၆ ပွင့်ဆိုင် ဆွေးနွေးပွဲ ကျင်းပ

တွေ့ဆုံပွဲ အဓိပ္ပာယ် ရှိဖို့လိုကြောင်း ဒေါ်စုပြော

သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်၊ ဒေါ်အောင်ဆန်း စုကြည်၊ လွှတ်တော် ဥက္ကဋ္ဌဌ ၂ ဦး၊ လွှတ်တော် မှာ ရှိတဲ့ တိုင်းရင်းသား ပါတီ တွေ က ရွေးထားတဲ့ ကိုယ်စားလှယ် ဒေါက်တာ အေးမောင် တို့ သောကြာနေ့မှာ နေပြည်တော် မှာ တွေ့ဆုံ ဆွေးနွေး ခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတ အရွေးခံလို့ မရ ဖြစ်နေတဲ့ အခြေခံ ဥပဒေ ကိစ္စနဲ့ ရွေးကောက်ပွဲ ရေးတွေ အတွက် ဆွေးနွေးဖွယ် ရှိတယ်လို့ ယူဆရပါတယ်။

နောက်ထပ် လွှတ်တော် အစည်းအဝေး ကျင်းပချိန်မှာ ထပ် တွေ့ဆုံဖို့ သဘော တူညီချက် ရခဲ့ပြီး ဒီစစ်ဘက်နဲ့ နိုင်ငံရေး ခေါင်းဆောင် တွေ သမိုင်းဝင် ဆွေးနွေးပွဲ ပြီးဆုံးခဲ့တယ် လို့ လည်း သမ္မတ ပြောခွင့်ရ ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။

ရွေးကောက်ပွဲတွေ လွတ်လပ်မျှတစွာ ကျင်းပ နိုင်မှ ဒီတွေ့ဆုံပွဲတွေ အဓိပ္ပာယ် ပြည့်ဝမှာ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြား ခဲ့ပါတယ်။

BBC Burmese
http://www.bbc.co.uk/burmese
၆ ပွင့်ဆိုင် ဆွေးနွေးပွဲ ကျင်းပ  ၆ ပွင့်ဆိုင် ဆွေးနွေးပွဲ ကျင်းပ Reviewed by သစ်ထူးလွင် on 19:21 Rating: 5
Powered by Blogger.