ပုသိမ် ဧပြီ ၂၅
ပုသိမ်ခရိုင် ငပုတောမြို့နယ် သစ်တောဦးစီးဌာန တောအုပ်ကြီးဦးရဲအောင်သည် ဧပြီ ၅ ရက် ညနေ ၃ နာရီက တာဝန်ထမ်းဆောင်နေစဉ် တောခေါင်း ထွန်းထွန်းနိုင်၏ သတင်းပေးချက်အရ မြစ်တစ်ရာ သစ်တော ကြိုးဝိုင်းအတွင်း၌ တောဆင်ရိုင်းတစ်ကောင်သေဆုံးနေ ကြောင်း သိရှိရသဖြင့် အဖွဲ့ဝင်များနှင့်အတူ သွားရောက် စစ်ဆေးရာ သဖန်းချောင်းဘေး ခန့်မှန်းမ-ပ FP-369191 ၌ ပုပ်ပွနေသော ဆင်သေတစ်ကောင် တွေ့ရှိရသည်။
ထို့အပြင် ၄င်းဆင်သေ တွေ့ရှိရသည့်နေရာမှ လေးဖာ လုံခန့်အကွာ ပြောင်ချောင်း အနီး၌လည်း အရိုးကျနေသော ဆင်သေတစ်ကောင် ထပ်မံတွေ့ရှိရပြန်သည်။
ထို့ကြောင့် အခင်းဖြစ်ပွားရာနေရာသည် မုဆိုးများ သတ်ဖြတ်မှုကြောင့် သေဆုံးရခြင်းဖြစ်နိုင်ကြောင်း စစ်ဆေး သိရှိရသဖြင့် ဧပြီ ၂၄ ရက် ညနေ ၄ နာရီ မိနစ် ၂ဝ တွင် တောအုပ်ကြီး ဦးရဲအောင်၏ တိုင်စာပေးပို့တိုင်တန်းချက် အရ ငပုတောမြို့မရဲစခန်းက တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေ ထိန်းသိမ်းရေး ဥပဒေပုဒ်မ ၃၇ (က) ဖြင့် အမှုဖွင့်ပြီး ဆင် များ သတ်ဖြတ်သူများကို အမြန်ဆုံးဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပုသိမ်(လှကြည်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ငပုတောမြို့နယ် မြစ်တစ်ရာကြိုးဝိုင်းအတွင်း တောဆင်ရိုင်းများ သတ်ဖြတ်ခံရ
Reviewed by သစ်ထူးလွင်
on
11:01
Rating: