လာရှိုး-သိန္နီ အဝေးပြေးလမ်းတွင် တပ်မတော် ရိက္ခာပို့ ယာဉ်တန်းကို အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့ တစ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်
ရန်ကုန် ဧပြီ ၁
ရှမ်းပြည်နယ် (မြောက်ပိုင်း) လာရှိုး-သန္နီ ပြည်ထောင်စုအဝေး ပြေးလမ်းမကြီးပေါ်ရှိ သိန္နီမြို့နှင့် ၂၁မိုင်အကွာ နန့်ဇလပ်အနီး ပန်တီး ကျေးရွာတွင်ယနေ့နံနက် ၉နာရီခွဲ က တပ်မတော် ရိက္ခာပို့ယာဉ်တန်းကို အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ က ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် တပ်မတော်မှ ဒုတိယအရာခံဗိုလ် တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း တပ် မတော်နှင့် နီးစပ်သည့်အသိုင်း အဝိုင်းကပြောကြားသည်။
''ဒုအရာခံဗိုလ်တစ်ဦးဒဏ်ရာ ရ လို့ကွမ်းလုံဆေးရုံကို ရောက်နေ ပါတယ်။ ခုပဲခွဲစိတ်ကုသမှုခံယူနေ ပါတယ်။ ပါးချောင်ထဲကို ကျည် ဝင်သွားတာ တစ်ဖက်ကိုတော့ ပေါက်ထွက်မသွားဘူး။ ကျွန်တော့် စခန်းကသတင်းပို့တာတော့သူတို့ လက်နက်ငယ်၊ လက်နက်ကြီးတွေ နဲ့ပစ်တာလို့ပြောတယ်။ပစ်တဲ့အဖွဲ့ တော့မသိရသေးဘူး'' ဟုကွမ်းလုံ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့မှသက်ဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မတ် ၃ဝရက် နံနက်ပိုင်းတွင် လည်းလားရှိုး-သိန္နီမြို့နယ်အကြား ပြည်ထောင်စုလမ်းမကြီးပေါ်တွင် အမည်မသိလက်နက်ကိုင် အဖွဲ့ တစ်ဖွဲ့၏ မိုင်းဆွဲတိုက်ခိုက်ခြင်း ကြောင့် တပ်မတော်သားနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဖေဖော်ဝါရီ ၉ရက်မှ စတင်ဖြစ်ပေါ်ခဲ့သည့် လောက်ကိုင်စစ်ပွဲကာလအတွင်း လားရှိုး-သိန္နီလမ်းပိုင်းတွင် လက် နက်ကိုင်တပ်ဖွဲ့များက တပ်မတော် ယာဉ်တန်းများအား မိုင်းဆွဲတိုက် ခိုက်ခြင်း၊ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း များမှာ ၁ဝကြိမ်ဝန်းကျင်ရှိနေပြီ ဖြစ်ကြောင်း ကွမ်းလုံဒေသခံများ က ပြောကြားသည်။
''ပစ်တဲ့အဖွဲ့က TNLA လို့လဲ ပြောတယ်။ KIA လို့လဲပြော တယ်။ ဘယ်အဖွဲ့လဲမသိသေးဘူး ပေါ့။ အရင်ကလဲ ရဲဘော်တစ်ဦး ကျတယ်''ဟု ကွမ်းလုံဒေသခံ တစ်ဦးကပြောသည်။
အဆိုပါတိုက်ခိုက်မှုဖြစ်ပွားရာ နယ်မြေဒေသသည် တအာင်း (ပလောင်)အမျိုးသားလွတ်မြောက် ရေးတပ်ဦး(TNLA)၊ ကချင်လွတ် မြောက်ရေးတပ်မတော်(KIA)နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA) တို့ လှုပ်ရှားရာဒေသဖြစ် ကြောင်းသိရသည်။
ယင်းတိုက်ခိုက်မှုများနှင့်ပတ် သက်၍ TNLA မှ ပြောရေးဆို ခွင့်ရှိသူကိုမိုင်းအိုက်ကျော်ကို ဆက် သွယ်မေးမြန်းရာ၎င်းက ''တပ်ဖွဲ့ ဘက်ကသတင်းပို့ထားခြင်းမရှိပါ ဘူး။ သတင်းမကြားရသေးပါဘူး။ မတ် ၃၁ရက်က တပ်မတော်ယာဉ် တန်းကိုမိုင်းဆွဲတိုက်ခိုက်ခံရတာ ကိုကြားပါတယ်။ ဒါပေမယ့် ကျွန် တော်တို့ အဖွဲ့မဟုတ်ပါဘူး''ဟု ပြောကြားသည်။
နေထက်ဝေ
The Union Daily
http://uniondaily.net
လာရှိုး-သိန္နီ အဝေးပြေးလမ်းတွင် တပ်မတော် ရိက္ခာပို့ ယာဉ်တန်းကို အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့ တစ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်
Reviewed by သစ်ထူးလွင်
on
12:00
Rating: