ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် NNER က ဒေါက်တာသိန်းလွင် ဖေဖော်ဝါရီလ ၇ ရက်နေ့ က ဆော်လမွန်တာဝါမှာ သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ်။ Photo: Thiha Tun/ RFA |
မကြာခင်မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွေ ဖြေဆို ရမှာဖြစ်တာကြောင့် ရဲတပ်ဖွဲ့က တားဆီးထားတာ ကို ဖောက်ထွက်တာတွေ မလုပ်ဖို့ NNER ကိုယ်စား လှယ်တွေက လာရောက်ပြောကြားခဲ့တယ်လို့ ကျောင်း သား ကိုမင်းမင်းဇော် က ပြောပါတယ်။
"၁၀ တန်း စာမေးပွဲရှိတယ်၊ ဒီကြားထဲမှာ မနက် ကလိုမျိုး တစ်ခုခုစပြီးတော့ ကိုယ့်ဘက်ကနေ တိုးချင်လဲတိုးမယ်၊ ဖမ်းချင်လဲဖမ်းကြဆိုတဲ့ဟာ မျိုးဖြစ်သွားမှာဆိုးလို့ သူတို့က ဒီကြားထဲမှာတော့မဆုံးဖြတ်ပါနဲ့ဆိုတာမျိုးပေါ့၊ လွှတ်တော်ထဲမှာလဲ အရပ် ဘက် အဖွဲ့အစည်းတွေကနေ သမ္မတရုံးကိုစာတင်တာပေါ့နော်၊ အရပ်ဘက်အဖွဲ့အစည်းကလဲ သူတို့မှာရှိတဲ့ တချို့အင်အားတွေ သပိတ်စခန်းမှာလာကူညီဖို့ အစီအစဉ်တွေ ရှိတယ်ဆို တော့ သပိတ်အနေနဲ့ ဆန္ဒမစောဖို့ ဒီလိုပုံစံမျိုးတွေပေါ့နော် "
NNER ကိုယ်စားလှယ်တွေဖြစ်တဲ့ ဒေါက်တာသိန်းလွင်၊ ဒေါက်တာညိုညိုသင်း၊ ကိုစိုးထွန်း၊ ဒေါ်သူသူမာ တို့ က ကျောင်းသားသပိတ်ခေါင်းဆောင်တွေကို မနေ့ညက သွားရောက်တွေ့ဆုံခဲ့တာဖြစ်ပါတယ်။
တိုင်းရင်းသားပါတီတွေ နဲ့အရပ်ဖက်လူမှုအဖွဲ့အစည်းတွေက ကျောင်းသား ကျောင်းသူတွေရဲ့ တောင်းဆိုချက်တွေကို ညှိနှိုင်းဖြေရှင်းပေးဖို့ နိုင်ငံတော်သမ္မတထံ မနေ့က မေတ္တာရပ်ခံထားပါတယ်။
ပင်မသပိတ်စစ်ကြောင်းဟာ လက်ပံတန်းမြို့ကနေ သာယာဝတီမြို့ကို ချီတက်ဖို့ ကြိုးစားရာမှာ တားဆီးခံရတာဖြစ်ပြီး လက်ပံတန်းမြို့၊ အောင်မြေ ဗိမာန်ကျောင်းတိုက် အနီး တန် ၂၅၀ လမ်းထိပ်မှာ သပိတ်စခန်းဖွင့် ဆန္ဒပြနေတာ ဒီနေ့ ဆိုရင် ၇ ရက် ရှိပြီ ဖြစ်ပါတယ်။
သပိတ်မှောက်ကျောင်းသားခေါင်းဆောင် ကိုကျော်ကိုကို က ကျောင်းသား၊ ကျောင်းသူ တွေအနေနဲ့ ထိုင်သပိတ်ကို ဆက်လက်ထားရှိသွား မှာဖြစ်ပြီး ပြည်ထောင်စုအစိုးရနဲ့ ဆွေးနွေးညှိနှိုင်းလိုတယ်လို့ ပြောပါတယ်။
BBC Burmese
http://www.rfa.org/burmese/news/nner-urge-not-confront-government-03082015100125.html
အစိုးရနဲ့ ထိပ်တိုက် မလုပ်ဖို့ NNER အဖွဲ့ဝင်များ တိုက်တွန်း
Reviewed by သစ်ထူးလွင်
on
21:22
Rating: