အမေရိကန်တွင် ဓာတ်ငွေ့ အဆိပ်သင့်သဖြင့် မိသားစု ၈ ဦးသေ


 အမေရိကန်ပြည်ထောင်စု မေရီလန်ပြည်နယ် မိသားစုဝင် ၈ ဦး ကာဗွန်မိုနိုအောက်ဆိုဒ် ဓာတ်ငွေ့သင့်ပြီး ဧပြီ ၆ ရက်က သေဆုံးသွားပါတယ်။

သေဆုံးသူတွေထဲမှာ ကလေး ၇ ဦးပါဝင်သလို သေဆုံးသူ ကလေးတွေဟာ အသက် ၆ နှစ်အရွယ်ကနေ ၁၆ နှစ်ကြား အရွယ်တွေလို့ ရဲတပ်ဖွဲ့ကိုကားပြီး ရိုက်တာ သတင်းက ရေးပါတယ်။

သေဆုံးမှုဟာ မရိုးမသားပုံစံမျိုးတော့ မတွေ့ရပေမယ့် သေဆုံးရတဲ့အကြောင်းရင်းကိုတော့ ဆေးစစ်ချက် ထွက်လာပြီးမှ တရားဝင်ထုတ်ပြန်မယ်လို့လည်း ပြည်နယ်အာဏာပိုင်တွေက ပြောဆိုပါတယ်။

သေဆုံးသူရဲ့ လုပ်ဖော်ကိုင်ဖက်တဦးက ပျောက်ဆုံးနေတာကို ရဲကို အကြောင်းကြားခဲ့ပြီးတဲ့နောက် အခုလို နေအိမ်မှာ သေဆုံးနေတာကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ရဲကိုအကြောင်းကြားခဲ့လို့ သူနေအိမ်မှာ မိသားစုလိုက်သေဆုံးနေတာကို ရဲက တွေ့ရှိခဲ့တာပါ။

သေဆုံးသူရဲ့ ဆွေမျိုးမိသားစုတွေကို အသိပေးပြီးမှ ကိုယ်ရေး အသေးစိတ် အချက်အလက်ကိုထုတ်ပြန်မယ်လို့ ရဲက ပြောပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no
အမေရိကန်တွင် ဓာတ်ငွေ့ အဆိပ်သင့်သဖြင့် မိသားစု ၈ ဦးသေ  အမေရိကန်တွင် ဓာတ်ငွေ့ အဆိပ်သင့်သဖြင့် မိသားစု ၈ ဦးသေ Reviewed by သစ်ထူးလွင် on 11:03 Rating: 5
Powered by Blogger.