နီပေါ ငလျင် အတွက် အကူအညီတွေ တိုးမြှင့်


သေဆုံးသူ အရေအတွက် လေးထောင် နီးပါး ရှိသွားပြီး ထောင်သောင်းချီ အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့။ 




နီပေါ နိုင်ငံမှာ စနေနေ့က ပမာဏ ကြီးမားတဲ့ ငလျင် လှုပ်ခတ် ခဲ့ပြီးနောက် အခုချိန် အထိ သေဆုံးသူ ဦးရေ သုံးထောင့် ခုနစ်ရာ ကျော်သွားပြီ ဖြစ်ကာ နိုင်ငံတကာက အကူအညီတွေ တိုးမြှင့် ရောက်ရှိနေပါတယ်။

ဒဏ်ရာရသူ ဦးရေ ခြောက်ထောင့် ငါးရာ ကျော် ရှိပြီး ထောင်ပေါင်း များစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကာ ရွက်ဖျင်တဲတွေမှာ နေထိုင်နေကြရပါတယ်။

ငလျင်ဒဏ်ကြောင့် အိမ်နီးချင်း တရုတ် နိုင်ငံနဲ့ အိန္ဒိယ နိုင်ငံတွေမှာလည်း ဒါဇင်နဲ့ချီ သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

နီပေါ နိုင်ငံက စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေ အားလုံးဟာ ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ ပါဝင် ဆောင်ရွက် နေတယ်လို့ နီပေါ အာဏာပိုင်တွေက ပြောပါတယ်။

ဧဝရက်တောင် တဝိုက်မှာ နှင်းတောင် ပြိုကျမှုကြောင့် ပိတ်မိနေတဲ့ တောင်တက်သမား အယောက် ၂၀၀ ကျော်ကိုလည်း ကယ်ဆယ် နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

သောက်သုံးရေ၊ အစားအစာနဲ့ လျှပ်စစ်မီးတွေ လိုအပ်နေဆဲ ဖြစ်ပြီး ကူးစက်ရောဂါ အန္တရာယ် အတွက်ပါ စိုးရိမ်နေရတယ်လို့ သိရပါတယ်။

BBC Burmese
http://www.bbc.com/burmese
နီပေါ ငလျင် အတွက် အကူအညီတွေ တိုးမြှင့်  နီပေါ ငလျင် အတွက် အကူအညီတွေ တိုးမြှင့် Reviewed by သစ်ထူးလွင် on 21:08 Rating: 5
Powered by Blogger.