နေပြည်တော် ၊ ဧပြီ ၂၅
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့နယ်ခွဲအတွင်း တပ်မတော် စစ်ကြောင်းက နယ်မြေ ရှင်းလင်းရေး ဆောင်ရွက် စဉ် အေပြီ ၂၄ ရက် နံနက် ၆ နာရီခွဲတွင် နောင်းမီးကျေးရွာအနီး တနိုင်း-မြစ်ကြီးနား ကားလမ်း၏ အနောက်ဘက် ၈ ပေခန့် အကွာ၌ မိုင်းကွဲ၍ သေဆုံးနေသော အလောင်း ၂ လောင်းအား တွေ့ရှိခဲ့သည်။
အဆိုပါ သေဆုံးသူများအား စိစစ်ရာ နောင်းမီးကျေးရွာတွင် နေထိုင်သူများ ဖြစ်သော ဘောက်ရာ ၂၆ နှစ်နှင့် ဆိုင်းလီ ၂၇ နှစ်တို့ဖြစ်ပြီး ဖြစ်စဉ်နေရာတွင် အကျယ် ၂ ပေ၊ အနက် ၆ လက်မခန့်ရှိ ကျင်း ၁ ကျင်း ဖြစ်ပေါ်ခဲ့၍ အနီးဝန်းကျင်မှ ဓာတ်ခဲအသေး ၁၂ လုံး၊ ရီမုသုံး စနက်အုံ ၂ ခု၊ ဓာတ်မီး ၂ လက်၊ ကတ်ကြေး ၁ လက်၊ မီးတိပ် ၁ ခွေနှင့် ဓားမြှောင်၂ လက်တို့အား သိမ်းဆည်းရမိခဲ့သည်။
ဖြစ်စဉ်အား စိစစ်ရာ အဆိုပါ သေဆုံးသူများသည် ကေအိုင်အေ (ကချင်)အဖွဲ့မှ သင်တန်းပေးထားသည့် အမာခံ ဖောက် ခွဲရေး သမားများဖြစ်ပြီး တပ်မတော် စစ်ကြောင်းများနှင့် ကားလမ်းတွင် သွားလာနေသော မော်တော်ယာဉ် များအား နှောင့် ယှက်ရန် မိုင်းထောင်စဉ် မိုင်းကွဲ၍ သေဆုံးခြင်း ဖြစ်ကြောင်းနှင့် နောင်းမီးကျေးရွာတွင် မိသားစုများ ရှိကာ လွန်ခဲ့သော ၃ နှစ်ခန့်က ကေအိုင်အေ (ကချင်)အဖွဲ့၏ အတင်းအဓမ္မ လူသစ်စုဆောင်းခြင်း ခံရသူများ ဖြစ်ကြောင်း သိရှိရသည်။
တပ်မတော် စစ်ကြောင်းက သေဆုံးသူများအား နောင်းမီးကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ၎င်းတို့၏ မိဘဆွေမျိုး များထံသို့ လွှဲပြောင်းပေးအပ်၍ ကျေးရွာသင်္ချိုင်းတွင် ဒေသဓလေ့ ထုံးစံနှင့်အညီ ကောင်းမွန်စွာ သင်္ဂြိုလ်ပေးခဲ့ ကြောင်း သတင်းရရှိ သည်။
မြ၀တီ
https://www.facebook.com/mwdmedia
ကေအိုင်အေ (ကချင်)အဖွဲ့မှ မိုင်းထောင်စဉ် မိုင်းကွဲ၍ ၂ ဦးသေဆုံး
Reviewed by သစ်ထူးလွင်
on
04:25
Rating: