သစ်လုံးများ တင်ဆောင်လာသော မော်တော်ယာဉ် တောင်ပေါ်၌ တိမ်းမှောက်လူနှစ်ဦးသေဆုံး


ပျဉ်းမနား ဧပြီ ၁ဝ

နေပြည်တော် ကောင်စီ နယ်မြေ ပျဉ်းမနားမြို့နယ် အရှေ့ဘက် တောင်ပေါ်ဒေသ ဖြစ်သော သစ်တွန်အုပ်စု မရမ်းတောင်ကျေးရွာနှင့် ကံဦးကျေးရွာကြား မိုင်တိုင်အမှတ် (၆/၃)နှင့်(၇/၃)ကြား မရမ်းတောင်ပျဉ်းမနားလမ်း၌ ဧပြီ ၉ ရက် နံနက် ၃ နာရီက အဆိုပါ သစ်လုံးတင်ယာဉ် တိမ်းမှောက်သည်။

ဖြစ်စဉ်မှာ မရမ်းတောင်ပျဉ်းမနားလမ်းတွင် မရမ်းတောင်ကျေးရွာမှ ပျဉ်းမနားမြို့သို့ ယာဉ်မောင်းကိုဝင်းမောင်းနှင်သော ၉ဌ/--------အပြာရောင် ဖောကားသည် အခြားသစ်အမျိုးအစား ၁၂ ပေခန့်ရှိတိုင်လုံး ခုနစ်လုံးသစ်ကုဗတန် ဝ ဒသမ ၈၈၄ တန်နှင့် သစ်လုံး ၁၁ လုံး၊ သစ်ကုဗတန် ၂ ဒသမ ၃၅၄ တန်စုစုပေါင်း သစ်လုံး ၁၈ လုံးစုစုပေါင်းကုဗတန် ၃ ဒသမ ၂၃၈ တန်တင်ဆောင်မောင်းနှင် လာသောမော်တော်ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့သဖြင့် ယာဉ်ပေါ် လိုက်ပါလာသူ ၁ဝ ဦးခန့်အနက်မှယာဉ်မောင်းကိုဝင်း (၄၁ နှစ်)ချောင်းကမ်းကြီးကျေးရွာ ကျည်တောင်အုပ်စု ဇေယျာသီရိမြို့နယ်နေသူတွင် ဒဏ်ရာများဖြင့်လည်းကောင်း၊ နိုင်လင်း(၂၇ နှစ်)၊ယင်းကျေးရွာနေသူ၌ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားရာနေရာ၌သေဆုံးခဲ့ပြီး ကျန်ထိခိုက်ဒဏ်ရာရရှိသူများအား ပျဉ်းမနားမြို့နယ်ခုတင် ၂ဝဝ ဆေးရုံသို့ တာဝန်ရှိသူများကပို့ဆောင်ပေးခဲ့သည်။

အခင်းဖြစ်နေရာသို့ နေပြည်တော်ယာဉ်မှုစစ်အဖွဲ့ပျဉ်းမနားမြို့နယ်သစ်တောဌာန ပျဉ်းမနားမြို့မရဲစခန်းမှရဲတပ်ဖွဲ့ဝင်များနှင့်တာဝန်ရှိသူများသွားရောက်စစ်ဆေးခဲ့ပြီး အဆိုပါတိမ်းမှောက်ယာဉ်ပိုင်ရှင်မှာဦးပြုံးဆောင် (၄၂ နှစ်)ချောင်းကမ်း ကြီးကျေးရွာဇေယျာသီရိမြို့နယ်နေသူဖြစ်ပြီး အခြားသစ်ပိုင်ရှင်မှာသီဟဇော် ကျောက် ကုန်းကျေးရွာကူတို့ဆိပ်အုပ်စု ပျဉ်းမနားမြို့နယ်နေသူဖြစ်ကြောင်း သိရှိရ၍ ဆက်လက်အမှု ဖွင့်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း-မျိုးဇေယျာ(ပျဉ်းမနား)
ဓာတ်ပုံ-မိုးဆွေ(ဝဲကြီးကူတို့ဆိပ်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
သစ်လုံးများ တင်ဆောင်လာသော မော်တော်ယာဉ် တောင်ပေါ်၌ တိမ်းမှောက်လူနှစ်ဦးသေဆုံး  သစ်လုံးများ တင်ဆောင်လာသော မော်တော်ယာဉ် တောင်ပေါ်၌ တိမ်းမှောက်လူနှစ်ဦးသေဆုံး Reviewed by သစ်ထူးလွင် on 05:37 Rating: 5
Powered by Blogger.