ရခိုင်ဒေသတိုက်ပွဲ အမေရိကန် စိုးရိမ်

 ရခိုင်ပြည်နယ်မှ စစ်ဘေးဒုက္ခသည်များကို စားနပ်ရိက္ခာများ ပို့ဆောင်နေစဉ်။ Photo: Rakhine News Agency ( Facebook )
 မြန်မာနိုင်ငံအနောက်ခြမ်း ရခိုင်ဒေသမှာ မကြုံစဖူး တိုက်ပွဲတွေဖြစ်ပွားပြီး ဒေသခံတွေ ရာနဲ့ချီ ထွက်ပြေးနေရတဲ့အပေါ် စိုးရိမ်ပူပန်ကြောင်း အမေရိကန်အစိုးရက ဒီကနေ့ ပြောကြားလိုက်ပါတယ်။

ကျောက်တော်မြို့နယ်အတွင်း မကြာသေးခင်က ဖြစ်ပွား ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဒေသခံရခိုင်ပြည်သူတွေ ရာနဲ့ချီထွက်ပြေးနေကြရတယ်ဆိုတဲ့ သတင်းတွေ အပေါ်မှာ စိုးရိမ်ပူပန်မိကြောင်း၊ သက်ဆိုင်ရာအဖွဲ့ အစည်းတွေ အားလုံးအနေနဲ့ ရန်လိုမှုတွေ အဆုံး သတ်ပြီး အရပ်သားပြည်သူတွေကို ကာကွယ်ပေးဖို့ ဒုက္ခရောက်နေသူတွေကို နိုင်ငံတကာစံနဲ့အညီ လိုအပ်တဲ့အကူအညီတွေ အချိန်မီပေးပို့ကူညီနိုင်ဖို့ လိုအပ်ကြောင်း ရန်ကုန်မြို့ အမေရိကန်သံရုံးရဲ့ ဒီကနေ့ ထုတ်ပြန်ချက်မှာ တိုက်တွန်းဖော်ပြထားတာပါ။

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်း အစိုးရတပ်တွေနဲ့ AA ရခိုင့်တပ်မတော်တို့အကြား ဧပြီလ ၁၇ ရက်နေ့ကစလို့ တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။

RFA Burmese
http://www.rfa.org/burmese
ရခိုင်ဒေသတိုက်ပွဲ အမေရိကန် စိုးရိမ်  ရခိုင်ဒေသတိုက်ပွဲ အမေရိကန် စိုးရိမ် Reviewed by သစ်ထူးလွင် on 22:20 Rating: 5
Powered by Blogger.