီးလောင်မှုဖြစ်ပွား




ရန်ကုန်၊ ဧပြီ ၁၁

ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အမှတ်(၂၆)ရပ်ကွက် ဦးဉာဏ်ဝင်း(ဘ) ဦးချစ်သိန်း အမှတ် ၅၃၅/ခ ပင်လုံလမ်း ရှိ နေအိမ်တွင် ၁၁- ၄-၂၀၁၅ ရက်နေ့ နံနက် ၀၅း၀၀နာရီ အချိန်တွင် ထမင်းပေါင်းအိုးတည် ထားရာ မှအပူချိန်လွန်ကဲပြီးမီးစတင်လောင်ကျွမ်းခဲ့ကြောင်းသိရသည်။

မီးလောင်မှု ဖြစ်ပွားရာနေရာသို့မြို့နယ်စုံမီးသတ်ယာဉ် -၂၂ စီးနှင့်မြို့နယ် မီးသတ် တပ်ဖွဲ့ဝင်များ အရန်မီးသတ်တပ်ဖွဲ့များ ရပ်ကွက်သူရပ်ကွက်သားများ ဝိုင်းဝန်းငြှိမ်းသတ် ရာ နံနက် (၅)နာရီ(၂၅)မိနစ်တွင် မီးညွန့် ထိန်းထားနိုင် ပြီး (၅)နာရီ (၃၅)မိနစ် တွင် မီးလုံးဝငြိမ်းသတ်နိုင် ခဲ့သည်။

အဆိုပါမီးလောင်မှုကြောင့် ၁၀x၄၅ပေ သွပ်မိုးထရံကာပျဉ်ခင်း အိမ်(၂)လုံးနှင့် သွပ်မိုးမြေစိုက် ကားဘော်ဒီရုံ(၃)ခု ပျက်စီးခဲ့ပြီး မီးလောင်မှုနှင့် ပက် သက်ပြီး ဦးဉာဏ်ဝင်း(ဘ)ဦးချစ်သိန်းအား ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် ရဲစခန်းမှ အရေးယူဆောင်ရွက်လျက် ရှိကြောင်း မြို့နယ် ရဲစခန်းမှ သိရသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် မီးလောင်မှုဖြစ်ပွား  ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် မီးလောင်မှုဖြစ်ပွား Reviewed by သစ်ထူးလွင် on 12:47 Rating: 5
Powered by Blogger.