ယာ​မွတ်ခ်​စခန်း​ထဲ ကယ်ဆယ်​ရေး​ပစ္စည်း​တွေ ပို့​ခွင့်​ပြု​ဖို့ တောင်း​ဆို

IS တွေ စီးထားတဲ့ ယာမွတ်ခ်စခန်းထဲ ကို ကယ်ဆယ်ရေး ပစ္စည်းတွေ ပို့ဖို့ အရေးပေါ် လိုနေ။
ဆီးရီးယား နိုင်ငံ ဒမတ်စကပ်စ် မြို့တော် မှာ ရှိတဲ့ ပါလက်စတိုင်း ဒုက္ခသည် တွေ နေထိုင် ရာ ယာမွတ်ခ် စခန်း ထဲမှာ အရေးပေါ် လိုအပ် နေတဲ့ လူသားခြင်း စာနာ နားလည် တဲ့ အကူအညီ တွေ ပေးနိုင် ဖို့ ဝင်ခွင့် ပေးပါ ဆိုပြီး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ က ပန်ကြား လိုက်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ် က စလို့ ယာမွတ်ခ် စခန်း ထဲကို အစ္စလာမ်မစ် လက်နက်ကိုင် IS တွေ ဝင်ရောက် လာပြီး၊ စခန်း ကို ကာကွယ် ကြတဲ့ ပါလက်စတိုင်း တွေ နဲ့ တိုက်ပွဲ တွေ ဖြစ်ပေါ် နေခဲ့ တာ ဖြစ်ပါတယ်။

အဲဒီ့ စခန်းထဲ မှာ လူပေါင်း ၁သောင်း ရှစ်ထောင် လောက် ပိတ် မိ နေပါတယ်။

တခါ၊ ဆီးရီးယား အနောက်မြောက်ပိုင်း က လာတဲ့ သတင်းတွေ အရ၊ အစ္စလာမ်မစ် သူပုန် အဖွဲ့တစ်ဖွဲ့ က ဖမ်းဆီး ခေါ်ဆောင် သွားတာ ခံခဲ့ရ တဲ့ ကာ့ဒ် မျိုးနွယ်စုဝင် ၃ ရာ ဝန်းကျင် လောက် ပြန်လွတ် လာတယ် လို့ ဆိုပါတယ်။

အခုလို ဖမ်းခေါ် သွားခဲ့တဲ့ အဖွဲ့ဟာ Army of Islam၊ အစ္စလာမ် ရဲ့ စစ်တပ် ဆိုတဲ့ အဖွဲ့ လို့ ယူဆရပြီး၊ ကာ့ဒ် တွေ လက်ထဲ ကျရောက် နေတဲ့ သူတို့ တပ် ဖွဲ့ဝင် ၃ ဦး ကို ပြန်လွှတ် ပေး ဖို့ တောင်းဆို ခဲ့တာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.co.uk/burmese
ယာ​မွတ်ခ်​စခန်း​ထဲ ကယ်ဆယ်​ရေး​ပစ္စည်း​တွေ ပို့​ခွင့်​ပြု​ဖို့ တောင်း​ဆို   ယာ​မွတ်ခ်​စခန်း​ထဲ ကယ်ဆယ်​ရေး​ပစ္စည်း​တွေ ပို့​ခွင့်​ပြု​ဖို့ တောင်း​ဆို Reviewed by သစ်ထူးလွင် on 06:07 Rating: 5
Powered by Blogger.