RCSS/SSA ယွက်စစ်အဖွဲ့မှ လွိုင်လင်မြို့နယ် ကျေးရွာများမှာ အဓ္ဓမ တပ်သားသစ် စုဆောင်းနေခြင်း (ပေးစာ)


၂၀.၃.၂၀၁၅

RCSS/SSA ယွက်စစ်အဖွဲ့မှ၊ အဖွဲ့ငယ်များသည်၊ လွိုင်လင်မြို့နယ်၊ လွိုင်လင်မြို့တောင်ဘက်ရှိ ကျေးရွာအုပ်စု (၅) အုပ်စုတွင် ကျေးရွာသားများအား ဆင့်ခေါ်စုဆောင်းလျှက်ရှိပါသည်။

ဆင့်ခေါ်စုဆောင်းပုံမှာ- အိမ်ထောင်တစုတွင် အသက်(၁၈)နှစ်နှင့် အသက်(၄၀)နှစ် ကြား ယောကျာ်း ဦးရေ (၄) ဦးရှိပါက (၂)ဦးပေး၊ (၃) ဦးရှိပါက (၁) ဦးပေးရန်၊ ၄င်းတို့ထံသို့  စုဆောင်းရရှိသည့် လူများကို ၁၉.၃.၂၀၁၅ ရက်နေ့နှင့် ၂၀.၃.၂၀၁၅ ရက်နေ့တို့တွင် အရောက်ပို့ပေးရန်၊ ပို့ပေးခြင်းမရှိပါက ရွာတွင်းဝင်ရောက် ဖမ်းဆီးခေါ်ဆောင်မည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုပါသည်။

ပြောဆိုသည့်အတိုင်းလည် အောက်ပါအတိုင်း လုပ်ဆောင်နေပါသည်-
(၁) လွိုင်လင်မြို့နယ်- တောင်နောက်ကျေးရွာအုပ်စု၊ ဒုံဖီ (လုံဖီ) ကျေးရွာတွင်းသို့ ၁၈.၃.၂၀၁၅ ရက်နေ့ညတွင် ၀င်ရောက်ပြီး ရရှိတွေ့ရှိသည့် ကျေးရွာသား (၃) ဦးအား ဖမ်းဆီခေါ်ဆောင်ပါသည်။ ၄င်းတို့ ခေါ်ဆောင်သွားရာလမ်းကြောင်းရှိ - နမ့်ပွန်းကျေးရွာသို့အရောက်တွင် (၂) ဦးထွက်ပြေးလွတ်မြောက်ခဲ့ပါသည်။ လွတ်မြောက်လာသူ (၂) ဦးသည် ၄င်းတို့ရွာသို့ မပြန်ဝံတော့ဘဲ မြို့တွင်းသို့ ၀င်ရောက်ခိုအောင်းတိမ်းရှောင်လျှက် ရှိပါသည်။ ကျန် (၁) ဦးမှာ လွတ်မြောက်လာခြင်းမရှိသေးကြောင်း။

(၂) အလားတူ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့မြောက်ဘက် - ဆနင်းကျေးရွာအုပ်စုအတွင်းတွင်လည်း လူဆင့်ခေါ်စုဆောင်းနေသောကြောင့် ယောကျာ်းအရွယ်ကြီးငယ်များ ဘုန်းကြီးကျောင်းနှင့် မြို့တွင်းသို့ သွားရောက်ခိုလူံနေရပါသည်။

(၃) ၂၀.၃.၂၀၁၅ ရက်နေ့အထိ၊ လွိုင်လင်မြို့တောင်ဘက်ရှိ ကျေးရွာများမှ အရွယ်ရောက်ပြီး လူကြီး လူငယ်များသာမက (၆) နှစ် (၇) နှစ် ယောကျာ်းကလေးများပင်လျှင် မြို့တွင်းသို့ ၀င်ရောက်ခိုလူံနေရပါသည်။

ယခုအခါ RCSS/SSA ယွက်စစ် အဖွဲ့သည်၊ နိုင်ငံတော်နှင့် အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေး ကမ်းလှမ်းရယူနေပြီ ဖြစ်ပါသော်လည်း၊ ၄င်း၏ လက်အောက်ခံ အဖွဲ့များမှ၊ ကျေးရွာလူထု ပြည်သူများအား အဓ္ဓမ စုဆောင် ဖမ်းဆီးခြင်း များ ပြုမူဆောင်ရွက်နေခြင်းကို- ရပ်ဆိုင်းပေးပါရန်  တင်ပြလိုက်ရပါသည်။

ဒေသခံ ပြည်သူများ
ရှမ်းပြည်နယ်၊ လွိုင်လင်မြို့နယ်၊ ကျေးရွာအုပ်စုများ
RCSS/SSA ယွက်စစ်အဖွဲ့မှ လွိုင်လင်မြို့နယ် ကျေးရွာများမှာ အဓ္ဓမ တပ်သားသစ် စုဆောင်းနေခြင်း (ပေးစာ) RCSS/SSA ယွက်စစ်အဖွဲ့မှ လွိုင်လင်မြို့နယ် ကျေးရွာများမှာ အဓ္ဓမ  တပ်သားသစ် စုဆောင်းနေခြင်း (ပေးစာ) Reviewed by သစ်ထူးလွင် on 11:02 Rating: 5
Powered by Blogger.