ရုရှား နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘော မီးလောင်


ရုရှား နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတစီး ရုရှားနိုင်ငံမြောက်ပိုင်း အာရခ်ဟန်းဂဲ့ လ်စ်ခ် ပြည်နယ်က သင်္ဘောကျင်းမှာ မီးလောင်ခဲ့တယ်လို့ ဧပြီ ၇ ရက်နေ့ ရုရှားသတင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။

ရေငုပ်သင်္ဘောကို ပြင်ဆင်နေတုန်း ခုလို ဖြစ်တာလို့ စက်သတင်းတွေက အစီရင်ခံပေမယ့် အရေးပေါ်ဝန်ကြီးဌာနကတော့ မှတ်ချက်ပေးဖို့ ယဉ်ယဉ်ကျေးကျေး ငြင်းပါတယ်။

“ထိခိုက်သေဆုံးမှု သတင်းစကား မရှိသေးပါဘူး။ ရေငုပ်သင်္ဘောပေါ်မှာ ဘာလက်နက်မှ ရှိမနေဘူး” လို့ သီးခြားသတင်းရင်းမြစ်ကို ကိုးကားပြီး ရုရှားသတင်းဌာန အင်တာဖက်စ်က ဖော်ပြပါတယ်။

တခြား သတင်းဌာနတွေကတော့ သံဂဟေဆော်နေတုန်း မီးက အပူခံပစ္စည်းတွေပေါ် ကျရောက် မီးစွဲလောင်ခဲ့တာလို့ ဆိုပါတယ်။

မီးတောက် မဖြစ်ခင်တည်းက ရေငုပ်သင်္ဘောရဲ့ နျူကလီးယား ဓာတ်ပေါင်းဖိုကို ပိတ်ထား ခဲ့ပြီးပြီလို့ သတင်းရင်းမြစ် တယောက်ကို ကိုးကားပြီး ရုရှားအခြေစိုက် တီအေအက်စ်အက်စ် သတင်းဌာနက ဖော်ပြပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no

ရုရှား နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘော မီးလောင် ရုရှား နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘော မီးလောင် Reviewed by သစ်ထူးလွင် on 16:23 Rating: 5
Powered by Blogger.