ချီ​ဘော့ခ်​ကျောင်း​သူ​လေး​တွေ ကို မြင်​လိုက်ရသူရှိ

ကျောင်းသူ ၂၇၀ ကျော် ဖမ်းဆီး ခေါ်ဆောင် သွားခံရတာ နှစ်ပတ်လည် နေပြီ ဖြစ်ပြီး ဆုတောင်း ပွဲ တွေ လုပ် နေပါတယ်။
နိုင်ဂျီးရီးယား နိုင်ငံ ချီဘော့ခ် မြို့ ကနေ မနှစ် ကတည်း က အစ္စလာမ်မစ် လက်နက်ကိုင် ဘိုကိုဟာရမ် တွေ ရဲ့ ဖမ်းဆီး ခေါ်ဆောင် သွားတာ ခံခဲ့ ရတဲ့ နိုင်ဂျီးရီးယား ကျောင်းသူ လေးတွေ ထဲက တချို့ ကို ပြီးခဲ့တဲ့ လ က အသက် ရှင်လျက် တွေ့မြင် ခဲ့ရတယ် ဆိုပြီး ဘီဘီစီ ကို ပြောလာသူ ရှိပါတယ်။

နိုင်ဂျီးရီးယား အရှေ့မြောက်ဘက် နယ် ထဲ က ဂိုဇာ မြို့ခံ အမျိုးသမီး တစ်ဦး က၊ လွန်ခဲ့တဲ့ ၃ ပတ် တုန်းက၊ သူမရဲ့ နေအိမ် အနီးက အဆောက်အဦ တစ်လုံး ထဲ ကနေ၊ အဲဒီ ကျောင်းသူ တွေ ထွက်သွား ကြတာ ကို တွေ့ခဲ့ ရတယ် လို့ ပြော ပါတယ်။

အဲဒီ့ အဆောက်အဦ ဗုံးထိ မှန် ခဲ့ပြီး၊ ကျောင်းသူတွေ ထဲ က တချို့ ဒဏ်ရာ ရခဲ့တယ် လို့ သူမ ကို ပြောသွား ကြောင်း လည်း ဆိုပါတယ်။

အဲဒီ့ ကျောင်းသူ တွေ အခု ဘယ်ရောက် သွားကြ သလဲ ဆိုတာ တော့ မသိရ ပါဘူး။

နိုင်ဂျီရီးယား စစ်တပ် ဟာ ဘိုကိုဟာရမ် တွေ ကို လောလောလတ်လတ် ကမှ ဂိုဇာ မြို့ က နေ တိုက်ထုတ် နိုင်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ် ဧပြီ လ က ဖမ်းဆီး ခေါ်ဆောင် သွားခံ ခဲ့ရတဲ့ ကျောင်းသူ ၂၇၆ ဦး အတွက် နှစ်ပတ်လည် ဆုတောင်းပွဲ အခမ်း အနား တွေ နိုင်ဂျီးရီးယား နိုင်ငံ မှာ ကျင်းပ နေပါတယ်။

BBC Burmese
http://www.bbc.co.uk/burmese
ချီ​ဘော့ခ်​ကျောင်း​သူ​လေး​တွေ ကို မြင်​လိုက်ရသူရှိ  ချီ​ဘော့ခ်​ကျောင်း​သူ​လေး​တွေ ကို မြင်​လိုက်ရသူရှိ Reviewed by သစ်ထူးလွင် on 08:30 Rating: 5
Powered by Blogger.