လူမည်းတစ်ဦးကို လူဖြူရဲက ပစ်သတ်တဲ့အပေါ် ဆန့်ကျင်ဆန္ဒပြ

 ရဲဖြစ်သူ Michael Slager (ယာ) က အသက် ၅၀ အရွယ် Walter Scott ကို လိုက်ပစ်ခတ်ခဲ့စဉ် (Credit: ABC licensed)
 အမေရိကန်နိုင်ငံ ​North ​Charleston ​မှာ ​လူဖြူရဲ ​တစ်ဦးက ​အသက် ​၅၀ ​အရွယ် ​လူမည်း ​တစ်ဦးကို ​သေနတ်နဲ့ ​ပစ်ခတ်ပြီးတဲ့နောက် ​ဆန္ဒပြမှုတွေ ​ဖြစ်ပေါ်ခဲ့ပါတယ်။

အသက် ​၅၀ ​အရွယ် ​Walter ​Scott ​ကို ​အသက် ​၃၃ ​နှစ်အရွယ် ​ရဲဖြစ်သူ ​Michael ​Slager ​က ​ကားကို ​စစ်ဆေးဖို့ ​လုပ်တုန်း ​Walter ​က ​ထွက်ပြေးခဲ့ပါတယ်။

အဲဒီလို ​ထွက်ပြေးသွားတဲ့ ​လူကို ​ရဲက ​သေနတ်နဲ့ ​တစ်ကြိမ်ထက်မနည်း ​ပစ်ခတ်ခဲ့ရာက ​သေဆုံးသွားတာ ​ဖြစ်ပါတယ်။

ဗီဒီယိုမှာ ​ပြသချက်အရ ​အဲဒီရဲဟာ ​လူတစ်ယောက်ကို ​လိုက်ပစ်တာမျိုး ​မဟုတ်ပဲ ​တောထဲက ​တိရိစ္တာန်ကို ​သေနတ်နဲ့ ​လိုက်ပစ်သတ်နေတဲ့ ​ပုံပေါက်နေတယ်လို့ ​တရားရုံးက ​ပြောပါတယ်။

အဲဒီလို ​သေနတ် ​ပစ်သတ်ခဲ့တဲ့ ​ရဲက ​သေဒဏ် ​ဒါမှမဟုတ် ​ထောင်ဒဏ် ​တစ်သက်တစ်ကျွန်း ​ကျခံရမယ့်ကိန်း ​ဆိုက်နေပါတယ်။

ဆန္ဒပြသူတွေကတော့ ​လူမည်းတွေအပေါ် ​အသားအရောင် ​ခွဲခြားတာမျိုး ​မလုပ်ဖို့ ​ကျွေးကြော် ​တောင်းဆိုခဲ့ကြပါတယ်။

အရင်တုန်းကလည်း ​လူဖြူ ​ရဲတွေရဲ့ ​ပစ်ခတ်မှုကြောင့် ​လူမည်း ​တချို့ ​သေဆုံးခဲ့ရတဲ့အတွက် ​ဆန္ဒပြမှုတွေ ​ဖြစ်ပေါ်ခဲ့ပါတယ်။

အဲဒီလို ​ပစ်ခတ်မှုကို ​စုံစမ်းတဲ့အခါ ​လူဖြူရဲတွေက ​လူမည်းတွေအပေါ် ​အကိုင်အတွယ် ​ကြမ်းတယ်ဆိုတဲ့ ​အစီရင်ခံစာ ​ထွက်ပေါ်ပြီးနောက် ​ရဲအရာရှိ ​တချို့ ​ရာထူးကနေ ​နှုတ်ထွက်လိုက်တာမျိုးလည်း ​ရှိခဲ့ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
လူမည်းတစ်ဦးကို လူဖြူရဲက ပစ်သတ်တဲ့အပေါ် ဆန့်ကျင်ဆန္ဒပြ  လူမည်းတစ်ဦးကို လူဖြူရဲက ပစ်သတ်တဲ့အပေါ် ဆန့်ကျင်ဆန္ဒပြ Reviewed by သစ်ထူးလွင် on 11:35 Rating: 5
Powered by Blogger.