ဗားကရာချောက်အလယ်ကောင် ယာဉ်ငါးစီးဆင့်တိုက်


ရန်ကုန် မတ် ၂၉

မတ် ၂၈ ရက် ညနေ ၅ နာရီခန့် က ကြည့်မြင်တိုင်မြို့နယ် ဗားကရာ ချောက်အလယ်ကောင် မီးပွိုင့်ဧရိယာ အတွင်း ယာဉ်ငါးစီး ဆင့်ကဲတိုက်မှု ဖြစ်ပွားခဲ့သည်။

အထက် ကြည့်မြင်တိုင်လမ်း အတိုင်း ဗားကရာချောက်ဆီသို့ ယာဉ်မောင်း ကျော်ဇင်သန့် (၂၁ နှစ်)မောင်းနှင်လာသော ရေသန့်ဘူးများ တင်ဆောင်လာသည့် ကင်ဒါ အမျိုးအစား 1E/----- သည် ဗားကရာချောက် မီးပွိုင့်အရောက် တွင် လမ်းပြောင်းပြန်မောင်းနှင်ပြီး ဗားကရာချောက် အလယ်ကောင် အရောက်တွင် တစ်ဖက်ယာဉ်ကြော မှ မောင်းနှင်လာသော ယာဉ်မောင်း ဦးဇော်နိုင်၏DD/-- (အငှား ယာဉ်/အဖြူရောင်)ကို အရှိန်မထိန်း နိုင်ဘဲ မျက်နှာချင်းဆိုင် စတင် ဝင်ရောက်တိုက်မိခြင်းဖြစ်ကြောင်း သိရသည်။

ထိုမှ အငှားယာဉ်DD/---၏ နောက်နှင့် ဘေးမှပါလာသော ယာဉ် မောင်းဦးစိန်သောင်း၏ AA/---(အငှားယာဉ်/အဖြူရောင်)၊ ဦးအုန်း နိုင် မောင်းနှင်လာသည့် 1E/----- (ကိုယ်ပိုင်/အဖြူရောင်)၊ယာဉ်မောင်း စောစိုးမိုးအောင်၏ 4C/---(ကိုယ် ပိုင်/အဖြူရောင်ယာဉ်)တို့ ဆင့်ကဲ တိုက်မိကြခြင်းဖြစ်သည်။

ယာဉ်များ ဆင့်ကဲတိုက်မိမှု ကြောင့် လူများထိခိုက်မှုမရှိသော် လည်း အငှားယာဉ်DD/----၏ ရှေ့ပိုင်းတစ်ခုလုံး ပျက်စီးသွားခဲ့ပြီး ယာဉ်အားလုံး အနည်းနှင့်အများ ပျက်စီးမှုရှိခဲ့သည်။

ယာဉ်ကို မဆင်မခြင်မောင်းနှင် သူ ကျော်ဇင်သန့်အား အရေးယူ နိုင်ရန် ယာဉ်ထိန်းတပ်ဖွဲ့မှ ယာဉ်မှုစစ် ဒုရဲအုပ် အောင်လှိုင်စိုးက ကြည့်မြင်တိုင် မြို့မရဲတပ်ဖွဲ့စခန်း ၌ အမှုဖွင့်ထားကြောင်း သိရ သည်။

ကိုကြီးတင်

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ဗားကရာချောက်အလယ်ကောင် ယာဉ်ငါးစီးဆင့်တိုက် ဗားကရာချောက်အလယ်ကောင် ယာဉ်ငါးစီးဆင့်တိုက် Reviewed by သစ်ထူးလွင် on 05:44 Rating: 5
Powered by Blogger.