အော့တ၀ါ ၊ ၂၅-၃-၂၀၁၅
ကနေဒါ အစိုးရသည် ဆီးရီးယား နှင့် အီရတ်နိုင်ငံ အတွင်းရှိ ISIS စစ်သွေးကြွ အဖွဲ့ တည်နေရာများကို ဗုံးကြဲ တိုက်ခိုက်မှု တိုးမြှင့်ရန် အတွက် ယင်းနိုင်ငံ များသို့ ဗုံးကြဲ တိုက်လေယာဉ်များ ထပ်မံ ပေးပို့သွားမည် ဖြစ်ကြောင်း နိုင်ငံရေး အသိုင်းအဝိုင်း က မတ် ၂၃ ရက်တွင် ပြောကြားသည်။
ယခုအခါ ကနေဒါနိုင်ငံ၏ စီစဉ်မှုသည် ISIS စစ်သွေးကြွ တို့အပေါ် ဗုံးကြဲ တိုက်ခိုက်မှု ပြုလုပ်နေသည့် အမေရိကန် နိုင်ငံပြီးနောက် ဒုတိယမြောက် နိုင်ငံ ဖြစ်လာကြောင်း သိရသည်။
ထို့ပြင် ISIS စစ်သွေးကြွ တို့အပေါ် ဗုံးကြဲ တိုက်ခိုက်မည့် ကနေဒါ အစိုးရ၏ အစီအစဉ်ကို ဝန်ကြီးချုပ် စတီဗင်ဟာပါ က မတ် ၂၄ ရက်တွင် တရားဝင် ထုတ်ပြန် ကြေညာခဲ့ပြီး ၄င်းတို့၏ စစ်ဆင်ရေး ကာလကိုလည်း ၂ဝ၁၆ ခုနှစ် ဧပြီလအထိ တိုးမြှင့်သွားမည် ဖြစ်ကြောင်း ပြောကြား ထားသည်။
ကနေဒါနိုင်ငံ အနေဖြင့် အီရတ်နိုင်ငံ မြောက်ပိုင်းတွင် ၄င်းတို့၏ အထူးတပ်ဖွဲ့ဝင် ၇ဝ ဦးကို တပ်ဖြန့်ချထားပြီး အမေရိကန် ဦးဆောင်သော ISIS တိုက်ဖျက်ရေး ဗုံးကြဲ တိုက်ခိုက်မှု အတွက် တိုက်လေယာဉ် ခြောက်စင်းကို ကနဦးကပင် ပေးပို့ထားပြီး ဖြစ်ကြောင်း သိရသည်။
PyiChitThar
http://www.pyichitthar.com
ကနေဒါနိုင်ငံက ISIS တို့အပေါ် ဗုံးကြဲတိုက်ခိုက်မှု တိုးမြှင့်မည်
Reviewed by သစ်ထူးလွင်
on
13:20
Rating: