စက်ဘီးကို ဆိုင်ကယ်မှတိုက်မိစဉ် ဆီဘောက်ဆာယာဉ်က အရှိန်လွန်ထပ်မံတိုက်မိ


ရေတာရှည် ဧပြီ ၂၆

ရှေ့မှသွားနေသည့် စက်ဘီးကို ဆိုင်ကယ်က တိုက်မိ၍တိမ်းမှောက် သွားစဉ် ဆီသယ် ဘောက်ဆာယာဉ် က ထပ်မံတိုက်မိသော ယာဉ်တိုက်မှုတစ်ခု ဧပြီ ၂၅ ရက် နံနက် ၁၁ နာရီတွင် ပဲခူးတိုင်းဒေသကြီး ရေတာရှည် မြို့နယ် ဆွာမြို့တောင်ဘက်အထွက် ရန်ကုန်-မန္တလေးကားလမ်း၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဆွာမင်းလမ်းကျေးရွာအုပ်စု ရွှေသပြေကျေးရွာနေ ဦးစိန်ရွှေ (၆၃)နှစ်သည် ရန်ကုန်-မန္တလေး ကားလမ်းအတိုင်း တောင်မှမြောက်သို့စက်ဘီးစီးနင်းသွားစဉ် တင်ဝင်းလှိုင်(၁၇) နှစ် ကမ်းပါးနီကျေးရွာနေသူ မောင်းနှင်ပြီး နောက်တွင်တစ်ရွာတည်းနေ ဦးအေးလွင် (၄ဝ)နှစ်လိုက်ပါ စီးနင်းလာသော တာရမ်း 125(နံပါတ်မပါ)လိုင်စင်စိစစ်ဆဲဆိုင်ကယ်က စက်ဘီးကို နောက်မှ ဝင်ရောက်တိုက်မိကာ နှစ်စီးစလုံးတိမ်းမှောက်သွားခဲ့သည်။

ထိုအချိန်တွင် မြောက်မှတောင်သို့ မိုးမင်းမြင့်(၃၉)နှစ် လှိုင်းတက်ဖိနပ်စက်ရုံ သာစည်မြို့နယ် မန္တလေးတိုင်းဒေသကြီးနေသူမောင်းနှင်လာသော HINO(၈)ဘီး ဆီသယ် ဘောက်ဆာယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ ထပ်မံဝင်တိုက်ကာ မောင်းနှင်ထွက် ပြေးသွားခဲ့သည်။

ယာဉ်တိုက်မှုကြောင့် စက်ဘီးစီးနင်းသူ ဦးစိန်ရွှေတွင် ဦးခေါင်းနောက်စေ့၊ နဖူးပေါက်ပြဲ(စိုးရိမ်ရ)၊ ဆိုင်ကယ်မောင်းနှင်သူ တင်ဝင်းလှိုင်တွင် ဝဲပေါင်ကျိုး၊ ဝဲ/ယာခြေပေါက်ပြဲ၊ ဆိုင်ကယ်နောက်မှစီးနင်းသူ ဦးအေးလွင်၌ အထက် နှုတ်ခမ်းပေါက်ပြဲ၊ အပေါ်သွားများကျိုးသည့်ဒဏ်ရာများရရှိခဲ့ပြီး ဦးစိန်လှိုင်နှင့် တင်ဝင်းလှိုင်တို့နှစ်ဦးအား နေပြည်တော်ခုတင်(၁ဝဝဝ)ဆေးရုံကြီးသို့ တင်ပို့ ခဲ့ရသည်။

 မောင်းနှင်ထွက်ပြေးသွားသော ဆီသယ်ဘောက်ဆာယာဉ်အား ဆွာ နယ်မြေရဲစခန်းမှူး ရဲအုပ်ကျော်ညိုလင်းနှင့်အဖွဲ့က လိုက်လံစုံစမ်းဖမ်းဆီးခဲ့ရာ တောင်ငူမြို့နယ် ကေတုမတီမြို့အရောက်တွင်ဖမ်းဆီးရမိခဲ့၍ အမှုဖွင့်စစ်ဆေး လျက်ရှိကြောင်း သတင်းရရှိသည်။

ကိုလွင်(ဆွာ)
The Mirror Daily
https://www.facebook.com/TheMirrorDaily
စက်ဘီးကို ဆိုင်ကယ်မှတိုက်မိစဉ် ဆီဘောက်ဆာယာဉ်က အရှိန်လွန်ထပ်မံတိုက်မိ  စက်ဘီးကို ဆိုင်ကယ်မှတိုက်မိစဉ် ဆီဘောက်ဆာယာဉ်က အရှိန်လွန်ထပ်မံတိုက်မိ Reviewed by သစ်ထူးလွင် on 07:33 Rating: 5
Powered by Blogger.