ဗြိတိန်ဆေးကျောင်းသား ၉ ဦး ဆီးရီးယားရှိ ISIS အဖွဲ့နှင့် သွားရောက်ပူးပေါင်း


လန်ဒန် ၊ ၂၃-၃-၂၀၁၅

ဗြိတိန်နိုင်ငံမှ ဆေးကျောင်းသား ကိုးဦးသည် ISIS စစ်သွေးကြွ များ ဖွင့်လှစ်ထားသည့် ဆေးရုံတွင် တာဝန် ထမ်းဆောင်ရန် အတွက် ဆီးရီးယား နိုင်ငံသို့ သွားရောက် ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆေးကျောင်းသား ကိုးဦးတွင် ကျောင်းသား ငါးဦး နှင့် ကျောင်းသူလေးဦး ပါဝင်ပြီး ၄င်းတို့သည် မတ် ၁၂ ရက်က ဆူဒန်နိုင်ငံ ခါတွမ်းမြို့မှ တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ သို့ လေယာဉ်ဖြင့် သွားရောက်ကာ နောက်တစ်ရက်တွင် ဘတ်စ်ကားဖြင့် ဆီးရီးယား နယ်စပ်သို့ ထပ်မံ သွားရောက် ခဲ့ခြင်းဖြစ်ကြောင်း ဆီးရီးယား လူ့အခွင့်အရေး ဆိုင်ရာ လေ့လာ စောင့်ကြည့်ရေး အဖွဲ့က မတ် ၂၁ ရက်တွင် ပြောကြားသည်။

ယခုအခါ ၄င်းကျောင်းသား များသည် အစ္စလာမ္မစ် စစ်သွေးကြွများ ထိန်းချုပ်ထားသည့် Tel A Byad မြို့တွင် ရောက်ရှိနေကြပြီး မကြာမီ ပဋိပက္ခတွင်း ဒဏ်ရာရရှိသူ စစ်သွေးကြွ များအား ဆေးဝါး ကုသမှုများ လုပ်ဆောင် ပေးသွားရန် စီစဉ်ထားကြောင်း တူရကီ အတိုက်အခံ ခေါင်းဆောင် မီဟာမတ်အလီ အဒီဘိုကလူ က မတ် ၂၁ ရက် တွင် ပြောကြားသည်။

တစ်ချိန်တည်း မှာပင် အဆိုပါ ကျောင်းသားများ၏ မိသားစုဝင် များသည် ၄င်းတို့အား အိမ်သို့ ပြန်လာရန် တိုက်တွန်း ကြိုးပမ်းလျက် ရှိကြောင်း သိရသည်။

PyiChitThar
http://www.pyichitthar.com
ဗြိတိန်ဆေးကျောင်းသား ၉ ဦး ဆီးရီးယားရှိ ISIS အဖွဲ့နှင့် သွားရောက်ပူးပေါင်း  ဗြိတိန်ဆေးကျောင်းသား ၉ ဦး ဆီးရီးယားရှိ ISIS အဖွဲ့နှင့် သွားရောက်ပူးပေါင်း Reviewed by သစ်ထူးလွင် on 17:38 Rating: 5
Powered by Blogger.